Hiden Files တွေကိုရှာချင်ရင်

ဒါလေးကတော့ ကိုယ့်စက်မှာ ဗိုင်းရပ် ကိုက်သွားလို့ပျောက် သွားတဲ့ဖိုင်တွေ... သို့မဟုတ်... Hidden ဖြစ်နေတဲ့ ဖိုင်တွေကို ပြန်ရှာချင်သူတွေအတွက် အသုံးတည့်မယ် ထင်တာလေးပါ.... ပြန်ရှာရလွယ်ကူစေပါတယ် ဖိုင်ဆိုဒ်လဲမကြီးပါဘူး နောက်တခုက Portable ဖြစ်တဲ့တွက် အင်စတော လုပ်စရာမလိုဘဲ သုံးနိုင်ပါတယ်...
ဘာဘဲဖြစ်ဖြစ်ပေါ့လေ ကိုယ်ပျောက်နေတဲ့ဖိုင်တွေ ပြန်ရှာနိုင်တဲ့တွက်... အသုံးဝင်မှာပါ ..

ကဲ လိုအပ်သူတွေ ..ဒေါင်းချင်သူတွေ ဒေါင်းနိုင်ပါပြီး ...

Download Here

အကယ်၍ ဒေါင်းရတာအဆင်မပြေကြရင် ပြောပါ... နောက်တနေရာကနေတင်ပေးပါ့မယ်။

အဆင်ပြေကြပါစေ

Read more

Firefox Add-on

Firefox Browser ကို အမြင်တမျိုးလေးနဲ့ ထင်ဒေါင်းထားတဲ့ပုံလေး မဟုတ်ဘဲ... ခပ်ဆန်းဆန်း ပုံလေးနဲ့ သုံးချင်ကြသူတွေသုံးစေချင်လို့ပါ... ကျနော်တော့ လုပ်ထားတာကြာပါပြီး ခုမှ စိတ်ကူးမိတာနဲ့ အသုံးပြုချင်သူများ အတွက်ပေါ့ .. အောက်ကပေး ထားတဲ့ လင့်လေး ကို ကလစ်ဖွင့်.... Add to Firefox ဆိုတာကိုဒေါင်းလိုက်ပါ.... နောက် အင်စတော ဆိုတာကို ဆက်ကလစ် ပေးလိုက်ပါ... ဖိုင်းယားဖောင့် ကို restart တောင်းပါလိမ့်မယ်.. ပေးလိုက်ပါ ... ဖိုင်းယားဖောင့် ပြန်တတ်လာရင် အမြင်တမျိုးလေး နဲ့ မြင်ရမှာပါ ... ကဲ ... လိုအပ်သူများ စမ်းကြည့်ကြပေါ့ ...

ဒီနေရာကိုသွားပါ

အဆင်ပြေကြပါစေ

Read more

Read more

Portable Nero 9

CD ခွေတွေ တွေ burn ရင်  ဘဲဖြစ်ဖြစ်.... mp3 song တွေကို CD ဘမ်းလိုသူတွေအတွက် အသုံးတည့်မယ် ထင်တာလေးပါ ..
တချို့က Nero မှ နှစ်သက်သူတွေရှိနိုင်တာမို့  အင်စတော လုပ်စရာမလိုဘဲ သုံးနိုင်အောင်တင်ပေးလိုက်တာပါ ..
သုံးနည်းက တော့တော်တော် များများ သိထားနှင့်ကြပြီးမို့ မရေးတင်တော့ဘူး ဗျာ........  လိုအိပ်သူများ ဒေါင်းသွားကြပေါ့...

http://ifile.it/blkqhn7

Read more

Photo converter

ကိုနေညို ရေ တောင်းထားတာလေး ရှာတင်ပေးလိုက်တယ်နော်... ဒေါင်းလို့လွယ်မယ်ထင်တဲ့ နေရာကနေ တင်ထားပေးလိုက်တယ်.... လုပ်နည်းက တော့ ဘာမှ မခက်ပါဘူး Add Picture ဆိုတာကို ကလစ်ဖွင့် ပြီး လိုချင်တဲ့ ပုံကို ရွေး ... ညာဘက်ခြမ်းက Resize ဆိုတာမှာ သင့်ရာ ရွေးပြီး output ကို ကလစ်လိုက်ပါ။

လုပ်ရတာလွယ်ပါတယ်... ဒါကြောင့် အကျယ်မရေးပေးတော့ဘူး ...

Download

Read more

Babylon Pro 8.0.0 r38 Portable

Babylon Pro 8.0.0 r38 Portable

Babylon 8 features:

Single Click activation
Text translation - in 17 languages
Results from the world's leading publishers
Encyclopedias including Wikipedia content
Translations in more than 75 languages
Unit Conversions - Convert currencies, measurements and time
Writing Tools for English
Spelling Alternatives
Translations Web-pages

1 .Downlaod Here

2.Download Here

Read more

Real Hide IP v3.0.0.

အသုံးလိုမယ် ထင်သူတွေအတွက်တင်ပေးလိုက်တာပါ မိမိ မသိစေလိုတဲ့ တချို့ဆိုဒ်တွေကို ၀င်တဲ့ခါ တစုံတရာတော့ အထောက်အကူပြုနိုင်ပါလိမ့်မယ် သုံးရတာ မခက်ပါဘူးလွယ်ပါတယ် ဖိုင်ဆိုဒ်လဲ မကြီးတာမို့ သုံးချင်သူများ စမ်းသပ်သုံးကြည့်ကြပေါ့ သူ့မှာပါတဲ့ Features တွေက တော့ အောက်မှပြထားတဲ့ အတိုင်းပါဘဲ လိုအပ်သူများ ဒေါင်းသွားနိုင်ပါတယ်

Key Features

• Easily Conceal Your IP Address

• Anonymous Web Surfing

• Advanced Application Support

• Protect Your Identity and Stop Hackers

• Un-ban Yourself From Forums, Blogs, Etc...

• Prevent websites from tracking your online activities

• Quickly delete all Internet Explorer and FireFox cookies

• Automatically clear your cookies each time your IP changes

ဒေါင်းလို့ အဆင်ပြေနိုင်မယ် ထင်တဲ့နေရာက တင်ထားပေးလိုက်ပါတယ်

အဆင်ပြေကြပါစေ

Download Here

Read more

Adobe Photoshop CS4 Portable.rar

Blog ဘက်ကို မအားလပ်တာကြောင့်မရောက်ဖြစ်တာပါ ဒီနေ့တော့ နဲနဲလေး အချိုန်၇တာကြောင့် အသုံးတည့်မယ်ထင်တာလေး ရေးတင်ပေးလိုက်တယ် Portable Photoshop လေးပါ .. လိုအပ်သူများ ဒေါင်းပြီးသုံးကြည့်ကြပေါ့ဗျာ... အသေစိပ်တော့ ရေးမတင်တော့ဘူး .. ကျနော်ကိုယ်တိုင်လဲ အကုန်မသိသေးတာကြောင့်လဲပါလို့ပါ .... Portable ဖြစ်တာကြောင့် အချိုန်မရွှေး ပြန်ဖျက်နိုင်သလို စက်ကိုလဲ မလေးစေဘူးပေါ့ဗျာ.... ကဲ စမ်းသပ်ကြည့်ကြပေါ့ဗျာ..

Adobe Photoshop CS4 Portable.rar

အဆင်ပြေကြပါစေ

Read more

DVD Styler_1.7.3 ( Portable )

ကိုယ့်စက်ထဲမှာ ဒေါင်းထားတဲ့ ဗွီဒီယို တွေကို DVD အဖြစ်ပြောင်းချင်ရင် ဒါမှမဟုတ် DVD လုပ်ချင်သူများ အတွက် စမ်းသပ်လုပ်ဆောင်ချင်ကြတယ် ဆိုရင် သုံးကြည့်နိုင်အောင်တင်ပေးလိုက်တာပါ။ Portable ဖြစ်တဲ့အတွက်ကြောင့် လိုမှသာ ဖွင့်သုံးနိုင်ပါတယ် ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ စမ်းသပ်သုံးကြည့်ကြပါ မနှစ်သက်တော့လဲ ပြန်ဖျက်ရတာလွယ်ပါတယ်။

DVD Styler Portable

အဆင်ပြေကြပါစေ

Read more

spyware Cease V 5.0.2

ခုတလော အမားလပ်တာကြောင့် ဘလော့ဘက်ကို မရောက်ဖြစ်တော့တာပါ လာရောက်လည်ပတ်ကြတဲ့ သူတွေကိုလဲ ကျေးဇူးတင်ပါတယ်.. ဒီနေ့တော့ အချိုန်လေး နဲနဲရတာကြောင့် ပြန်ဝင်ဖြစ်တာပါ။

ကျနော်ကိုယ်တိုင်လဲ ခုတလောနှစ်သက်မိတာ ထဲက Portable Spyware Cease ဆိုတဲ့ ဗိုင်းရပ်တချို့ကို ရှင်းပေးနိုင်တဲ့ ဆော့ဝဲလ် လေးပါ.... ကိုယ်တိုင်လဲ သုံးနေပါတယ်... နှစ်သစ်မဲ့သူများ လိုအပ်ရင် စမ်းသပ်သုံးကြည့်ကြပါ ... Portable ဆိုတဲ့တိုင်း လိုအပ်မှ ဖွင့်သုံးနိုင်ပါတယ်။

ဒေါင်းလို့ အဆင်ပြေမယ် ထင်တဲ့ နေရာကနေ တင်ပေးထားပါတယ်။ တကယ်လို့ အဆင်မပြေတော့လဲ တခုခုပြောထား ပေးခဲ့ကြပေါ့ဗျာ...

Download From Mediafire

Read more

Keygen ရှာဖွေနိုင်တဲ့ ဆော့ဝဲလ်

ကွန်ပျူတာသုံးတဲ့ သူတိုင်းတခါတလေတော့ ကိုယ့် ကွန်ပျူတာမှာ ကိုယ်သွင်းထားတဲ့ Software တွေများလာတော့.. ဘယ် ဆော့ဝဲလ် ကို ဘာကီးထည့်ထား မှန်းမသိကြ မမှတ်မိကြပါဘူး ဒီအတွက် ကီးတွေကို ပြန်ရှာချင်တယ် .. မှတ်ထားချင်တယ်ဆိုရင်... ရှာနိုင်တဲ့ ဆော့ဝဲလ် တခုမျှဝေလိုက်တာပါ။

ကျနော်လဲ ဖြစ်ဘူးတယ်လေ... တခါတလေ ဘယ်ဆော့ဝဲလ် မှာ ဘာကီးထည့်ထားမှန်းကို မသိတာ ဒီတော့ ဒီကောင်လေးက အသုံးဝင်တယ်ဗျာ.. ဥပမာ ပေါ့ဗျာ.... ကိုယ် ၀င်းဒိုးတင်တုံးက ထည့်ထားတဲ့ကီး နောက် ၀င်းဒိုးပြန်တင်ချင်တယ်ဆိုတော့ မသိတော့ဘူးဗျ... ခု ဒီဆော့ဝဲလ်လေး က ကိုယ့် ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Keygen ကို သူက ရှာဖွေပေးနိုင်တယ်လေ ဒါကြောင့် လိုအပ်တဲ့သူ တွေ သုံးချင်သုံးကြည့်ကြပါ ဖိုင်ဆိုဒ်လဲ မကြီးပါဘူး ..

တချို့နေရာ ကွန်နက်ရှင်အခက်အခဲကြောင့် ဒေါင်းလုပ် အဆင်ပြေအောင်... နေရာ ၂ခုကတင်ပေးထားတယ် .. နှစ်သက်ရာ နေရာက ဒေါင်းနိုင်အောင်ပါ။

Download From Fileden

Download From Ifile

အဆင်ပြေကြပါစေဗျာ.. biggrin

Read more

င်္Finding For Keygen

Gtalk ကနေ Youtube ကိုကြည့်ကြမယ်

Gtalk ကို တော်တော်များများ အသုံးပြုကြတာများပါတယ်.. ခုပြောမှာကလဲ ဂျီတောကနေ ချတ်နေရင်း ကနေ တခြား သူငယ်ချင်းတွေ နဲ့ Youtube က နေသီချင်းဗွီဒီယို လေးတွေပါကြည့်နိုင်တဲ့ နည်းလေးပါ .... တနေ့က မြန်မာက သူငယ်ချင်း တဦးပြောပြ တာကို ကူညီရင်း တခြား မသိသေးသူတွေ လဲ သိစေချင်တာကြောင့် မျှဝေတင်ပေးလိုက်တာပါ။ သိထားနှင့်သူ များတော့ ဒီအဆင့်လေး ကို ကျော်သွားကြပေါ့.. ဗျာ razz

ဒီပုံလေးကို ကြည့်ရင် သိမှာပါ ဂျီတောက နေ ယူကျူ့လင့်လေး တင်ပေးလိုက်ရင် တဘက်က ကိုယ်ချတ်နေတဲ့ သူငယ်ချင်း ဘက်မှာ ကလစ်ပြီး ကြည့်နိုင်မှာပါ။

အထူးသဖြင့် မြန်မာ ကနေ အွန်လိုင်း တတ်လာတဲ့သူငယ်ချင်း တွေ အတွက် တော်တော်အဆင်ပြေနိုင် မယ်ထင်ပါတယ်.....

ကဲ.. လုပ်နည်းလေး ပြောပြကြည့်မယ်...

အဓိက လိုအပ်မှာကတော့ Gtheme Version 2.0 rar ဖိုင်လေးဘဲလိုမှာပါ... မရှိသေးရင် ဒေါင်းလိုက်ပါ။
ဒေါင်းလုပ် လုပ်ပြီးရင် အင်စတောလုပ်ဘို့တွက် Install.exe ဖိုင်လေးကို ဖြေပြီး အင်စတောလုပ်ပေးလိုက်ပါ။ တခုတော့ လုပ်ထားဘို့လိုမယ်ဗျာ.... ဖွင့်ထားတဲ့ ဂျီတော ကို တော့ ပိတ်ထားပေးရပါလိမ့်မယ်။ အားလုံးလုပ်ပြီး သွားပြီးဆိုရင်တော့ ဂျီတော ကိုပြန်ဖွင့်ပြီး Setting ကို သွားပါ ။ Setting ထဲက Apperance ဆိုတာကို ရှာပါ.. အဲဒီမှာ Sravi Chat Theme ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် Gtheme Version ကို လုပ်ဆောင်ခြင်းအပိုင်းပြီးဆုံးသွားပါပြီး။

ဒါပေမဲ့ .. Gtalk chat Window မှာ အသုံးပြုချင်ရင်တော့ .. ရှေကနေ ကုတ်တချို့ခံပေးမှ အသုံးဝင်ပါလိမ့်မယ် ။

  • Youtube Video ကို အသုံးပြုချင်တယ်ဆို ရင် sarvi:utube: < ဒီမှာလင့်ထည့်ပေးပါ>

  • Google Video ကို အသုံးပြုချင်တယ် ဆိုရင် sarvi:gvideo:<ဒီမှာလင့်ထည့်ပေးပါ>

အပေါ်မှာ ကျနော်တင်ထားတဲ့ ပုံလေးက အောက်က ကုတ်အတိုင်း လေးတင်ထားတာပါ.....

sravi:utube:

ကျနော်သုံးကြည့်ထားသလောက်တော့ Google Video, Youtube အပြင်တခြား TV Channel နဲ့ Radio Channel တွေကိုလဲ ကြည့်နိုင်ပါတယ်။

တခုတော့ ရှိတာပေါ့ဗျာ... တဘက် ကိုယ့်သူငယ်ချင်း ဘက်မှာ လဲ အထက်က Gtheme ကိုတော့ အင်စတော လုပ်ထားဘို့တော့ လိုမှာပါ။ ဒါဆိုရင် အထူးသဖြင့် မြန်မာပြည်က နေ ဂျီတောချတ် နေကြတဲ့ သူငယ်ချင်းတွေ Youtube က သီချင်းတွေကိုကြည့်နိုင်ပါလိမ့်မယ်။

အကယ်၍ Gtalk Background လေးပါ ပြောင်းသုံးချင်သေးတယ် ဆိုရင်ပေါ့.. ဒီအတိုင်းဝင်ပြင်ပေးလိုက်ကြည့်ပါ။

Start >>> All Program >>> Gtheme >>> Change Background ကို အဆင့်ဆင့် ကလစ်သွားပြီး ကိုယ်နှစ်သက်ရာပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ ပုံဆိုဒ်ကိုတော့ 300 x 225 လောက်ဘဲထားပေးသင့်ပါတယ်.. သိပ်ကြီးသွားမယ် ဆိုရင်တော့ ပုံ မဆန့်နိုင်မှာမို့ပါ။

Emotion Icon တွေပါ သုံးချင်တယ် ဆိုရင် တော့ အရင်ဒေါင်းထားတဲ့ ဖိုင်မှာ Readme.txt ဖိုင်လေးကို ကလစ်ဖွင့်ပြီး နှစ်သက်ရာ အိုင်ကွန်လေး တွေတွဲသုံးနိုင်ပါတယ်။

--->>> Dwonload Gtheme Version 2.0 <<<---

--->>> ifile မှ ဒေါင်းလိုသူများ ဒီနေရာ ကနေဒေါင်းနိုင်ပါတယ်။

နားလည်သလောက်ရေးလိုက်တာပါ... ကျနော့်ရေးသားချက် ကြောင့် မရှင်းတာရှိလဲ စီဘောက်မှာ အော်ထားခဲ့ကြပေါ့ဗျာ..

အဆင်ပြေကြပါစေ mrgreen

မြန်မာနိုင်ငံမှ ဂျီတောအသုံးပြုသူ သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေ

Reply For Cbox

C.box မှာမေးထားတဲ့ Shwebo အတွက် အသေးစိပ်တော့မဖြေပေးတော့ဘူးနော်... ဒေါင်းလို့ ရနိုင်တဲ့ နေရာကနေ တင်ပေးလိုက်ပါတယ်။ လုပ်ဆောင်နည်းကတော့ ရေးထားပေးပြီးသားဖြစ်လို့ ထပ်မရေးလိုက် တော့ဘူးဗျာ.. Download Here ဒီမှာဒေါင်းကြည့်လိုက်ပါ။

အဆင်ပြေပါစေ

Read more

Translate a web page

ခုတလော မအားတာရယ်ကြောင့် ကိုယ့်ဘလော့ ကိုတောင် ၀င်မကြည့်ဖြစ်သလို.. ဘာမှတောင်မရေးဖြစ်သလို ဖြစ်နေတယ်... လာလည်ကြတဲ့မိတ်ဆွေ သူငယ်ချင်းတွေလဲ ဖတ်စရာ အသစ်မရှိတော့ပျင်းနေမှာ ဘဲတွေးမိလိုက်တာနဲ့Yahoo ဘာသာပြန် Link သုံးနည်းလေး မျှဝေပေးလိုက်တာပါ .. တခါတလေ အင်တာနက်တော့ရှိတယ်. တခြားဝပ်ဆိုဒ် တွေကို သွားရင်... ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့မြင်လိုက်တော့ ဖတ်လဲဖတ်ချင်တယ် နားမလည်တော့ ပြန်ထွက်လာခဲ့ရတာပေါ့.. ကျနော်ကိုယ်တိုင်လဲ ဖြစ်ခဲ့ဘူးတယ်လေ .. ဒါကို မသိသေးသူတွေ အဆင်ပြေစေချင်တာကြောင့် .. မျှဝေပေးလိုက်တာပါ။

ဒီပုံလေးကို ကြည့်လိုက်ပါ။ ကိုယ်မသိတဲ့ ဘာသာစကား ကို... လင့် ထည့်ပေးလိုက်ပြီး ချိုန်းနိုင်တယ်..

ဥပမာ အနေဲ့ လင့်တခုကို ထည့်ထားပြတာပါ.. တကယ်ကိုယ် မသိတဲ့ ဘာသာစကားကို အင်္ဂလိပ်ဘာသာ ကို ပြန်ချိုန်းလိုက်တော့ ဖတ်ရတာ အဆင်ပြေနိုင်တာပေါ့ဗျာ.. သူ့မှာ ဘာသာစကားတော်တော်များများ ကို ပြောင်းလဲသုံးနိုင်တယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ... သိထားသူများ တွက်တော့ ဒီအဆင့်ကိုကျော်သွားနိုင်ပေမဲ့ မသိသေးသူ တွေတွက်တော့ အသုံးဝင်နိုင်ကောင်းမယ် ထင်ပြီး ဝေမျှပေးလိုက်တာပါ ...

အကယ်၍များ ဘာသာစကား တခုခုကြောင့် အခက်အခဲ ကြုံရင် ဒီနေရာ လေးမှာ သွားပြီး လိုအပ်သလို ဘာသာပြန်နိုင်ကြပါတယ်။

Read more

Google Earth Portable

ဘလော့ ဘက်ကိုတောင်မရောက်ဖြစ်ဘဲ မရေးဖြစ်တာတောင်နဲနဲ ကြာသွားတယ်....ဗျာ.. ဘာရယ်လို့မှတော့ ထူခြားတာမရှိပါဘူး ..ယောင်နေတာဘဲများနေတာ ထင်တယ်:P ခုတော့ ရေးချင်စိတ်လေးပေါ် လာတဲ့.. ခုလေးတင်ကို သိချင်တာလေးရှိတာကြောင့် Google Earth ကိုသုံးရင်း ... အင်း တချို့စက်လေး မှာစိုးလို့ဆိုပြီး သုံးချင်တာတောင် မသုံးတဲ့သူတွေတွက်.. Portable လေးတင်ပေးလိုက်တာပါ... ကိုယ်တိုင်သုံးနေတာတော့ကြာပါပြီး သုံးချင်သူများလဲ ကိုယ့်လိုသုံးချင်တဲ့ချိုန်လေး ..အားလပ်ချိုန်လေးမှာ သုံးနိုင်အောင်ပါ... ကဲ လေရှည်သွားတယ်ဗျာ...နော်

အထက်က ပုံလေးကိုကြည့်လိုက်ပါ Google Earth ဆော့ဝဲလေးကပုံလေးပါ အင်စတောလုပ် စရာ မလိုဘဲ သုံးချင်တဲ့ချိုန် ဖွင့်သုံးနိုင်သလို စက်အတွက်လဲ Free Space မထိခိုက်ဘူးပေါ့ ဗျာ... သိပြီးသူများတော့ .. ကျော်သွားကြပေါ့ ဗျာ..နော် mrgreen မရှိကြသေးသူများ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်...နော် rolleyes

Download For Google Earth Portable

အဆင်ပြေနိုင်ကြပါစေ..ဗျာ
biggrin

Read more

Portable Google Earth V4.3.7

အထက်က ပုံလေးကိုကြည့်လိုက်ပါ Google Earth ဆော့ဝဲလေးကပုံလေးပါ အင်စတောလုပ် စရာ မလိုဘဲ သုံးချင်တဲ့ချိုန် ဖွင့်သုံးနိုင်သလို စက်အတွက်လဲ Free Space မထိခိုက်ဘူးပေါ့ ဗျာ... သိပြီးသူများတော့ .. ကျော်သွားကြပေါ့ ဗျာ..နော် mrgreen မရှိကြသေးသူများ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်...နော် rolleyes";})();ButtonMouseDown(this);'>";})();ButtonMouseDown(this);'>

Download For Google Earth Portable

အဆင်ပြေနိုင်ကြပါစေ..ဗျာ biggrin

Read more

19th July ( 62th Anniversary Martry Day )

ဂျူလှိုင် ( ၁၉ ) ရက်နေ့မှာ ကျရောက်မယ့်... အာဇာနည်နေ့ အမှတ်တရအဖြစ် .. တင်လိုက်တာပါ. နိုင်ငံနဲ့ လူမျိုးအတွက်.. အသက်စွန့်ပေးဆပ်သွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိလားကြပါစေ။ လွပ်လပ်ရေး အတွက် အသက်သွေး ချွေးတွေနဲ့ရင်းပြီး အမိမြန်မာပြည်ကို တိုင်းတပါးလက်ထဲကနေ လွပ်လပ်ရေး ရအောင်ယူပေး ခဲ့ကြပေမဲ့.. လွပ်လပ်ရေး ရဲ့ အရသာကိုခံတောင်မခံ စားသွားနိုင်ကြတဲ့ .. အာဇာနည်
ခေါင်းဆောင်ကြီးများကို .. ဦးညွတ်ဂုဏ်ပြုရင်းးးးး နှစ်သက်မိတဲ့ပုံလေးကိုတင်လိုက်တာပါ။

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။

ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။

သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။

သခင် မြ (၁၈၉၇ - ၁၉၄၇)

သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။

ဦးဘချို (၁၈၉၃ - ၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။

ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ အစ္စလာမ် ဘာသာ ကိုးကွယ်သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။

မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။

မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။

ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။

ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။

Read more

mmm

ဗျူဟာ ပေါ်လစီ စမ်းစစ်ချက်

ကျနော်တို့ မြန်မာတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းချက်တခုမှာ “မူ” သို့မဟုတ် ပေါ်လစီထက် “လူ” ကို ခင်တွယ်တာ “ပို” ကြတယ်။ ဒါကြောင့် ဒေါ်စုက အကြမ်းမဖက်တဲ့ ဝါဒ Non-Violence ကို ဦးစားပေးတယ်ဆိုတာနဲ့ လူတိုင်း အကြမ်းမဖက်တဲ့ ဝါဒီတွေ ဖြစ်ကုန်ကြရော။ ဒေါ်စုနဲ့ ပတ်သက်တယ် ထင်ရင်ပဲ “ရလဒ်” ကို မဆန်းစစ်ချင်ကြတော့ဘူး။ အကြမ်းမဖက်တဲ့ ဝါဒဆိုတာ ခံယူချက်၊ ပေါ်လစီ မဟုတ်ပါ။

အကြမ်းမဖက်တဲ့ ဝါဒအပေါ် အခြေခံပြီး စေ့စပ်ရေးလမ်းကြောင်း ပေါ်လစီကို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂ ယူအင် - UN ကိုချည်း အားကိုးနေ၍ မရနိုင်ပါဘူး။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဖိအားပေး၊ ကုလသမဂ္ဂက လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးမယ်ဆိုပြီး ရာဇသံပေးလို့ နအဖ ဗိုလ်ချုပ်တွေကို စည်းဝေးဝိုင်းအတွင်း ဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီပဲ။

ပေါ်လစီ ဖော်ဆောင်မှုမှာ အားနည်းတာလား၊ ပေါ်လစီကိုယ်တိုင်က အားနည်းတာလား၊ ဆိုတာကို ဘယ်သူကမှ ဆန်းစစ်ဖို့ သတိမရှိခဲ့ကြဘူး။

နအဖ က “အချိန်” ကို ရတဲ့နည်းနဲ့ ဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် သုံးခဲ့တာ အနှစ် ၂၀ ကြာတော့ “လူ” တွေလည်း ခြေကုန်လက်ပန်းကျ၊ တိုင်းပြည်လည်း မွဲသထက်မွဲ၊ မြန်မာပြည်သားတွေလည်း တကမ္ဘာလုံး ပြန့်ကြဲကုန်၊ နိုင်ငံရေးသမား အများစုဟာလည်း ထောင်ထဲရောက်ကုန်ပြီ။

နအဖ ဗိုလ်ချုပ်တွေကတော့ အလှည့်ကျနည်းနဲ့ တိုင်းပြည် သယံဇာတတွေကို ရောင်းစားရင်း ချမ်းသာကြွယ်ဝပြီး၊ မြန်မာစစ်တပ်ဟာ ကြီးထွားလာရုံမက အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိတယ်။

နအဖ က ပြည်တွင်း အတိုက်ခံတွေကို အနိုင်ကိုင်နိုင်ပြီလို့ ယူဆပုံရတယ်။ နောက်တဆင့် ရေနံနဲ့ ဓာတ်ငွေ့ကရတဲ့ ငွေတွေနဲ့ စစ်အင်အားကို ချဲ့ကာ ဒေသဆိုင်ရာ စစ်အင်အားကြီးနိုင်ငံ ဖြစ်ရအောင် ချီတက်လျက်ရှိတယ်။

မကြာခင် အနှစ် ၂ဝ အတွင်းမှာ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေသာမက အရှေ့တောင်အာရှ ဒေသတခုလုံးကိုပါ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်။ အားလုံးအတွက် ပြဿနာ ဖြစ်လာပါလိမ့်မယ်။

ဒေါ်စုရဲ့ ပြဿနာ

ကျနော့်အမြင်အရ ဒေါ်စုကို ထိပ်တန်းကို တင်ပို့လိုက်တာ ဒေါ်စုရဲ့ သတ္တိနဲ့ ဒီမိုကရေစီ ယုံကြည်ချက်အပြင် အကြမ်းမဖက်တဲ့ဝါဒ Non-Violence ကို ထိပ်တန်းတင်လာတဲ့အတွက် အနောက်နိုင်ငံက တက်ကြွလှုပ်ရှားသူတွေ Activists တွေ အကြိုက် ဖြစ်သွားတယ်။ ဒါကြောင့် နိုဘယ်ဆုရအောင် ဝိုင်းထမ်းတင်ပေးလိုက်ကြတယ်။ ဒီဆုကြီးကြောင့် ကိုင်ထားတဲ့ ဝါဒကို ပစ်ပယ်လို့ မရတော့ဘူး။ ဒီနည်းနဲ့ နအဖ ကို တိုက်လို့မရကြောင်း သိရင်တောင် ဒီလမ်းက သွေဖည်ဖို့ အခက်ဖြစ်နေတယ်။ Activists ဆိုတာ တာဝန်ယူမှု မရှိဘူး။ အရွေးခံရတဲ့ နိုင်ငံရေးသမားတွေနဲ့ ပေါ်လစီကိုင်သူ Policy makers တွေရဲ့ တာဝန်ကိုး။

ဒေါ်စုက ဘာသာရေးကြည်ညိုစိတ် ပြင်းပုံရတယ်။ ဂျပန်က ပညာရှင်တယောက်က ဒေါ်စုနဲ့ အင်တာဗျူးလုပ်ပြီး ပြန်ရေးပြထားတဲ့ အထဲမှာ ဒေါ်စုဟာ ဘာသာရေးနဲ့ ကြည့်ပြီး “ အမှန်တရား” က “ မကောင်းမှုအမှား” ကို ကျော်လွှား အနိုင်ယူမယ်လို့ မြင်ပုံရတယ်လို့ သုံးသပ်ထားတယ်။ လက်တွေ့မှာ အာဏာနဲ့ စည်းစိမ်အတွက်ဆိုရင် “ဘာသာ” လည်း မရှိ၊ တိုင်းပြည်နဲ့ လူမျိုး ချစ်စိတ်လည်း မရှိ၊ တိုင်းပြည်ကို ရောင်းစားရမှာလည်း မကြောက်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို “အမှား”၊ “အမှန်” တခုထဲနဲ့ အနိုင်ယူဖို့၊ မေတ္တာသစ္စာနဲ့ပဲ အနိုင်ယူဖို့ဆိုတာ လက်တွေ့ကျပါ့မလားလို့ မေးစရာရှိတယ်။

စတာလင်တို့၊ မော်စီတုံးတို့ဆိုတာ အာဏာအတွက် ကိုယ့်လူမျိုးတွေကို သန်းပေါင်း ဆယ်ဂဏန်းမက သတ်ခဲ့ကြတဲ့ လူသတ်ကောင်တွေပဲ။ ဒါပေမဲ့ အာဏာလက်ကိုင် ဘဝနဲ့ သေဆုံးသွားကြတော့ သူရဲကောင်းတွေအဖြစ် သေသွားကြပြီး အခုမှ ရာဇဝင်က တဖြည်းဖြည်း ဖော်လာကြရတာပဲ။ အာဏာရှင်ဆိုတာ ဆန့်ကျင်ရုံနဲ့မရ တော်လှန်မှ ရတာကိုး ။ မော်စီတုံးပြောသွားသလို အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုတာကို တရုတ်တွေဆီက နအဖ ဗိုလ်ချုပ်တွေက လက်ခံ ဆည်းပူးထားပုံရတယ်။

ဒေါ်စုဟာ စိတ်ကောင်း ရှိလွန်းတယ်။ မိခင်စိတ် ရှိလွန်းတယ်။ ဒါကြောင့် မရက်စက်ချင်ဘူး။ ဖြစ်နိုင်ရင် ခွင့်လွှတ်ချင်တယ်။ ဒိအပြင် ကိုယ့်လူငယ်တွေကို ရက်ရက်စက်စက်၊ ပြတ်ပြတ်သားသား မစွန့်လွှတ် မစတေး ရက်ဘူး။

စိတ်ကောင်းရှိတဲ့  အကြမ်းမဖက်တဲ့ ဝါဒကို ယုံကြည်မှုပြင်းတဲ့ ဒေါ်စုကို ကျနော် နားလည်တယ်။ သူ အနာခံ ဆန့်ကျင်ပြတာကို ကျေးဇူးလည်း တင်တယ်။ အမေရိကားမှာ သမ္မတကြီး ငြင်းဆိုခွင့် Plausible Deniability ရှိအောင် တခါတရံ သမ္မတကို တမင်အသိမပေးဘဲ အောက်က လုပ်ရတာတွေ ရှိတယ်။ ဒီလိုပဲ ဒေါ်စုကို ဒီမိုကရေစီ ပုံရိပ်အဖြစ် လူတွေ တက်ကြွလာအောင် နှိုးဆော်ပေးနိုင်တဲ့ ခေါင်းဆောင် Inspirational-Leader အဖြစ် ထိပ်မှာတင်ထားပြီး၊ မလုပ်မဖြစ်တဲ့ Grass-Root အောက်ခြေလူတန်းစား စည်းရုံးရေးနဲ့ အင်အား တည်ဆောက်ဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ မြင်မိတယ်။ ဒီ “အင်အား” နဲ့ တောခြောက်ပြီး၊ အဖြေရှာပြီးတော့မှ ထိပ်မှာနောက်ဆုံး ညှိနှိုင်းဆွေးနွေးကြရင် ကျနော်တို့ခေါင်းဆောင် ဒေါ်စုပဲ “အဖြေရှာ” ရမှာပဲ။ ဒါကြောင့် နောက်ဆုံးပန်းတိုင်ကို ဒေါ်စုသာ လျှောက်နိုင်ပါတယ်။ Only Daw Suu can walks the last mile လို့ ကျနော် အခါခါ ရေးပြခဲ့တာပေါ့။

“အင်အား” မတည်ဆောက်နိုင်သရွေ့၊ တောမခြောက်နိုင်သရွေ့၊ အနောက်နိုင်ငံတွေက ဟန်ဆောင်ခြိမ်းခြောက်လိုက်၊ လိုအပ်ရင် တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ဟန့်တားလိုက်၊ နအဖ က အတိုက်အခံ ဟူသမျှကို ဖမ်းပြီး နှစ်ရှည်လများ ထောင်ထဲမှာ ထည့်ထားလိုက်နဲ့ အချိန်ကိုဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် အသုံးပြုပြီး ကိုမင်းကိုနိုင်တို့လည်း နှစ် ၆ဝ ကျော်၊ ဒေါ်စုလည်း နှစ် ၈ဝ ကျော် ရောက်ကုန်မယ်။ ကျနော်တို့ အားလုံး သဘာဝ တရားအရ တဖြည်းဖြည်း ခန္ဓာကြွေကုန်ကြမယ်။

စိတ်ဓာတ်ကျစရာမဟုတ် အရှိကို အရှိအတိုင်း မြင်တတ်ဖို့သာ လိုပါတယ်။

လက်ရှိအခြေအနေမှာ အတိုက်အခံဟာ ‘အားနည်းတယ်’။ ဒါကို စိတ်ဓာတ်ကျစရာ မလိုပါ။ ဘာကြောင့် အားနည်းသလဲဆိုတာကို ကြည့်မြင်တတ်ရင် ဘယ်လို ‘အားရှိ’ အောင် လုပ်မလဲဆိုတာကို ‘အဖြေ’ ရှာရမယ်။ End Game ဆိုတဲ့ နောက်ဆုံး ရည်မှန်းချက်က ဘာလဲဆိုတာကို သိရမယ်။ သိမှ ‘ဗျူဟာ’ ကို ပြင်ချင်ရင်ပြင်၊ ဖြည့်စွက်ချင်ရင် ဖြည့်စွက်ပေါ့။ ‘လိုချင်’ တဲ့ စိတ် ရှိဖို့ လိုတယ်။ လိုလျှင်ကြံဆ နည်းလမ်းရတာပေါ့။

နိုင်ငံရေးသမားဆိုတာ

မြန်မာ့လွတ်လပ်ရေးသမိုင်းကစလို့ ဒီကနေ့အထိ မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ရင် နိုင်ငံရေးသမား တွေ၎င်း၊ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အများစုဟာ ပြဿနာတခုဖြစ်ရင် ဝုန်းဆို ကောက်ရိုးမီးလို ထတောက်ကြပြီး၊ စိတ်အလိုလိုက်တတ်ကြတယ်။ ရေတက်နေတဲ့ အချိန်မှာ ဆူကြပူကြ ဖြစ်ကြပြီး၊ သွေးအေးသွားရင် ဖုတ်ဆို ပြုတ်ကျ၊ စိတ်ဝင်စားမှု မရှိကြတော့ဘူး။ အထူးသဖြင့် စိတ်လှုပ်ရှားမှုဖြစ်ပြီး၊ စိတ်အလိုလိုက် Emotional ဖြစ်တတ်ကြတယ်။ လူအုပ်များလာရင် လူအုပ်စိတ်ဓာတ် Mob Mentality ဝင်လာပြီး တယောက်ယောက်က ထအော်လိုက်ရင် “ဟေ့လာ … မောင်ရိုးဝါး” ဆိုပြီး ထလိုက်သွားတတ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေဟာ ဖရိုဖရဲနဲ့ လူအုပ်နောက် ပါသွားတတ်ကြတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမား အများစုဟာ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ် “ပလင်” ကောင်းကောင်းနဲ့ တဆင့်ပြီး တဆင့်၊ ခြေလှမ်း တချက်ပြီး တစ်ချက် ခြေလှမ်းညီညီ မလှမ်းတတ်ကြဘူး။ ဒါက နိုင်ငံရေးသမားတွေရဲ့ (အားနည်းချက်)ပဲ။

ဒါကြောင့် နိုင်ငံရေးသမားတွေတွေးပုံက လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ အတင်းဝင်၊ အတင်းတက်၊ အတင်းအော်ကြပေါ့။

စစ်သားဆိုတာ

စစ်သားဆိုတာက စစ်သား ‘စ’ ဖြစ်တဲ့နေ့မှာပဲ ‘လွတ်လပ်ခွင့်’ ကို တံခါးပေါက်မှာ ထားခဲ့ရပြီ။ ခိုင်းတာလုပ်၊ စေရာသွား၊ ပြန်မပြောနဲ့ဆိုတဲ့ သံမဏိစည်းကမ်းကို လိုက်နာရပြီ။ ရောမခေတ်ကတည်းက စစ်သားဆိုတာ ‘စုစည်းမှုအဖွဲ့’ နဲ့ အားယူတာပဲ။ တဦးချင်းမဟုတ်၊ အဖွဲ့နဲ့ တိုက်ရတာကိုး။ တပ်စု တပ်စိပ် တပ်ခွဲ တပ်ရင်း တပ်မဟာ တပ်မ တပ်မအုပ်စု တပ်မတော်ဆိုပြီး ‘အစု’ နဲ့ တိုက်တာ။

စစ်သားဆိုတာ စစ်ပွဲမဖြစ်ခင်ကတည်းက Battle-Plan လို့ခေါ်တဲ့ စစ်ပွဲအစီစဉ် (Plan) ရှိတယ်။ Logistic လို့ ခေါ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းထားရမယ်။ Training လို့ ခေါ်တဲ့ ပြင်ဆင်မှုသင်တန်းတွေ ရှိရတယ်။ Reinforcement လို့ ခေါ်တဲ့ တပ်ဖြည့်မှုတွေကို နားလည်ရတယ်။ Intelligence လို့ ခေါ်တဲ့ ကြိုတင်ထောက်လှမ်းပြီး ရန်သူ့သတင်း ရှိနေရမယ်။ Objective လို့ ခေါ်တဲ့ မိမိသိမ်းပိုက်ရမယ့် ရည်မှန်းချက်၊ ဗျူဟာ Strategy ။ နောက်ဆုံး ဆုတ်ရရင် Exit-Strategy ဆိုတဲ့ ထွက်ပေါက်တွေ အားလုံးကို စဉ်းစားထားရမယ်။ ဒါ စစ်ဗိုလ်ချုပ်တိုင်း မသိမဖြစ်သိရမယ့် အခြေခံအချက်တွေပဲ၊ စစ်ပညာအရင်းခံပဲ။ ဒါကြောင့်စစ်ဗိုလ်တွေရဲ့ အားသာချက်က ခေါင်းအေးအေးနဲ့ အစီအစဉ် (Plan) နဲ့ တိုက်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ထဲပေါ်တဲ့အတိုင်း စိတ်ဆွဲဆောင်ရာနောက် မလိုက်နိုင်၊ လိုက်ခွင့် မရှိပါ။

စစ်ပွဲအစီအစဉ် ရှိပြီးတာတောင် မလုံလောက်သေးပါ။ War Games လို့ ခေါ်တဲ့ ၂ ဖက် ၂ သင်း ဖွဲ့ပြီး၊ တိုက်ကြည့်ရပါတယ်။ ဒါမှ Logistic လိုအပ်ချက်တွေ၊ ဗျူဟာ Strategy ရဲ့ အားနည်းချက်၊ အားသာချက်တွေ ‘ပေါ်’ လာပြီး ပြင်နိုင်တယ်။ စစ်ပွဲတပွဲမှာ ရန်သူအငိုက်မိအောင် လျှပ်တပြက် တိုက်နိုင်တာဟာ အရေးအကြီးဆုံးပဲ။ ဒါကြောင့် ဘယ်ခြောက်ခါ ညာလှမ်းဆိုသလို တဖက်ကို ဟန်ပြပြီး၊ ပရိယာယ်သုံးရတာကို ကောင်းကောင်း နားလည်ရတယ်။ အင်္ဂလိပ်လိုတော့ Deception ဆိုတာပေါ့။

စစ်ပွဲတခုမှာ Logistic (ထောက်ပံ့ရေး) မနိုင်ဘဲ အောင်မြင်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် စစ်ဗိုလ်ဖြစ်တာနဲ့ Logistic အကြောင်း နားလည်ရပါတယ်။ ထိုနည်းတူစွာပဲ Professional လို့ ခေါ်တဲ့ တကယ်အလုပ်လုပ်ဖူးတဲ့ အတတ်ပညာရှင် ဖြစ်လာရင် Logistic ကို အရင်မေးကြတာပဲ။ လက်ရှိ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမား အများစုဟာ တာဝန်ကြီးကြီးယူရတဲ့ Responsible အလုပ်တွေ မလုပ်ဖူးကြဖူးဘူး (အထူးသဖြင့် ပြည်ပရောက်နေသူတွေပါ)။ လက်တွေ့ အတွေ့အကြုံ မရှိကြဘဲ၊ တသက်လုံး ‘အော်’ လာကြတော့ ‘လိုချင်’ တာပဲ သိကြတယ်။ ‘လိုအပ်’ တာကို နားမလည်ကြဘူးလို့ မြင်မိတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ‘ပြည်ပ’ မှာ ကျင်လည်နေကြတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးကြည့်ကြပါ။ ‘အရေးကြီးပြီဟေ့’ ဆိုတာကို တွင်တွင်ပြောကြပါလိမ့်မယ်။ ဘာအရေးကြီးတာလဲ၊ ဘာတွေ ‘လို’ သလဲ၊ ဘာတွေ ‘ပြင်’ ထားရမှာလဲ၊ ဘယ်လို ‘အောင်ပွဲ’ ခံမှာလဲ၊ ‘တိုက်ကွက်’ က ဘာလဲ၊ ‘ဆုတ်ကွက်’ က ဘာဆိုတာ မပါကြဘူး။ တယောက်ယောက်က အရေးကြီးပြီဆို အားလုံးက သံယောင်လိုက်ပြီး အရေးကြီး ကုန်ကြရော။ ကြာတော့ တကယ် အရေးပေါ်လာတာတောင် လူအများစုက မယုံတော့ဘူးပေါ့။ ဒါ လက်တွေ့ပကတိ ဖြစ်ရပ်ပါ။

နိုင်ငံရေးသမားတွေရဲ့ အားသာချက်က Diversity လို့ ခေါ်ရမယ့် လူပေါင်းစုံ ပါဝင်ခွင့်ရတဲ့အတွက် ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်တဲ့ (Day-2) လုပ်ငန်းတွေကျတော့ ပုံမှန် အံဝင်ခွင်ကျ ဖြစ်တယ်။ တော်လှန်ရေးကာလ (Day-1) ကာလမှာကျတော့ ဒီ Diversity က အားနည်းချက် ဖြစ်လာနိုင်တယ်။

စစ်ဗိုလ်မှာ ၃ မျိုး ၃ စား ရှိတယ်။ ရှေ့တန်းမှာ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဂျာမန်ဗိုလ်ချုပ် ရွမ်းမဲလ်၊ အမေရိကန်ဗိုလ်ချုပ် မက်အာသာတို့လိုပေါ့။ စစ်တပ်ရဲ့ လိုအပ်ချက်ကိုသိပြီး၊ စစ်တပ်ကို ထူထောင်နိုင်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်မောင်မောင် (ဆိုရှယ်လစ်)၊ အမေရိကန်ဗိုလ်ချုပ် မာရှယ်တို့လိုပေါ့။ ရှေ့တန်းက ဗိုလ်ချုပ်တွေ အောင်ပွဲခံနိုင်အောင် ဒီဗိုလ်ချုပ်တွေက ထူထောင်ဖြည့်ဆည်းပေးရတာ။ နောက်ဆုံးကတော့ နိုင်ငံရေးနားလည်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်နေဝင်းနဲ့ အမေရိကန်ဗိုလ်ချုပ် ကောလင်းပါဝဲလ်တို့လိုပေါ့။ ဒီဗိုလ်ချုပ်တွေက နိုင်ငံရေးကို နားလည်လိုက်စားပြီး စစ်တပ်ထူထောင်ဖို့ ငွေနဲ့ အခွင့်အရေးတွေရအောင် နိုင်ငံရေးသမားတွေနဲ့ ပလူးပြီး၊ စစ်တပ်ဘတ်ချက်အတွက် ‘ငွေ’ ရှာရတဲ့ နိုင်ငံရေး ဗိုလ်ချုပ်တွေပေါ့။

ဒီမိုကရေစီ မတည့်တံ့သေးတဲ့ နိုင်ငံတိုင်း စစ်တပ်ရဲ့ အာဏာသိမ်းမှု အန္တရာယ်နဲ့ ကြုံတွေ့ရတတ်တယ်။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်တွေ တောခိုတော့ ပြည်တွင်းစစ်ကြောင့် စစ်တပ်ရဲ့နေရာနဲ့ အရှိန်က ပိုကြီးထွားလာတာပေါ့။ တရုတ်ဖြူအန္တရာယ်ကြုံရတော့ စစ်တပ်ရဲ့ အရှိန်က ကြီးသထက် ကြီးလာတာပေါ့။ လွတ်လပ်ရေး တိုက်ပွဲကာလမှာ နိုင်ငံရေး အကွက်မြင်ပါတယ်ဆိုတဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်သန်းထွန်းစတဲ့ နိုင်ငံရေးသမားတွေကိုကျော်ပြီး ဗိုလ်ချုပ်နေဝင်းဟာ ဘာကြောင့် မြန်မာနိုင်ငံရေးကို အုပ်စီးနိုင်ခဲ့သလဲ။ နိုင်ငံရေးပရိယာယ် ကြွယ်တာချင်း တူကြရင်တောင် စစ်သားဆိုတာက စိတ်ရှည်တယ်။ ကြိတ်ကြံထားတဲ့ အစီအစဉ်တွေ ရှိတယ်။ ပရိယာယ်နဲ့ လှည့်ဖြားမှု Deception ရှိတယ်။ နိုင်ငံရေးသမားတွေကို လှည့်ကစားပြီး ကိုယ့်လက်ကို ကိုယ်မပြခဲ့ဘူး။ ဒါကြောင့် ဦးနုက ၁၉၆၂ ခုနှစ် အာဏာသိမ်းခံရတဲ့ ညမှာ ဗိုလ်နေဝင်း သိရဲ့လား၊ ဗိုလ်နေဝင်း သိရင် ပြီးမှာပဲဆိုပြီး စိတ်ချလက်ချ အိပ်ပျော်သွားတာပေါ့။ ဗိုလ်နေဝင်းက အစောကြီး နိုင်ငံတော်ဘဏ္ဍာနဲ့ ရေကြည်အိုင်မှာ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းဖို့ လုံးချင်းအိမ်တွေ ကြိုဆောက်ထားတာ ဦးနု မသိလိုက်ဘူး။ အချိန်ယူပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးမှ ခေါင်းအေးအေးနဲ့ အနိုင်ယူသွားတာ။ နိုင်ငံရေးသမားတွေလို Emotion စိတ်ဆန္ဒစောတာ မပါဘူး။ ဒါ့ကြောင့် အစီအစဉ် Plan မရှိတတ်တဲ့ စိတ်ဆန္ဒနောက် လိုက်တတ်တဲ့ နိုင်ငံရေးသမားတွေကို အစီအစဉ်နဲ့ စည်းကမ်းရှိတဲ့ စစ်ဗိုလ်ချုပ်က အာဏာသိမ်းနိုင်ခဲ့တာ။

နိုင်ငံရေးသမားတွေ (တွေးပုံ) (တွေးနည်း) ကို ကောင်းကောင်း နားလည်ပြီး၊ ကြိုတင်ပြင်ဆင်နိုင်တာ ဗိုလ်ချုပ်နေဝင်းရဲ့ (အားသာချက်) ပဲ။

အခု စစ်တပ်အုပ်စိုးတဲ့ ခေတ်မှာ တော်လှန်ရေးသမားတွေကလည်း စစ်ဗိုလ်ချုပ်တွေ တွေးသလို၊ တွေးနိုင်ရမယ်။

နိုင်ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲ တိုက်သလို နိုင်ငံရေး စစ်ပွဲသဏ္ဌာန် တိုက်နိုင်ရမယ်။

ဒီလိုတိုက်နိုင်ဖို့ နိုင်ငံရေးသမားတွေဟာ စစ်ဗျုဟာနဲ့ စစ်သားစိတ်ဓာတ်၊ စစ်သားဉာဉ်ကို လေ့လာဆည်းပူးသင့်တယ်။

မော်စီတုံးဟာ စစ်ဗိုလ်ချုပ် မဟုတ်ပေမဲ့ စစ်ဗျူဟာကို ကောင်းကောင်း နားလည်တဲ့ နိုင်ငံရေးသမားပဲ။ ချူအင်လိုင်း၊ တိန်လျှောက်ပိန်တို့လည်း စစ်ဗျူဟာကို နားလည်တဲ့၊ စစ်တပ်ကို ထိန်းချုပ်ရတဲ့ နိုင်ငံရေး ကွန်မင်ရှင်နာ Political Commissioners တွေပဲ။ ခရူးရှက်လည်း ထိုနည်းလည်းကောင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လိုအပ်လို့ စစ်တိုက်ရတဲ့ နိုင်ငံရေးသမားပဲ။ စစ်ဗိုလ်တွေတောင် နိုင်ငံရေး နားလည်နိုင်ရင် နိုင်ငံရေးသမားတွေကတော့ ဘာကြောင့် စစ်ဗျူဟာ နားမလည်နိုင်ရမှာလဲ?

ဒါပေမဲ့ ခက်တာက လက်ရှိ စစ်တပ်ကို တော်လှန်ဖို့ ကြိုးစားနေကြတဲ့ လူအများစုက စစ်တပ်အကြောင်း စိတ်မဝင်စားကြဘူး။ စိတ်ဝင်စားတယ်ဆိုတဲ့ လူတချို့ကလည်း ဗိုလ်ချုပ်သန်းရွှေနဲ့ မောင်အေး အားပြိုင်နေကြတယ်၊ ဘယ်သူကတော့ ဒေါ်ကြိုင်ကြိုင့်လူ၊ ဘယ်သူနဲ့ ဘယ်သူ မတဲ့ဘူးဆိုတဲ့ ‘အတင်း’ နဲ့ ‘အဖျင်း’ နောက် လိုက်ကြတာ များတယ်။ တပ်မတော် ဖွဲ့စည်းပုံက ဘယ်လို၊ ထိပ်က ဗိုလ်ချုပ်တွေ ‘အာဏာ’ ကို ဘယ်နည်းနဲ့ ထိမ်းချုပ်ထားတာလဲ။ စနစ် System က ဘယ်လို၊ Form ပုံသဏ္ဌာန်က ဘယ်လိုဆိုတာကို အရေးမထားကြဘူး။

မြန်မာတွေထဲမှာ စနစ်တကျ သတင်းစုဆောင်းတဲ့ Source သတင်းဆုံချက် မရှိဘူး။ ရလာတဲ့သတင်းကို စိတ်ခံစားမှုမပါဘဲ ရှိတဲ့ Data သတင်းသက်သက်နဲ့ ယှဉ်ပြီး အရှိကို အရှိအတိုင်း ဝေဖန်သုံးသပ်နိုင်တဲ့ ဝေဖန်သုံးသပ်နိုင်သူ Analyst မရှိဘူး။ အမှန်တကယ် ကြည့်တတ်ရင် Direct Source လို့ ခေါ်တဲ့ တိုက်ရိုက် သတင်းပေးနိုင်သူ မရှိဘူး။ နအဖ ဗိုလ်ချုပ်တွေက သတိရှိတယ်။ ဘယ်သူမှ အဝင်မခံဘူး။ သူတို့နောက်လိုက်တွေ၊ ကပ်ဖားနေတဲ့ စီးပွားရေးသမားတွေ ပြောတာကို တဆင့်ခံကြားပြီး ပုံကြီးချဲ့ကြည့်နေကြတာ။ အင်္ဂလိပ်လို့ Proxy လို့ ခေါ်ပါတယ်။ တိုက်ရိုက်သိတာ တယောက်မှ မရှိပါ။ တဆင့်စကား တဆင့်ပွားပြီး လူတတ်ကြီးတွေ လုပ်နေကြတာပဲ။ နအဖ ဘက်က တမင်လုပ်ကြံပြီး ‘အပင်း’ ထည့်တာတွေကလည်း ခဏခဏပဲ။ တကြိမ်က လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတယောက်က Brigadier General ဗိုလ်မှူးချုပ်ဟာ Major General ဗိုလ်ချုပ်ထက် ရာထူးကြီး ပါတယ်ဆိုပြီး အတင်းငြင်းတယ်။ ကျနော် ဘာပြန်ငြင်းရမှန်းမသိ ဖြစ်ခဲ့ရတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ စစ်တပ်နဲ့ဆိုင်တဲ့ နားလည်မှု၊ လေ့လာမှု၊ စိတ်ဝင်စားမှု ချို့ယွင်းနေသေးတယ် ဆိုတာကို သိစေချင်တာပါ။

နအဖ ဘက်က ဒေါ်စုကို အသေးစိတ် လေ့လာထားတယ်။ ဒေါ်စုရဲ့ တွေးပုံတွေးနည်း၊ ဒေါ်စုရဲ့ စိတ်ဓာတ် အနေအထား Psychological Profile၊ ဒေါ်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေအချာ လေ့လာပြုစုထားတယ်။ ဒါ့အပြင် National Defense College လို့ ခေါ်တဲ့ ဗိုလ်ချုပ်ဖြစ်မယ့် သူတွေကို ရွေးပြီး၊ မွေးထုတ်ပေးတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ NLD ကို ဘယ်လိုရင်ဆိုင်မလဲ၊ NLD အားသာခဲ့ရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စစ်ပွဲတိုက်ပွဲသဏ္ဌာန် War Game လုပ်ကြတယ်။ နအဖ က စစ်သားတွေပီပီ စစ်ပညာရှင် ရှင်စူး Shin Tsu ပြောခဲ့တဲ့ Know thy Enemy သင့်ရန်သူအကြောင်းကို သိပါစေ ဆိုတာကို မမေ့ဘူး။ အတိုက်အခံကို ရင်ဆိုင်ဖို့ ရန်သူနဲ့ စစ်တိုက်ရသလို သဘောထားဆက်ဆံ၊ ကြိုတင်ပြင်ဆင်ထားတယ်။

ကျနော်တို့ အတိုက်အခံတွေဘက်က ဘယ်နှယောက်များ စစ်တပ်အကြောင်း စိတ်ဝင်စားလို့ လေ့လာထားတာ ရှိကြသလဲ ပြန်မေးကြည့်ကြပါ။ လက်တဖက်နဲ့ ရေနိုင်ပါတယ်။ ဒီလူနည်းစုထဲမှာပဲ ဘယ်နှယောက်က အတင်းနဲ့ အဖျင်းကို သတင်းနဲ့ မရောဘဲ စနစ်တကျ စိတ်ဖြာသုံးသပ်နိုင်ပါသလဲ။ ဘယ်ဟာက ‘အတင်း’၊ ဘယ်ဟာက ‘သတင်း’ ဆိုတာ ကို ခွဲစိတ်နိုင်ကြရဲ့လား။ ဗိုလ်ချုပ်သန်းရွှေရဲ့ တွေးတောပုံတွေးတောနည်း၊ ဘယ်ဟာကို အလေးပေးတယ်၊ ဘယ်ဟာကိုတော့ အရေးမပေးဘူး။ သူ့ရဲ့ Psychological-Profile ဘယ်လို ဆိုတာတွေကို ပြုစုထားကြသလား။ ဗိုလ်ချုပ်သန်းရွှေနဲ့ တိုက်ရိုက်ဆက်ဆံဖူးတဲ့သူ ဘယ်နှစ်ယောက်နဲ့ ဆွေးနွေးဖူးကြသလဲ။ သံတမန်တွေဆီက ကြားတဲ့ စကားနဲ့ တဆင့် Proxy တွေက ပြောတာတွေကိုပဲ နားစွင့်ပြီး ပုံကြီးချဲ့နေကြရတယ် မဟုတ်လား။ တခါတခါ အချင်းချင်း လွှင့်လိုက်တာကပဲ သတင်းဖြစ်ပြီး ပြန်လည်လာတယ် မဟုတ်လား။

ဒါကြောင့် အတိုက်အခံတွေကြားမှာ ဖြစ်ချင်တဲ့ စေတနာနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ငပေါကြီး၊ ဗိုလ်ချုပ် မောင်အေးက ‘ငမူး’ ဒီ နှစ်ယောက် အားပြိုင်နေကြတယ်။ စသဖြင့် စိတ်ကူးယဉ် ပုံရိပ်ဖော်ခဲ့ကြတယ်။ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပကတိအနေအထားကို ယုတ္တိကျကျ မမြင်ချင်တော့၊ မမြင်တတ် ကြတော့ဘူးပေါ့။ ဒါကြောင့် သန်းရွှေကြီးတော့ ကြောက်နေပြီ။ သန်းရွှေကြီး ဒုက္ခတွေ့နေပြီဆိုပြီး ဖြစ်ချင်တာကို စိတ်ခံစားမှု Emotion နဲ့ ရောပြီး ယုံလိုက်ကြ၊ ကောက်ချက်ချလိုက်ကြတော့ ရန်သူကို အရှိကို အရှိအတိုင်း မမြင်ကြဘဲ၊ ပြင်ဆင်မှု မလုပ်ခဲ့ကြ။ နောက်ဆုံး တိုက်ပွဲဖြစ်တိုင်း ကိုယ့်ဘက်က အဆင့်သင့်မဖြစ်ကြဘဲ အခွင့်အရေးတွေ ဆုံး၊ အချိန်တွေကုန်ပြီး တိုင်းပြည်နဲ့ လူမျိုးလည်း ‘စစ်ကျွန်’ ဘဝက မလွတ်ဘဲ၊ မွဲသထက် မွဲကုန်ကြတာပေါ့။

ကျနော့်အမြင်ကို တင်ပြရရင် ဗိုလ်ချုပ်သန်းရွှေဟာ ‘ငပေါ’ မဟုတ်ပါ။ ပညာတတ် အတွေးအခေါ်ရှိတဲ့ ‘လူတော်’ လည်း မဟုတ်ပါ။ တိုင်းပြည်ကိုချစ်တဲ့ ‘မျိုးချစ်’ လည်း မဟုတ်ပါ။ ဒါပေမဲ့ အာဏာမက်တဲ့၊ အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့၊ အာဏာကို ထိန်းနိုင်တဲ့ ‘အာဏာရှင်’ သက်သက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်စစ်ဆင်ရေးကို အတွေ့အကြုံရှိတဲ့ လူတွေ့ရဲ့ စိတ်ဓာတ်ကို နားလည်တဲ့၊ လမ်းပေါ်က တိုက်ပွဲအကြောင်းကို နားလည်တဲ့ Street Smart လူလည်တယောက်ပဲ။ ဗျုဟာ Strategy ကို နားလည်တဲ့ ဗျုဟာမှူးကောင်း Good Strategist လို့ ပြောလို့ရနိုင်တယ်။

ဗိုလ်ချုပ်သန်းရွှေဟာ သူ့အာဏာတည်မြဲရေးအတွက် အာဏာရှင်တိုင်း ကျင့်သုံးရမယ့် Manipulation & Exploitation by power ဆိုတဲ့ အာဏာသုံးပြီး လူတွေကို ဘယ်လို အသုံးချရမယ်၊ ကြိုးကိုင်ရမယ် ဆိုတာကို ကောင်းကောင်း သိတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နည်းပရိယာယ်နဲ့ အာဏာရှင်ကျမ်းကို ကျေခဲ့ပုံရတယ်။ ကိုယ့်အင်အားမရှိခင် ရေမြွေလို ငြိမ်နေပြီး အဆိပ်ရှိတာ မပြနဲ့၊ ပိုင်မှ တချီထဲ ထပေါက်လိုက်တာ။ ဗိုလ်ချုပ် ခင်ညွန့်ကို ‘ဝ’ အောင် အသုံးချပြီး၊ ဗိုလ်ချုပ်နေဝင်းကိုတောင် ပြန်ကိုင်နိုင်တာ ငပေါ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ရန်သူတွေက ကိုယ့်ကို လျှော့တွက်အောင် အထင်သေးအောင် ‘နေ’ နိုင်တာ ‘ပညာရပ်’ တခုပဲ။

အာဏာရှင်စနစ်မှာ အာဏာရှင်မှန်ရင် အဓိကဟာ အမြဲသတိရှိရမယ်၊ အမြဲစောင့်ကြည့်နေရမယ်၊ နှိပ်ကွပ်စရာရှိရင် လက်မနှေးရဘူး၊ ရက်စက်နိုင်ရမယ်။ စတာလင်သော်၎င်း၊ မော်စီတုံးသော်၎င်း တိုင်းပြည် အုပ်ချုပ်ရေးနဲ့ ထူထောင်ရေးကို အချိန်ပြည့် အလေးထားကြတာမှ မဟုတ်တာ။ ဒါက ချူအင်လိုင်းရဲ့ တာဝန်။ ယဉ်ကျေးမှု တော်လှန်ရေးမှာ မော် ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ အကုန်မသိဘူး။ အကုန်မပြော။ အားလုံးအန္တရာယ်ရှိအောင် ‘လုပ်’ ထားပြီး တဖက်နဲ့တဖက်၊ တယောက်နဲ့တယောက် ‘အားပြိုင်’ ခိုင်ထား။ ‘အလုပ်’ ပေးထားတာ။ ဒါမှ အာဏာ လုဖို့၊ ကြံဖို့ အချိန် မရှိအောင် လုပ်ထားတာ။ မော့် အစီအစဉ်ကို မော် တယောက်ပဲ သိတာ။ မော်ဟာ သူ့လူတွေကို အချိန်ပြည့် စောင့်ကြည့်နေတာ။ လူတိုင်းကိုလည်း အတွေ့မခံ၊ တွေ့ချင်ရင် ခွင့်တောင်းနေရတာ။

ဗိုလ်ချုပ်သန်းရွှေကို လေ့လာရင်လည်း ဗိုလ်ချုပ်တွေဟာ တွေ့ချင်တိုင်း ဗိုလ်ချုပ်သန်းရွှေကို မတွေ့ရပါ။ ‘ခေါ်’ မှ တွေ့ရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကြည့်ရင်လည်း ဘယ်သူမှ ဘာ ‘လုပ်’ မယ်ဆိုတာ တိတိကျကျ မသိကြပါ။ ဟိုဝန်ကြီးကို တမျိုးခိုင်း၊ ဒီဝန်ကြီးကို တမျိုးခိုင်း၊ ဒီဗိုလ်ချုပ်ကို မျက်နှာသာပေးလိုက်၊ ဟိုဗိုလ်ချုပ်ကို မျှော်လင့်ချက်ပေးလိုက်နဲ့ အချင်းချင်း ပြိုင်ခိုင်းထားတာပါ။ အာဏာကို နားမလည်တဲ့ ဗိုလ်ချုပ်ဆိုရင် အကွက်မှားတာနဲ့ ‘နာ’ ပြီသာ မှတ်ပေတော့။ ၂ဝ၁ဝ ရွေးကောက်မှာ ဘာဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်သန်းရွှေပဲ သိတယ်လို့ ကျနော် ယူဆတယ်။

ဗိုလ်ချုပ်သန်းရွှေ ‘မှား’ တဲ့ အကွက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကိုလိုက် ‘နင်း’ ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှု မရှိတာကတော့ ကျနော်တို့ အတိုက်ခံတွေရဲ့ ‘အားနည်း’ ချက် သက်သက်ပဲ။ ဒါကြောင့် ‘အတို’ ချုပ်ရရင် -

* ရန်သူကို နားလည်ပါ Know your Enemy
* ရန်သူ တွေးသလို၊ တွေးပါ
* စစ်ပွဲတပွဲလို (ပြင်ဆင်) ထားပါ
* စစ်သား (တွေး) နည်းကို သိပါစေ
* စစ်သားဖြစ်မှတော့ လူသတ်ရမှာကို မကြောက်တာကြောင့် စိတ်ပုတီးဆွဲပြီး တိုက်၍ မရပါ
* စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ချင်ရင် ‘အနိုင်’ ယူရမှာကို လက်တွန့်၍ မရပါ
* ပြင်ဆင်မှု ရှိကြပါစေ
* နိုင်ငံရေးတိုက်ပွဲကို စစ်ပွဲတပွဲအဖြစ် မြင်ကြ၍ ဗျူဟာ ရှိပါစေ

Read more

Rpidshare မှ ဒေါင်းလုပ်ချနည်း

Rapidshare ကနေ အားလုံးအဆင်ပြေပြေဒေါင်းလော့လုပ်နိုင်ဖို့အတွက် ကျွန်တော် ဒီဆော့ဖ် ၀ဲလ်လေးကို ဝေမျှပေးလိုက်ပါရစေဗျာ။ မြန်မာမိသားစုဖိုရမ်မှ ကိုရဲနောင်ကြီး တင်ထားတဲ့ ပိုစ့်ကို ပြန်လည် upload လုပ်ပြီး တင်ပြထားခြင်းဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လဲ သိပ်မအားတာနဲ့ ပိုစ့်တွေသိပ်မတင်ဖြစ်ဖူးဖြစ်နေတယ်။ ဆောရီးနော် အားလုံးကိုတောင်းပန်ပါတယ်။ နှစ်သစ်ကူး ကျရင်လဲ အားဦးမှာမဟုတ်ဘူး ဟီး … :P

ဒေါင်းလော့လုပ်ရန်။

Read more

Michael Jackson Ghost NEVERLAND During CNN Larry King Interview with Jermaine Jackson

rolleyes

မိုက်ကယ်ဂျက်ဆင် တော့ ဆုံးပါးသွားခဲ့ပါပြီး။ ဒီ ဗွီဒီယို လေးကိုကြည့်ကြည့်ကြပါ။ ကျနော်လဲ အားနေတာနဲ့ Youtube ကို ရှာဖွေမွှေနှောက်ရင်းတွေ့မိလိုက်တာပါ။ တကယ် ဟုတ်မဟုတ် က တော့ တင်တဲ့သူသာ အသိဆုံးဖြစ်မှာပေါ့ ... ဗျာ.... ဖြစ်နိုင် မဖြစ်နိုင်ကြည့်ကြည့်ကြပါ..အုံး

Read more

Read more

Microsoft Security Essentials 1.0 (Morro MSE Free Anti-Virus) Leaked Download

Microsoft က ထုပ်လုပ်တဲ့ Anti Virus Morro ပါ။ ဇွန် ( ၂၃ ) ရက်နေ့က အတည်ပြုထုပ် ပေးလိုက်တယ်လို့သိရပါတယ်.. ဘာဘဲဖြစ်ဖြစ်ပေါ့လေ အသစ်မြင်တိုင်းသုံးချင်သူများတွက် တော့ စမ်းသပ်သုံးနိုင်အောင်ပါ။ ကွန်ပျူတာသုံးကြ သူတိုင်းလဲ မရှိမဖြစ်ဆောင်ထား သင့်တာကလဲ ဗိုင်းရပ်ကို ကာကွယ်ပေးနိုင်တဲ့... ဆော့ဝဲလ် တခုတော့ရှိထားသင့်တာကိုး..ခုလဲ Free ပေးထားပါတယ် .. အမည်က တော့ Morro လို့ပေးထားတာပါ..

သူ့မှာက Window အတွက်ပေးထားပေမဲ့ ဒေါင်းလုပ် လုပ်တဲ့ခါ... Window Vista , 7 နဲ့ XP တွက် ဒေါင်းဘို့ခွဲပေးထားပါတယ်။ အားသာချက် အားနည်းချက်ကတော့ ရှိချင်ရှိနေဦးမှာပါဘဲ..

သူ့ရဲ့ အားသာချက်လေးကို နှစ်သက်မိတာကတော့...
Free Version ဖြစ်ပြီး Trail Version မပေးထားပါဘူး။
လိုင်စင် ကီးတွေ Registration လဲလုပ်စရာမလိုပါဘူး။
နောက်တခုက Auto Update အလိုလိုလုပ်ပေးပါတယ်။

ကဲ.. စမ်းသပ်လိုသူများ အောက်က လင့်တွေဆီမှာ သွားရောက်စမ်းသပ် သုံးကြည့်နိုင်ကြပါတယ်။

အသေးစိပ်သိလိုသူများ မူရင်းဝပ်ဆိုဒ်ကို ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

အဆင်ပြေကြပါစေ....

Read more

>>> Portable Erro Repair & CCleaner

ကွန်ပျူတာသုံးသူတိုင်း သိထားသင့်သလိုဆောင်ထား သင့်တာလေးပါ.. ဒီနေ့အချိုန်လေးလဲ ရနေတာကြောင့် စက်လေးမှာစိုးပြီး သုံးချင်လျှက်နဲ့ မသုံးနိုင်သူတွေတွက်ပါ ရည်ရွယ်ရင်း ရေးဖြစ်လိုက်တာပါ... အစကတော့ ရေးမှာက ဂျီမေလ်း အကြောင်းလေးပါ.. ဒါပေမဲ့လဲ ကွန်ပျူတာသုံးသူတိုင်း ကြုံတွေနေတတ်ကျ ကွန်ပျူတာအမှားလေးတွေကို ပြင်ပေးနိုင်တဲ့ ဆော့ဝဲလ် လေးအကြောင်းဘဲ ရေးဖြစ်လိုက်တာပါ... သိထားနှင့်ပြီးသူများတွက်တော့ မလိုအပ်ပေမဲ့ မသိသူများတွက်သာ ရည်ရွယ်မျှဝေလိုက်တာပါ..နော်

Portable ဖြစ်တဲ့ တွက်ကြောင့် သူ့ကို အင်စတောလုပ်ပေး ဘို့မလိုပါဘူး... တိုက်ရိုက်ဒေါင်းလုပ်ချ ဖိုင်ကို ဖွင့်ပြီးသုံးနိုင်တာကြောင့်.. စက်အတွက်... လေးလံမှု့မရှိသလို ဖိုင်ဆိုဒ်လဲသေးသေးလေးပါ လိုချင်သူများ အောက်ကလင့် မှာ ဒေါင်းလုပ် လုပ်ပြီး စမ်းသပ်သုံးဆောင်ကြည့်ကြပါ... မနှစ်သက်ဘူး မလိုအပ်ဘူး ဆိုတော့လဲ ပြန်ဖျက်လိုက်ရုံပေါ့.. ဗျာ..
ကဲ... အားပေးလိုက်ကြပါဦး..နော် eek

အဆင်ပြေကြပါစေ...

Read more

Alarm Clock For XP

Window XP သုံးကြသူများ ...အတွက်အသုံးဝင်မဲ့ Alarm Clock လေးပါ ကွန်ပျူတာအသုံးပြုရင်း အလုပ်လုပ်နေကြသူများ တွက်တော့ အသုံးဝင်နိုင်မှာပါ ...

ဒီနေရာလေး မှာ သွားရောက် ဒေါင်းနိုင်ကြပါတယ်။ လိုက်ရှာရင်း တွေ့မိတာလေး မျှဝေလိုက်တာပါ

ဘာရယ်လို့တော့ မဟုတ်ပေမဲ့လဲ အလှပေါ့ဗျာ တခါတလေ အသစ်အဆန်းလေး တွေကို စမ်းသပ်သုံး
ချင်သူများတွက်ပေါ့.. နော် ဒီမှာလဲ သွားကြည့်နိုင်သေးတယ် ...နော်

အဆင်ပြေကြပါစေ

Read more

>>> Hide IP Address V1.0

arrow

ဒီနေ့တော်တော်လေးကို အားနေတုံးလေး အရင်သိထားတာလေးတွေလဲ မျှဝေချင်တာကြောင့်ရော မသိသေးသူများ ကိုလဲသိစေချင် တာကြောင့် ထိုင်ရေးဖြစ်တာပါ ခု မျှဝေပေးစေချင်တာက ကွန်ပျူတာသုံး သူတိုင်း မိမိ အိုင်ပီ ( IP ) ကိုမသိစေချင်သူများ အိုင်ပီ ဖျောက်ထားနည်း ဆော့ဝဲလေးပေါ့..ဗျာ

စမ်းသုံးချင်သူများ အတွက်ပေါ့...နော်.... တကယ်ပျောက်တယ် မပျောက်ဘူးဆိုတာကတော့ ဆော့ဝဲပေါ်ဘဲမူတည်တာပါနော်... အတိအကျတော့ အာမဘန္တေမခံဘူးနော်... ဒါပေမဲ့လဲ သုံးကြည့်ကြပေါ့.. ချတ်တင် သမားတွေတွက်တော့ ဆောင်ထား.. စမ်းထားသင့်တယ်..နော် mrgreen

Download From Mediafire

Download From Ifile

Download From Rapidshare

အဆင်ပြေနိုင်မယ့် ထင်တဲ့နေရာကဒေါင်းနိုင်ကြပေါ့...ဗျာ
rolleyes

ဒီနေရာမှာ လဲသွားကြည့်နိုင်တယ်

အဆင်ပြေကြပါစေ

Read more

>>> Recover Delete File

Computer သုံးကြသူတိုင်းတခါတလေ ဖိုင်တွေကိုမှားဖျက်မိတာ ရှိကြမှာပါ ခုတင်ပေးချင်တဲ့ ဆော့ဝဲလေးက Recuva 1.27 Software လေးပါ... ဖိုင်တွေကိုမှားဖျက်မိလိုက်သူတွေအတွက်တော့ အသုံးဝင်နိုင်မှာပါ... ကျနော်ဆိုရင် Shift + Delete လုပ်ပြီးဖျက်တတ်တာမို့ တခါတလေပြန်လိုချင်တာတောင် ရှာမရတော့ပါဘူး တခါထဲကိုအမှိုက်ပုံး ထဲမရောက်ဘဲ လစ်သွားပါလေရော ကောင်းတာကတော့ စက်ရှင်းသွားပေမဲ့ မကောင်းကျိုးကတော့ ကိုယ်ပြန်လိုချင်တဲ့ ဖိုင်ဆို Recycle Bin မှာပြန်ရှာမရတော့တာပါ... ဒါကြောင့် အမှိုက်ပုံးထဲကို ဖျက်ကြသူများ အတွက်လိုချင်တဲ့ဖိုင် တွေကိုပြန်ရှာပြန်ယူနိုင်တဲ့ ဆော့ဝဲလ်လေးမျှဝေ ပေးလိုက်တာပါ အရင်တခါ တင်ပေးဘူးတဲ့ CCcleaner ( ဒီနေရာမှာ ) ကျတော့ စက်ထဲမှာ မလိုတဲ့ဖိုင် Temp , Cookie and Prefetch တွေကိုဖျက်ပေးနိုင်သလို.. မလိုချင်တာတွေကို Uninstall လဲလုပ်ပေးနိုင်ပါတယ်။ ဒီဆော့ဝဲကျတော့ Recover ပြန်လုပ်ချင်တဲ့ဖိုင်တွေကို ပြန်ရှာ ပေးနိုင်သလို လုပ်ပေးနိုင်တာမို့ပါ။ Window Vista/XP မှာပါသုံးနိုင်ပါတယ် ဖိုင်ဆိုဒ်လဲ 4 MB တောင်မရှိပါဘူး..

  • ပထမဦးဆုံး ဒေါင်းလုပ်ချ... အင်စတောလုပ်ပေးလိုက်ပါ။
  • Recuva ကို Run လိုက်ပြီးရင်.. မိမိ စစ်ချင်တဲ့ Drive ကို ရွှေးပေးလိုက်... ပြီးရင် Scan ပေးလိုက်ပါ
  • Scan ဖတ်ပြီးသွားတာနဲ့ Result ကို List အနေနဲ့ပြပေးမှာပါ..
အဲမှာ List ရဲ့ ညာဘက်ဘေးကို Scroll လုပ်ကြည့်လိုက်ရင် File တွေကို ပြပေးမှာပါ Excellent or Poor ဆိုရင်တော့ လိုချင်တဲ့ ဖိုင်ကို Recover ပြန်ရနိုင်ပါသေးတယ်။ Unrecoverable ဆိုရင်တော့ မရနိုင်တော့ပါဘူး။ အဲ့အဆင့်ကို ရောက်သွားတယ် ဆိုရင်တော့ ဖိုင်က တစစီဖြစ်သွားနိုင်တာမို့ မရနိုင်တော့ပါဘူး။

သူ့မှာ တခုကောင်းတာကတော့ Search ကနေ လိုချင်တဲ့သိချင်တဲ့ File name or file Type တွေကှိုရှာနိုင်ပါတယ်။
Recover လုပ်ချင်တဲ့ဖိုင်ကို တွေ့ရင် ဖိုင်ရဲ့ဘယ်ဘက်ဘေးက Check Box မှာ Check ပြီး Right Click ထောက်ပြီး Recover ကိုရွှေးပြီး သိမ်းထားချင်တဲ့ File Path ကိုရွှေးပေးလိုက်ပါ။ ဒါဆို သူပြန်သိမ်းထားပေးမှာပါ ... အရေးကြီးတာက File Path နေရမှန်ဘို့ပါဘဲ..

အဆင်ပြေနိုင်မယ် ဒေါင်းလို့ကောင်းမဲ့ နေရာ ၂ခုကနေတင်ထားပေးလိုက်ပါတယ်။ အကယ်၍ စက်လေးမှာ စိုးပြီး Portable သုံးချင်သူများတွက်ပါ Portable File ကို တင်ပေးလိုက်ပါတယ်။

( ဖိုင်များကို ကလိလွန်ပြီး မှားဖျက်မိလိုက်သော ကိုကိုပွ ကိုရည်ရွယ်ရင်း ပို့စ်အဖြစ်ရေးတင်လိုက်ချင်းဖြစ်ပါသည် mrgreen )

အဆင်ပြေနိုင်ကြပါစေ... lol

Read more

>> Remove P/w from Win Rar

Win Rar File တွေကိုဒေါင်းလုပ်လုပ်သူတချို့ ကြုံတွေနိုင်တဲ့ အခက်အခဲကိုဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးပါ တချို့ဖိုင်တွေကိုဒေါင်းလုပ် လုပ်ကြပေမဲ့ တခါတလေမှာ စကားဝှက် ခံထားတတ်ကြပါတယ် ဒီလိုခံထားတော့ စကားဝှက်မသိတော့ သုံးချင်ပေမဲ့မသုံးနိုင်ကြပါဘူး ဒီအတွက်အဆင်ပြေနိုင်စေနိုင်တာက Win Rar ကိုစကားဝှက်ခံထားတဲ့ ဖိုင်တွေကို စကားဝှက်ဖယ်ရှားပေးနိုင်တဲ့ ဆော့ဝဲလေးတခုတင်ပေးလိုက်ပါတယ်.. အကယ်၍များ မိမိဒေါင်းလုပ်လုပ် ထားတဲ့ဖိုင်မှာစကားဝှက် ခံနေမယ်ဆိုရင် ဒါလေးကို သုံးပြီးဖယ်နိုင်မှာပါ ခုနောက်ပိုင်း တော်တော်များများဝပ်ဆိုဒ်တွေမှာ တင်ပေးတဲ့ဖိုင်တွေက ဖိုင်ဆိုဒ်တွေများနေတာကြောင့် Rar File တွေနဲ့ခွဲပြီး တင်ထားပေးတတ်ကြပေမဲ့... စကားဝှက်ခံထားတာလဲ ရှိနိုင်ပါတယ်... ဒါကြောင့် သုံးလိုသူများ သုံးနိုင်အောင်မျှဝေတင်ပေးလိုက် တာပါ .... အဆင်ပြေနိုင်မယ်ထင်တဲ့ ၂ နေရာကနေ တင်ထားပေးပါတယ်။

အဆင်ပြေနိုင်ကြပါစေ.. razz

Read more

>>> Network Connection Shortcut for Window Vista

Window Vista မှာ အင်တာနက်ကွန်နက်ရှင်ကိုချိတ်ဆက်ရာမှာ XP လိုတိုက်ရိုက်မ၀င်သွားတဲ့တွက်တခါလေ ပြန်ချိတ်ပေးရတတ်ပါတယ်
ကျနော်ကိုယ်တိုင်ခဏခဏလုပ်ခဲ့ရဘူးတာပါ... အင်မတန်စိတ်ပျက်ဘို့တောင်ကောင်းပါတယ်... တိုက်ရိုက် Manage လုပ်မပေးပါဘူး...
Network And Sharing Center ဆိုတာကိုပြန်ပြန်ဝင်နေရတာကိုကအလုပ်တခုအပိုလိုဖြစ်နေတတ်ပါတယ်... Vista သုံးကြသူများကြုံဘူး
ကြမှာပါ... တခါတလေ အင်တာနက်ကို အလျှင်စလိုသုံးချင်ရင်.. ချက်ချင်းကိုမ၀င်လို့ ပြန်ချိတ်ဆက်ပေးနေရတတ်ပါတယ်.. Router ခံသုံး
သူများ ပိုဖြစ်နိုင်မယ်ထင်ပါတယ်..

ဒီအတွက်..မိမိကွန်ပျူတာရဲ့ Desktop မှာ Shortcut လေးလုပ်ပြီး သုံးကြည့်ရင်ပိုမြန်ဆန်သလို... Manage လုပ်ရတာလဲ ပိုလွယ်ကူပြီးမြန်
လာပါတယ်....လုပ်ဆောင်လိုသူများ အောက်က အဆင့်တွေအတိုင်းလုပ်ဆောင်ပေးကြည့်ပါ...

  • Desktop ပေါ်မှာ Right Click ထောက်ပေးပြီး New ဘေးနားက Shortcut ကိုရွှေးပေးပါ။
  • ပေါ်လာတဲ့ Shortcut Icom မှာ အောက်ကစာသားလေးကို ကူးထည့်ပေးလိုက်ပါ။
  • explorer.exe ::{7007ACC7-3202-11D1-AAD2-00805FC1270E}
  • ပြီးရင် Next ကိုဆက်ကလစ်ပြီး My Network Connection ( သို့ ) သင်နှစ်သက်ရာအမည်တခုပေးလိုက်ပါ။
ဒါဆိုရင် Desktop မှာ Connection Shortcut လေးပေါ်လာမှာပါ...

ဒီထက်ပိုပြီး Quick Lunch Setting ထဲကို မောက်စ်လးနဲ့ ဆွဲထည့်ပြီးတော့လဲ သုံးနိုင်ပါတယ်...
အကယ်၍ Computer ညာဘက်ထောင့် အောက်နားက ကွန်နက်ရှင်ပုံလေး မှာ ကွန်နက်ရှင်မမိဘူးဖြစ်နေခဲ့ရင်လဲ အထက်က Shortcut ကို
ဖွင့်ပြီး Double Click ပေးပြီး Diagnose ကို ကလစ်ပြီး Restart လုပ်ပေးလိုက်ရင် အင်တာနက်ပြန်ချိုတ်ပေးသွားပါလိမ့်မယ်... ကျနော်သိသ
လောက်တော့ Router ခံသုံးသူတွေမှာသာဖြစ်များတာမို့လို့ပါ.. Router ကို Setup လုပ်တာမှန်ထားရင်တော့မဖြစ်တတ်ပါဘူး..

အဆင်ပြေနိုင်ကြပါစေ..lol

rolleyes

Read more

>>> MS Office 2007 file Format Converter

Window XP ဘဲသုံးသူများမှာ MS 2003 ဘဲသုံးကြတာများပါတယ်.. ဒီအတွက်အခက်ကြုံနိုင်တာကတော့ MS Office 2007
နဲ့ တခြားသူကပို့ပေးတာကို ဖွင့်မရတဲ့ပြဿနာကြုံဘူးမှာပါ...ဒီအတွက်ပြန်လည်ဖြေရှင်းနိုင်တဲ့ Convert လုပ်နည်းလေးပါ။
တချို့တော့ သိချင်သိနှင့်နေမှာပါ... မသိတဲ့သူများတွက်တော့အခက်ကြုံနိုင်တာမို့... အကယ်၍ တဘက်ကနေသူငယ်ချင်း
က ပို့လာတယ်ဆိုရင်တောင်.. ဖိုင်ကိုဖွင့်လို့်ရမှာမဟုတ်ပါဘူး.. စိတ်ပျက်စရာတောင်ကောင်းလှပါတယ်....

Office 2007 နဲ့ ရေးထားတဲ့ word ဖိုင်တွေ၊ powerpoint ဖိုင်တွေ၊ excel ဖိုင်တွေဆိုရင် office 2003 ကနေ ဖွင့်လို့မရပါဘူး။
ဖိုင်အမျိုးအစားက လဲမတူပါဘူး။ ဒါပေမဲ့လည်း 2007 ဖိုင်တွေဖတ်ဖို့ office 2007 ကြီး install လုပ်စရာမလိုတော့ပါဘူး။
office 2003 နဲ့ office 2007 ဖိုင်တွေကို ဖတ်ဖို့ Microsoft ကနေပြီးတော့ ထုပ်ပေးထားတာရှိပါတယ်... မသိသေးတာကြောင့်
လဲဖြစ်ချင်ဖြစ်မှာပါလေ ... ဒါကိုဖြေရှင်းနိုင်ဘို့အတွက်...
Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats ကို ထုတ်ပေးထားပါတယ်။
အဲဒါလေးကို install လုပ်ပြီးတဲ့အခါ office 2007 ဖိုင်တွေကို 2003 နဲ့ အလိုလို ဖွင့်ပေးသွားပါလိမ့်မယ်။
Download Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats

အကယ်၍ အသေးစိပ်သိလိုလျှင် ဒီနေရာကိုသွား ကြည့်နိုင်ပါတယ်။
ကျနော် အဆင်ပြေနိုင်မယ် ထင်တဲ့နေရာကနေတင်ပေးလိုက်တာပါ။

အဆင်ပြေနိုင်ကြပါစေ ...razz

Read more

Related Posts with Thumbnails

Oct 17, 2009

Hiden Files တွေကိုရှာချင်ရင်

Posted by မာန်လေး at Saturday, October 17, 2009 0 comments
ဒါလေးကတော့ ကိုယ့်စက်မှာ ဗိုင်းရပ် ကိုက်သွားလို့ပျောက် သွားတဲ့ဖိုင်တွေ... သို့မဟုတ်... Hidden ဖြစ်နေတဲ့ ဖိုင်တွေကို ပြန်ရှာချင်သူတွေအတွက် အသုံးတည့်မယ် ထင်တာလေးပါ.... ပြန်ရှာရလွယ်ကူစေပါတယ် ဖိုင်ဆိုဒ်လဲမကြီးပါဘူး နောက်တခုက Portable ဖြစ်တဲ့တွက် အင်စတော လုပ်စရာမလိုဘဲ သုံးနိုင်ပါတယ်...
ဘာဘဲဖြစ်ဖြစ်ပေါ့လေ ကိုယ်ပျောက်နေတဲ့ဖိုင်တွေ ပြန်ရှာနိုင်တဲ့တွက်... အသုံးဝင်မှာပါ ..

ကဲ လိုအပ်သူတွေ ..ဒေါင်းချင်သူတွေ ဒေါင်းနိုင်ပါပြီး ...

Download Here

အကယ်၍ ဒေါင်းရတာအဆင်မပြေကြရင် ပြောပါ... နောက်တနေရာကနေတင်ပေးပါ့မယ်။

အဆင်ပြေကြပါစေ

Oct 14, 2009

Firefox Add-on

Posted by မာန်လေး at Wednesday, October 14, 2009 0 comments
Firefox Browser ကို အမြင်တမျိုးလေးနဲ့ ထင်ဒေါင်းထားတဲ့ပုံလေး မဟုတ်ဘဲ... ခပ်ဆန်းဆန်း ပုံလေးနဲ့ သုံးချင်ကြသူတွေသုံးစေချင်လို့ပါ... ကျနော်တော့ လုပ်ထားတာကြာပါပြီး ခုမှ စိတ်ကူးမိတာနဲ့ အသုံးပြုချင်သူများ အတွက်ပေါ့ .. အောက်ကပေး ထားတဲ့ လင့်လေး ကို ကလစ်ဖွင့်.... Add to Firefox ဆိုတာကိုဒေါင်းလိုက်ပါ.... နောက် အင်စတော ဆိုတာကို ဆက်ကလစ် ပေးလိုက်ပါ... ဖိုင်းယားဖောင့် ကို restart တောင်းပါလိမ့်မယ်.. ပေးလိုက်ပါ ... ဖိုင်းယားဖောင့် ပြန်တတ်လာရင် အမြင်တမျိုးလေး နဲ့ မြင်ရမှာပါ ... ကဲ ... လိုအပ်သူများ စမ်းကြည့်ကြပေါ့ ...

ဒီနေရာကိုသွားပါ

အဆင်ပြေကြပါစေ
Posted by မာန်လေး at Wednesday, October 14, 2009 0 comments

Oct 12, 2009

Portable Nero 9

Posted by မာန်လေး at Monday, October 12, 2009 0 comments

CD ခွေတွေ တွေ burn ရင်  ဘဲဖြစ်ဖြစ်.... mp3 song တွေကို CD ဘမ်းလိုသူတွေအတွက် အသုံးတည့်မယ် ထင်တာလေးပါ ..
တချို့က Nero မှ နှစ်သက်သူတွေရှိနိုင်တာမို့  အင်စတော လုပ်စရာမလိုဘဲ သုံးနိုင်အောင်တင်ပေးလိုက်တာပါ ..
သုံးနည်းက တော့တော်တော် များများ သိထားနှင့်ကြပြီးမို့ မရေးတင်တော့ဘူး ဗျာ........  လိုအိပ်သူများ ဒေါင်းသွားကြပေါ့...

http://ifile.it/blkqhn7

Photo converter

Posted by မာန်လေး at Monday, October 12, 2009 0 comments

ကိုနေညို ရေ တောင်းထားတာလေး ရှာတင်ပေးလိုက်တယ်နော်... ဒေါင်းလို့လွယ်မယ်ထင်တဲ့ နေရာကနေ တင်ထားပေးလိုက်တယ်.... လုပ်နည်းက တော့ ဘာမှ မခက်ပါဘူး Add Picture ဆိုတာကို ကလစ်ဖွင့် ပြီး လိုချင်တဲ့ ပုံကို ရွေး ... ညာဘက်ခြမ်းက Resize ဆိုတာမှာ သင့်ရာ ရွေးပြီး output ကို ကလစ်လိုက်ပါ။

လုပ်ရတာလွယ်ပါတယ်... ဒါကြောင့် အကျယ်မရေးပေးတော့ဘူး ...

Download

Oct 11, 2009

Babylon Pro 8.0.0 r38 Portable

Posted by မာန်လေး at Sunday, October 11, 2009 0 comments
Babylon Pro 8.0.0 r38 Portable

Babylon 8 features:

Single Click activation
Text translation - in 17 languages
Results from the world's leading publishers
Encyclopedias including Wikipedia content
Translations in more than 75 languages
Unit Conversions - Convert currencies, measurements and time
Writing Tools for English
Spelling Alternatives
Translations Web-pages

1 .Downlaod Here

2.Download Here

Oct 4, 2009

Real Hide IP v3.0.0.

Posted by မာန်လေး at Sunday, October 04, 2009 0 comments

အသုံးလိုမယ် ထင်သူတွေအတွက်တင်ပေးလိုက်တာပါ မိမိ မသိစေလိုတဲ့ တချို့ဆိုဒ်တွေကို ၀င်တဲ့ခါ တစုံတရာတော့ အထောက်အကူပြုနိုင်ပါလိမ့်မယ် သုံးရတာ မခက်ပါဘူးလွယ်ပါတယ် ဖိုင်ဆိုဒ်လဲ မကြီးတာမို့ သုံးချင်သူများ စမ်းသပ်သုံးကြည့်ကြပေါ့ သူ့မှာပါတဲ့ Features တွေက တော့ အောက်မှပြထားတဲ့ အတိုင်းပါဘဲ လိုအပ်သူများ ဒေါင်းသွားနိုင်ပါတယ်

Key Features

• Easily Conceal Your IP Address

• Anonymous Web Surfing

• Advanced Application Support

• Protect Your Identity and Stop Hackers

• Un-ban Yourself From Forums, Blogs, Etc...

• Prevent websites from tracking your online activities

• Quickly delete all Internet Explorer and FireFox cookies

• Automatically clear your cookies each time your IP changes

ဒေါင်းလို့ အဆင်ပြေနိုင်မယ် ထင်တဲ့နေရာက တင်ထားပေးလိုက်ပါတယ်

အဆင်ပြေကြပါစေ

Download Here

Sep 26, 2009

Adobe Photoshop CS4 Portable.rar

Posted by မာန်လေး at Saturday, September 26, 2009 0 comments

Blog ဘက်ကို မအားလပ်တာကြောင့်မရောက်ဖြစ်တာပါ ဒီနေ့တော့ နဲနဲလေး အချိုန်၇တာကြောင့် အသုံးတည့်မယ်ထင်တာလေး ရေးတင်ပေးလိုက်တယ် Portable Photoshop လေးပါ .. လိုအပ်သူများ ဒေါင်းပြီးသုံးကြည့်ကြပေါ့ဗျာ... အသေစိပ်တော့ ရေးမတင်တော့ဘူး .. ကျနော်ကိုယ်တိုင်လဲ အကုန်မသိသေးတာကြောင့်လဲပါလို့ပါ .... Portable ဖြစ်တာကြောင့် အချိုန်မရွှေး ပြန်ဖျက်နိုင်သလို စက်ကိုလဲ မလေးစေဘူးပေါ့ဗျာ.... ကဲ စမ်းသပ်ကြည့်ကြပေါ့ဗျာ..

Adobe Photoshop CS4 Portable.rar

အဆင်ပြေကြပါစေ

Sep 13, 2009

DVD Styler_1.7.3 ( Portable )

Posted by မာန်လေး at Sunday, September 13, 2009 0 comments

ကိုယ့်စက်ထဲမှာ ဒေါင်းထားတဲ့ ဗွီဒီယို တွေကို DVD အဖြစ်ပြောင်းချင်ရင် ဒါမှမဟုတ် DVD လုပ်ချင်သူများ အတွက် စမ်းသပ်လုပ်ဆောင်ချင်ကြတယ် ဆိုရင် သုံးကြည့်နိုင်အောင်တင်ပေးလိုက်တာပါ။ Portable ဖြစ်တဲ့အတွက်ကြောင့် လိုမှသာ ဖွင့်သုံးနိုင်ပါတယ် ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ စမ်းသပ်သုံးကြည့်ကြပါ မနှစ်သက်တော့လဲ ပြန်ဖျက်ရတာလွယ်ပါတယ်။

DVD Styler Portable

အဆင်ပြေကြပါစေ

Sep 6, 2009

spyware Cease V 5.0.2

Posted by မာန်လေး at Sunday, September 06, 2009 0 comments
ခုတလော အမားလပ်တာကြောင့် ဘလော့ဘက်ကို မရောက်ဖြစ်တော့တာပါ လာရောက်လည်ပတ်ကြတဲ့ သူတွေကိုလဲ ကျေးဇူးတင်ပါတယ်.. ဒီနေ့တော့ အချိုန်လေး နဲနဲရတာကြောင့် ပြန်ဝင်ဖြစ်တာပါ။

ကျနော်ကိုယ်တိုင်လဲ ခုတလောနှစ်သက်မိတာ ထဲက Portable Spyware Cease ဆိုတဲ့ ဗိုင်းရပ်တချို့ကို ရှင်းပေးနိုင်တဲ့ ဆော့ဝဲလ် လေးပါ.... ကိုယ်တိုင်လဲ သုံးနေပါတယ်... နှစ်သစ်မဲ့သူများ လိုအပ်ရင် စမ်းသပ်သုံးကြည့်ကြပါ ... Portable ဆိုတဲ့တိုင်း လိုအပ်မှ ဖွင့်သုံးနိုင်ပါတယ်။

ဒေါင်းလို့ အဆင်ပြေမယ် ထင်တဲ့ နေရာကနေ တင်ပေးထားပါတယ်။ တကယ်လို့ အဆင်မပြေတော့လဲ တခုခုပြောထား ပေးခဲ့ကြပေါ့ဗျာ...

Download From Mediafire

Jul 29, 2009

Keygen ရှာဖွေနိုင်တဲ့ ဆော့ဝဲလ်

Posted by မာန်လေး at Wednesday, July 29, 2009 0 comments
ကွန်ပျူတာသုံးတဲ့ သူတိုင်းတခါတလေတော့ ကိုယ့် ကွန်ပျူတာမှာ ကိုယ်သွင်းထားတဲ့ Software တွေများလာတော့.. ဘယ် ဆော့ဝဲလ် ကို ဘာကီးထည့်ထား မှန်းမသိကြ မမှတ်မိကြပါဘူး ဒီအတွက် ကီးတွေကို ပြန်ရှာချင်တယ် .. မှတ်ထားချင်တယ်ဆိုရင်... ရှာနိုင်တဲ့ ဆော့ဝဲလ် တခုမျှဝေလိုက်တာပါ။

ကျနော်လဲ ဖြစ်ဘူးတယ်လေ... တခါတလေ ဘယ်ဆော့ဝဲလ် မှာ ဘာကီးထည့်ထားမှန်းကို မသိတာ ဒီတော့ ဒီကောင်လေးက အသုံးဝင်တယ်ဗျာ.. ဥပမာ ပေါ့ဗျာ.... ကိုယ် ၀င်းဒိုးတင်တုံးက ထည့်ထားတဲ့ကီး နောက် ၀င်းဒိုးပြန်တင်ချင်တယ်ဆိုတော့ မသိတော့ဘူးဗျ... ခု ဒီဆော့ဝဲလ်လေး က ကိုယ့် ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Keygen ကို သူက ရှာဖွေပေးနိုင်တယ်လေ ဒါကြောင့် လိုအပ်တဲ့သူ တွေ သုံးချင်သုံးကြည့်ကြပါ ဖိုင်ဆိုဒ်လဲ မကြီးပါဘူး ..

တချို့နေရာ ကွန်နက်ရှင်အခက်အခဲကြောင့် ဒေါင်းလုပ် အဆင်ပြေအောင်... နေရာ ၂ခုကတင်ပေးထားတယ် .. နှစ်သက်ရာ နေရာက ဒေါင်းနိုင်အောင်ပါ။

Download From Fileden

Download From Ifile

အဆင်ပြေကြပါစေဗျာ.. biggrin

င်္Finding For Keygen

Posted by မာန်လေး at Wednesday, July 29, 2009 0 comments
ကွန်ပျူတာသုံးတဲ့ သူတိုင်းတခါတလေတော့ ကိုယ့် ကွန်ပျူတာမှာ ကိုယ်သွင်းထားတဲ့ Software တွေများလာတော့.. ဘယ် ဆော့ဝဲလ် ကို ဘာကီးထည့်ထား မှန်းမသိကြ မမှတ်မိကြပါဘူး ဒီအတွက် ကီးတွေကို ပြန်ရှာချင်တယ် .. မှတ်ထားချင်တယ်ဆိုရင်... ရှာနိုင်တဲ့ ဆော့ဝဲလ် တခုမျှဝေလိုက်တာပါ။

ကျနော်လဲ ဖြစ်ဘူးတယ်လေ... တခါတလေ ဘယ်ဆော့ဝဲလ် မှာ ဘာကီးထည့်ထားမှန်းကို မသိတာ ဒီတော့ ဒီကောင်လေးက အသုံးဝင်တယ်ဗျာ.. ဥပမာ ပေါ့ဗျာ.... ကိုယ် ၀င်းဒိုးတင်တုံးက ထည့်ထားတဲ့ကီး နောက် ၀င်းဒိုးပြန်တင်ချင်တယ်ဆိုတော့ မသိတော့ဘူးဗျ... ခု ဒီဆော့ဝဲလ်လေး က ကိုယ့် ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Keygen ကို သူက ရှာဖွေပေးနိုင်တယ်လေ ဒါကြောင့် လိုအပ်တဲ့သူ တွေ သုံးချင်သုံးကြည့်ကြပါ ဖိုင်ဆိုဒ်လဲ မကြီးပါဘူး ..

တချို့နေရာ ကွန်နက်ရှင်အခက်အခဲကြောင့် ဒေါင်းလုပ် အဆင်ပြေအောင်... နေရာ ၂ခုကတင်ပေးထားတယ် .. နှစ်သက်ရာ နေရာက ဒေါင်းနိုင်အောင်ပါ။

Download From Fileden

Download From Ifile

အဆင်ပြေကြပါစေဗျာ.. biggrin

Jul 27, 2009

Gtalk ကနေ Youtube ကိုကြည့်ကြမယ်

Posted by မာန်လေး at Monday, July 27, 2009 0 comments
Gtalk ကို တော်တော်များများ အသုံးပြုကြတာများပါတယ်.. ခုပြောမှာကလဲ ဂျီတောကနေ ချတ်နေရင်း ကနေ တခြား သူငယ်ချင်းတွေ နဲ့ Youtube က နေသီချင်းဗွီဒီယို လေးတွေပါကြည့်နိုင်တဲ့ နည်းလေးပါ .... တနေ့က မြန်မာက သူငယ်ချင်း တဦးပြောပြ တာကို ကူညီရင်း တခြား မသိသေးသူတွေ လဲ သိစေချင်တာကြောင့် မျှဝေတင်ပေးလိုက်တာပါ။ သိထားနှင့်သူ များတော့ ဒီအဆင့်လေး ကို ကျော်သွားကြပေါ့.. ဗျာ razz

ဒီပုံလေးကို ကြည့်ရင် သိမှာပါ ဂျီတောက နေ ယူကျူ့လင့်လေး တင်ပေးလိုက်ရင် တဘက်က ကိုယ်ချတ်နေတဲ့ သူငယ်ချင်း ဘက်မှာ ကလစ်ပြီး ကြည့်နိုင်မှာပါ။

အထူးသဖြင့် မြန်မာ ကနေ အွန်လိုင်း တတ်လာတဲ့သူငယ်ချင်း တွေ အတွက် တော်တော်အဆင်ပြေနိုင် မယ်ထင်ပါတယ်.....

ကဲ.. လုပ်နည်းလေး ပြောပြကြည့်မယ်...

အဓိက လိုအပ်မှာကတော့ Gtheme Version 2.0 rar ဖိုင်လေးဘဲလိုမှာပါ... မရှိသေးရင် ဒေါင်းလိုက်ပါ။
ဒေါင်းလုပ် လုပ်ပြီးရင် အင်စတောလုပ်ဘို့တွက် Install.exe ဖိုင်လေးကို ဖြေပြီး အင်စတောလုပ်ပေးလိုက်ပါ။ တခုတော့ လုပ်ထားဘို့လိုမယ်ဗျာ.... ဖွင့်ထားတဲ့ ဂျီတော ကို တော့ ပိတ်ထားပေးရပါလိမ့်မယ်။ အားလုံးလုပ်ပြီး သွားပြီးဆိုရင်တော့ ဂျီတော ကိုပြန်ဖွင့်ပြီး Setting ကို သွားပါ ။ Setting ထဲက Apperance ဆိုတာကို ရှာပါ.. အဲဒီမှာ Sravi Chat Theme ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် Gtheme Version ကို လုပ်ဆောင်ခြင်းအပိုင်းပြီးဆုံးသွားပါပြီး။

ဒါပေမဲ့ .. Gtalk chat Window မှာ အသုံးပြုချင်ရင်တော့ .. ရှေကနေ ကုတ်တချို့ခံပေးမှ အသုံးဝင်ပါလိမ့်မယ် ။

  • Youtube Video ကို အသုံးပြုချင်တယ်ဆို ရင် sarvi:utube: < ဒီမှာလင့်ထည့်ပေးပါ>

  • Google Video ကို အသုံးပြုချင်တယ် ဆိုရင် sarvi:gvideo:<ဒီမှာလင့်ထည့်ပေးပါ>

အပေါ်မှာ ကျနော်တင်ထားတဲ့ ပုံလေးက အောက်က ကုတ်အတိုင်း လေးတင်ထားတာပါ.....

sravi:utube:

ကျနော်သုံးကြည့်ထားသလောက်တော့ Google Video, Youtube အပြင်တခြား TV Channel နဲ့ Radio Channel တွေကိုလဲ ကြည့်နိုင်ပါတယ်။

တခုတော့ ရှိတာပေါ့ဗျာ... တဘက် ကိုယ့်သူငယ်ချင်း ဘက်မှာ လဲ အထက်က Gtheme ကိုတော့ အင်စတော လုပ်ထားဘို့တော့ လိုမှာပါ။ ဒါဆိုရင် အထူးသဖြင့် မြန်မာပြည်က နေ ဂျီတောချတ် နေကြတဲ့ သူငယ်ချင်းတွေ Youtube က သီချင်းတွေကိုကြည့်နိုင်ပါလိမ့်မယ်။

အကယ်၍ Gtalk Background လေးပါ ပြောင်းသုံးချင်သေးတယ် ဆိုရင်ပေါ့.. ဒီအတိုင်းဝင်ပြင်ပေးလိုက်ကြည့်ပါ။

Start >>> All Program >>> Gtheme >>> Change Background ကို အဆင့်ဆင့် ကလစ်သွားပြီး ကိုယ်နှစ်သက်ရာပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ ပုံဆိုဒ်ကိုတော့ 300 x 225 လောက်ဘဲထားပေးသင့်ပါတယ်.. သိပ်ကြီးသွားမယ် ဆိုရင်တော့ ပုံ မဆန့်နိုင်မှာမို့ပါ။

Emotion Icon တွေပါ သုံးချင်တယ် ဆိုရင် တော့ အရင်ဒေါင်းထားတဲ့ ဖိုင်မှာ Readme.txt ဖိုင်လေးကို ကလစ်ဖွင့်ပြီး နှစ်သက်ရာ အိုင်ကွန်လေး တွေတွဲသုံးနိုင်ပါတယ်။

--->>> Dwonload Gtheme Version 2.0 <<<---

--->>> ifile မှ ဒေါင်းလိုသူများ ဒီနေရာ ကနေဒေါင်းနိုင်ပါတယ်။

နားလည်သလောက်ရေးလိုက်တာပါ... ကျနော့်ရေးသားချက် ကြောင့် မရှင်းတာရှိလဲ စီဘောက်မှာ အော်ထားခဲ့ကြပေါ့ဗျာ..

အဆင်ပြေကြပါစေ mrgreen

မြန်မာနိုင်ငံမှ ဂျီတောအသုံးပြုသူ သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေ

Gtalk ကနေ Youtube ကိုကြည့်ကြမယ်

Posted by မာန်လေး at Monday, July 27, 2009 0 comments
Gtalk ကို တော်တော်များများ အသုံးပြုကြတာများပါတယ်.. ခုပြောမှာကလဲ ဂျီတောကနေ ချတ်နေရင်း ကနေ တခြား သူငယ်ချင်းတွေ နဲ့ Youtube က နေသီချင်းဗွီဒီယို လေးတွေပါကြည့်နိုင်တဲ့ နည်းလေးပါ .... တနေ့က မြန်မာက သူငယ်ချင်း တဦးပြောပြ တာကို ကူညီရင်း တခြား မသိသေးသူတွေ လဲ သိစေချင်တာကြောင့် မျှဝေတင်ပေးလိုက်တာပါ။ သိထားနှင့်သူ များတော့ ဒီအဆင့်လေး ကို ကျော်သွားကြပေါ့.. ဗျာ razz

ဒီပုံလေးကို ကြည့်ရင် သိမှာပါ ဂျီတောက နေ ယူကျူ့လင့်လေး တင်ပေးလိုက်ရင် တဘက်က ကိုယ်ချတ်နေတဲ့ သူငယ်ချင်း ဘက်မှာ ကလစ်ပြီး ကြည့်နိုင်မှာပါ။

အထူးသဖြင့် မြန်မာ ကနေ အွန်လိုင်း တတ်လာတဲ့သူငယ်ချင်း တွေ အတွက် တော်တော်အဆင်ပြေနိုင် မယ်ထင်ပါတယ်.....

ကဲ.. လုပ်နည်းလေး ပြောပြကြည့်မယ်...

အဓိက လိုအပ်မှာကတော့ Gtheme Version 2.0 rar ဖိုင်လေးဘဲလိုမှာပါ... မရှိသေးရင် ဒေါင်းလိုက်ပါ။
ဒေါင်းလုပ် လုပ်ပြီးရင် အင်စတောလုပ်ဘို့တွက် Install.exe ဖိုင်လေးကို ဖြေပြီး အင်စတောလုပ်ပေးလိုက်ပါ။ တခုတော့ လုပ်ထားဘို့လိုမယ်ဗျာ.... ဖွင့်ထားတဲ့ ဂျီတော ကို တော့ ပိတ်ထားပေးရပါလိမ့်မယ်။ အားလုံးလုပ်ပြီး သွားပြီးဆိုရင်တော့ ဂျီတော ကိုပြန်ဖွင့်ပြီး Setting ကို သွားပါ ။ Setting ထဲက Apperance ဆိုတာကို ရှာပါ.. အဲဒီမှာ Sravi Chat Theme ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် Gtheme Version ကို လုပ်ဆောင်ခြင်းအပိုင်းပြီးဆုံးသွားပါပြီး။

ဒါပေမဲ့ .. Gtalk chat Window မှာ အသုံးပြုချင်ရင်တော့ .. ရှေကနေ ကုတ်တချို့ခံပေးမှ အသုံးဝင်ပါလိမ့်မယ် ။

  • Youtube Video ကို အသုံးပြုချင်တယ်ဆို ရင် sarvi:utube: < ဒီမှာလင့်ထည့်ပေးပါ>

  • Google Video ကို အသုံးပြုချင်တယ် ဆိုရင် sarvi:gvideo:<ဒီမှာလင့်ထည့်ပေးပါ>

အပေါ်မှာ ကျနော်တင်ထားတဲ့ ပုံလေးက အောက်က ကုတ်အတိုင်း လေးတင်ထားတာပါ.....

sravi:utube:

ကျနော်သုံးကြည့်ထားသလောက်တော့ Google Video, Youtube အပြင်တခြား TV Channel နဲ့ Radio Channel တွေကိုလဲ ကြည့်နိုင်ပါတယ်။

တခုတော့ ရှိတာပေါ့ဗျာ... တဘက် ကိုယ့်သူငယ်ချင်း ဘက်မှာ လဲ အထက်က Gtheme ကိုတော့ အင်စတော လုပ်ထားဘို့တော့ လိုမှာပါ။ ဒါဆိုရင် အထူးသဖြင့် မြန်မာပြည်က နေ ဂျီတောချတ် နေကြတဲ့ သူငယ်ချင်းတွေ Youtube က သီချင်းတွေကိုကြည့်နိုင်ပါလိမ့်မယ်။

အကယ်၍ Gtalk Background လေးပါ ပြောင်းသုံးချင်သေးတယ် ဆိုရင်ပေါ့.. ဒီအတိုင်းဝင်ပြင်ပေးလိုက်ကြည့်ပါ။

Start >>> All Program >>> Gtheme >>> Change Background ကို အဆင့်ဆင့် ကလစ်သွားပြီး ကိုယ်နှစ်သက်ရာပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ ပုံဆိုဒ်ကိုတော့ 300 x 225 လောက်ဘဲထားပေးသင့်ပါတယ်.. သိပ်ကြီးသွားမယ် ဆိုရင်တော့ ပုံ မဆန့်နိုင်မှာမို့ပါ။

Emotion Icon တွေပါ သုံးချင်တယ် ဆိုရင် တော့ အရင်ဒေါင်းထားတဲ့ ဖိုင်မှာ Readme.txt ဖိုင်လေးကို ကလစ်ဖွင့်ပြီး နှစ်သက်ရာ အိုင်ကွန်လေး တွေတွဲသုံးနိုင်ပါတယ်။

--->>> Dwonload Gtheme Version 2.0 <<<---

--->>> ifile မှ ဒေါင်းလိုသူများ ဒီနေရာ ကနေဒေါင်းနိုင်ပါတယ်။

နားလည်သလောက်ရေးလိုက်တာပါ... ကျနော့်ရေးသားချက် ကြောင့် မရှင်းတာရှိလဲ စီဘောက်မှာ အော်ထားခဲ့ကြပေါ့ဗျာ..

အဆင်ပြေကြပါစေ mrgreen

မြန်မာနိုင်ငံမှ ဂျီတောအသုံးပြုသူ သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေ

Jul 26, 2009

Reply For Cbox

Posted by မာန်လေး at Sunday, July 26, 2009 0 comments
C.box မှာမေးထားတဲ့ Shwebo အတွက် အသေးစိပ်တော့မဖြေပေးတော့ဘူးနော်... ဒေါင်းလို့ ရနိုင်တဲ့ နေရာကနေ တင်ပေးလိုက်ပါတယ်။ လုပ်ဆောင်နည်းကတော့ ရေးထားပေးပြီးသားဖြစ်လို့ ထပ်မရေးလိုက် တော့ဘူးဗျာ.. Download Here ဒီမှာဒေါင်းကြည့်လိုက်ပါ။

အဆင်ပြေပါစေ

Jul 25, 2009

Translate a web page

Posted by မာန်လေး at Saturday, July 25, 2009 0 comments
ခုတလော မအားတာရယ်ကြောင့် ကိုယ့်ဘလော့ ကိုတောင် ၀င်မကြည့်ဖြစ်သလို.. ဘာမှတောင်မရေးဖြစ်သလို ဖြစ်နေတယ်... လာလည်ကြတဲ့မိတ်ဆွေ သူငယ်ချင်းတွေလဲ ဖတ်စရာ အသစ်မရှိတော့ပျင်းနေမှာ ဘဲတွေးမိလိုက်တာနဲ့Yahoo ဘာသာပြန် Link သုံးနည်းလေး မျှဝေပေးလိုက်တာပါ .. တခါတလေ အင်တာနက်တော့ရှိတယ်. တခြားဝပ်ဆိုဒ် တွေကို သွားရင်... ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့မြင်လိုက်တော့ ဖတ်လဲဖတ်ချင်တယ် နားမလည်တော့ ပြန်ထွက်လာခဲ့ရတာပေါ့.. ကျနော်ကိုယ်တိုင်လဲ ဖြစ်ခဲ့ဘူးတယ်လေ .. ဒါကို မသိသေးသူတွေ အဆင်ပြေစေချင်တာကြောင့် .. မျှဝေပေးလိုက်တာပါ။

ဒီပုံလေးကို ကြည့်လိုက်ပါ။ ကိုယ်မသိတဲ့ ဘာသာစကား ကို... လင့် ထည့်ပေးလိုက်ပြီး ချိုန်းနိုင်တယ်..

ဥပမာ အနေဲ့ လင့်တခုကို ထည့်ထားပြတာပါ.. တကယ်ကိုယ် မသိတဲ့ ဘာသာစကားကို အင်္ဂလိပ်ဘာသာ ကို ပြန်ချိုန်းလိုက်တော့ ဖတ်ရတာ အဆင်ပြေနိုင်တာပေါ့ဗျာ.. သူ့မှာ ဘာသာစကားတော်တော်များများ ကို ပြောင်းလဲသုံးနိုင်တယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ... သိထားသူများ တွက်တော့ ဒီအဆင့်ကိုကျော်သွားနိုင်ပေမဲ့ မသိသေးသူ တွေတွက်တော့ အသုံးဝင်နိုင်ကောင်းမယ် ထင်ပြီး ဝေမျှပေးလိုက်တာပါ ...

အကယ်၍များ ဘာသာစကား တခုခုကြောင့် အခက်အခဲ ကြုံရင် ဒီနေရာ လေးမှာ သွားပြီး လိုအပ်သလို ဘာသာပြန်နိုင်ကြပါတယ်။

Jul 20, 2009

Google Earth Portable

Posted by မာန်လေး at Monday, July 20, 2009 0 comments
ဘလော့ ဘက်ကိုတောင်မရောက်ဖြစ်ဘဲ မရေးဖြစ်တာတောင်နဲနဲ ကြာသွားတယ်....ဗျာ.. ဘာရယ်လို့မှတော့ ထူခြားတာမရှိပါဘူး ..ယောင်နေတာဘဲများနေတာ ထင်တယ်:P ခုတော့ ရေးချင်စိတ်လေးပေါ် လာတဲ့.. ခုလေးတင်ကို သိချင်တာလေးရှိတာကြောင့် Google Earth ကိုသုံးရင်း ... အင်း တချို့စက်လေး မှာစိုးလို့ဆိုပြီး သုံးချင်တာတောင် မသုံးတဲ့သူတွေတွက်.. Portable လေးတင်ပေးလိုက်တာပါ... ကိုယ်တိုင်သုံးနေတာတော့ကြာပါပြီး သုံးချင်သူများလဲ ကိုယ့်လိုသုံးချင်တဲ့ချိုန်လေး ..အားလပ်ချိုန်လေးမှာ သုံးနိုင်အောင်ပါ... ကဲ လေရှည်သွားတယ်ဗျာ...နော်

အထက်က ပုံလေးကိုကြည့်လိုက်ပါ Google Earth ဆော့ဝဲလေးကပုံလေးပါ အင်စတောလုပ် စရာ မလိုဘဲ သုံးချင်တဲ့ချိုန် ဖွင့်သုံးနိုင်သလို စက်အတွက်လဲ Free Space မထိခိုက်ဘူးပေါ့ ဗျာ... သိပြီးသူများတော့ .. ကျော်သွားကြပေါ့ ဗျာ..နော် mrgreen မရှိကြသေးသူများ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်...နော် rolleyes

Download For Google Earth Portable

အဆင်ပြေနိုင်ကြပါစေ..ဗျာ
biggrin

Portable Google Earth V4.3.7

Posted by မာန်လေး at Monday, July 20, 2009 0 comments
ဘလော့ ဘက်ကိုတောင်မရောက်ဖြစ်ဘဲ မရေးဖြစ်တာတောင်နဲနဲ ကြာသွားတယ်....ဗျာ.. ဘာရယ်လို့မှတော့ ထူခြားတာမရှိပါဘူး ..ယောင်နေတာဘဲများနေတာ ထင်တယ်:P ခုတော့ ရေးချင်စိတ်လေးပေါ် လာတဲ့.. ခုလေးတင်ကို သိချင်တာလေးရှိတာကြောင့် Google Earth ကိုသုံးရင်း ... အင်း တချို့စက်လေး မှာစိုးလို့ဆိုပြီး သုံးချင်တာတောင် မသုံးတဲ့သူတွေတွက်.. Portable လေးတင်ပေးလိုက်တာပါ... ကိုယ်တိုင်သုံးနေတာတော့ကြာပါပြီး သုံးချင်သူများလဲ ကိုယ့်လိုသုံးချင်တဲ့ချိုန်လေး ..အားလပ်ချိုန်လေးမှာ သုံးနိုင်အောင်ပါ... ကဲ လေရှည်သွားတယ်ဗျာ...နော်

အထက်က ပုံလေးကိုကြည့်လိုက်ပါ Google Earth ဆော့ဝဲလေးကပုံလေးပါ အင်စတောလုပ် စရာ မလိုဘဲ သုံးချင်တဲ့ချိုန် ဖွင့်သုံးနိုင်သလို စက်အတွက်လဲ Free Space မထိခိုက်ဘူးပေါ့ ဗျာ... သိပြီးသူများတော့ .. ကျော်သွားကြပေါ့ ဗျာ..နော် mrgreen မရှိကြသေးသူများ အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်...နော် rolleyes";})();ButtonMouseDown(this);'>";})();ButtonMouseDown(this);'>

Download For Google Earth Portable

အဆင်ပြေနိုင်ကြပါစေ..ဗျာ biggrin

Jul 17, 2009

19th July ( 62th Anniversary Martry Day )

Posted by မာန်လေး at Friday, July 17, 2009 0 comments
ဂျူလှိုင် ( ၁၉ ) ရက်နေ့မှာ ကျရောက်မယ့်... အာဇာနည်နေ့ အမှတ်တရအဖြစ် .. တင်လိုက်တာပါ. နိုင်ငံနဲ့ လူမျိုးအတွက်.. အသက်စွန့်ပေးဆပ်သွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိလားကြပါစေ။ လွပ်လပ်ရေး အတွက် အသက်သွေး ချွေးတွေနဲ့ရင်းပြီး အမိမြန်မာပြည်ကို တိုင်းတပါးလက်ထဲကနေ လွပ်လပ်ရေး ရအောင်ယူပေး ခဲ့ကြပေမဲ့.. လွပ်လပ်ရေး ရဲ့ အရသာကိုခံတောင်မခံ စားသွားနိုင်ကြတဲ့ .. အာဇာနည်
ခေါင်းဆောင်ကြီးများကို .. ဦးညွတ်ဂုဏ်ပြုရင်းးးးး နှစ်သက်မိတဲ့ပုံလေးကိုတင်လိုက်တာပါ။

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။

ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။

သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။

သခင် မြ (၁၈၉၇ - ၁၉၄၇)

သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။

ဦးဘချို (၁၈၉၃ - ၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။

ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ အစ္စလာမ် ဘာသာ ကိုးကွယ်သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။

မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။

မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။

ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။

ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။

Jul 10, 2009

mmm

Posted by မာန်လေး at Friday, July 10, 2009 0 comments
ဗျူဟာ ပေါ်လစီ စမ်းစစ်ချက်

ကျနော်တို့ မြန်မာတွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု အားနည်းချက်တခုမှာ “မူ” သို့မဟုတ် ပေါ်လစီထက် “လူ” ကို ခင်တွယ်တာ “ပို” ကြတယ်။ ဒါကြောင့် ဒေါ်စုက အကြမ်းမဖက်တဲ့ ဝါဒ Non-Violence ကို ဦးစားပေးတယ်ဆိုတာနဲ့ လူတိုင်း အကြမ်းမဖက်တဲ့ ဝါဒီတွေ ဖြစ်ကုန်ကြရော။ ဒေါ်စုနဲ့ ပတ်သက်တယ် ထင်ရင်ပဲ “ရလဒ်” ကို မဆန်းစစ်ချင်ကြတော့ဘူး။ အကြမ်းမဖက်တဲ့ ဝါဒဆိုတာ ခံယူချက်၊ ပေါ်လစီ မဟုတ်ပါ။

အကြမ်းမဖက်တဲ့ ဝါဒအပေါ် အခြေခံပြီး စေ့စပ်ရေးလမ်းကြောင်း ပေါ်လစီကို ဖော်ဆောင်ရာမှာ ကုလသမဂ္ဂ ယူအင် - UN ကိုချည်း အားကိုးနေ၍ မရနိုင်ပါဘူး။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုနဲ့ ဖိအားပေး၊ ကုလသမဂ္ဂက လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးမယ်ဆိုပြီး ရာဇသံပေးလို့ နအဖ ဗိုလ်ချုပ်တွေကို စည်းဝေးဝိုင်းအတွင်း ဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီပဲ။

ပေါ်လစီ ဖော်ဆောင်မှုမှာ အားနည်းတာလား၊ ပေါ်လစီကိုယ်တိုင်က အားနည်းတာလား၊ ဆိုတာကို ဘယ်သူကမှ ဆန်းစစ်ဖို့ သတိမရှိခဲ့ကြဘူး။

နအဖ က “အချိန်” ကို ရတဲ့နည်းနဲ့ ဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် သုံးခဲ့တာ အနှစ် ၂၀ ကြာတော့ “လူ” တွေလည်း ခြေကုန်လက်ပန်းကျ၊ တိုင်းပြည်လည်း မွဲသထက်မွဲ၊ မြန်မာပြည်သားတွေလည်း တကမ္ဘာလုံး ပြန့်ကြဲကုန်၊ နိုင်ငံရေးသမား အများစုဟာလည်း ထောင်ထဲရောက်ကုန်ပြီ။

နအဖ ဗိုလ်ချုပ်တွေကတော့ အလှည့်ကျနည်းနဲ့ တိုင်းပြည် သယံဇာတတွေကို ရောင်းစားရင်း ချမ်းသာကြွယ်ဝပြီး၊ မြန်မာစစ်တပ်ဟာ ကြီးထွားလာရုံမက အနုမြူလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေးအတွက် ကြိုးပမ်းလျက်ရှိတယ်။

နအဖ က ပြည်တွင်း အတိုက်ခံတွေကို အနိုင်ကိုင်နိုင်ပြီလို့ ယူဆပုံရတယ်။ နောက်တဆင့် ရေနံနဲ့ ဓာတ်ငွေ့ကရတဲ့ ငွေတွေနဲ့ စစ်အင်အားကို ချဲ့ကာ ဒေသဆိုင်ရာ စစ်အင်အားကြီးနိုင်ငံ ဖြစ်ရအောင် ချီတက်လျက်ရှိတယ်။

မကြာခင် အနှစ် ၂ဝ အတွင်းမှာ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေသာမက အရှေ့တောင်အာရှ ဒေသတခုလုံးကိုပါ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်။ အားလုံးအတွက် ပြဿနာ ဖြစ်လာပါလိမ့်မယ်။

ဒေါ်စုရဲ့ ပြဿနာ

ကျနော့်အမြင်အရ ဒေါ်စုကို ထိပ်တန်းကို တင်ပို့လိုက်တာ ဒေါ်စုရဲ့ သတ္တိနဲ့ ဒီမိုကရေစီ ယုံကြည်ချက်အပြင် အကြမ်းမဖက်တဲ့ဝါဒ Non-Violence ကို ထိပ်တန်းတင်လာတဲ့အတွက် အနောက်နိုင်ငံက တက်ကြွလှုပ်ရှားသူတွေ Activists တွေ အကြိုက် ဖြစ်သွားတယ်။ ဒါကြောင့် နိုဘယ်ဆုရအောင် ဝိုင်းထမ်းတင်ပေးလိုက်ကြတယ်။ ဒီဆုကြီးကြောင့် ကိုင်ထားတဲ့ ဝါဒကို ပစ်ပယ်လို့ မရတော့ဘူး။ ဒီနည်းနဲ့ နအဖ ကို တိုက်လို့မရကြောင်း သိရင်တောင် ဒီလမ်းက သွေဖည်ဖို့ အခက်ဖြစ်နေတယ်။ Activists ဆိုတာ တာဝန်ယူမှု မရှိဘူး။ အရွေးခံရတဲ့ နိုင်ငံရေးသမားတွေနဲ့ ပေါ်လစီကိုင်သူ Policy makers တွေရဲ့ တာဝန်ကိုး။

ဒေါ်စုက ဘာသာရေးကြည်ညိုစိတ် ပြင်းပုံရတယ်။ ဂျပန်က ပညာရှင်တယောက်က ဒေါ်စုနဲ့ အင်တာဗျူးလုပ်ပြီး ပြန်ရေးပြထားတဲ့ အထဲမှာ ဒေါ်စုဟာ ဘာသာရေးနဲ့ ကြည့်ပြီး “ အမှန်တရား” က “ မကောင်းမှုအမှား” ကို ကျော်လွှား အနိုင်ယူမယ်လို့ မြင်ပုံရတယ်လို့ သုံးသပ်ထားတယ်။ လက်တွေ့မှာ အာဏာနဲ့ စည်းစိမ်အတွက်ဆိုရင် “ဘာသာ” လည်း မရှိ၊ တိုင်းပြည်နဲ့ လူမျိုး ချစ်စိတ်လည်း မရှိ၊ တိုင်းပြည်ကို ရောင်းစားရမှာလည်း မကြောက်တဲ့ မိစ္ဆာဗိုလ်ချုပ်တွေကို “အမှား”၊ “အမှန်” တခုထဲနဲ့ အနိုင်ယူဖို့၊ မေတ္တာသစ္စာနဲ့ပဲ အနိုင်ယူဖို့ဆိုတာ လက်တွေ့ကျပါ့မလားလို့ မေးစရာရှိတယ်။

စတာလင်တို့၊ မော်စီတုံးတို့ဆိုတာ အာဏာအတွက် ကိုယ့်လူမျိုးတွေကို သန်းပေါင်း ဆယ်ဂဏန်းမက သတ်ခဲ့ကြတဲ့ လူသတ်ကောင်တွေပဲ။ ဒါပေမဲ့ အာဏာလက်ကိုင် ဘဝနဲ့ သေဆုံးသွားကြတော့ သူရဲကောင်းတွေအဖြစ် သေသွားကြပြီး အခုမှ ရာဇဝင်က တဖြည်းဖြည်း ဖော်လာကြရတာပဲ။ အာဏာရှင်ဆိုတာ ဆန့်ကျင်ရုံနဲ့မရ တော်လှန်မှ ရတာကိုး ။ မော်စီတုံးပြောသွားသလို အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုတာကို တရုတ်တွေဆီက နအဖ ဗိုလ်ချုပ်တွေက လက်ခံ ဆည်းပူးထားပုံရတယ်။

ဒေါ်စုဟာ စိတ်ကောင်း ရှိလွန်းတယ်။ မိခင်စိတ် ရှိလွန်းတယ်။ ဒါကြောင့် မရက်စက်ချင်ဘူး။ ဖြစ်နိုင်ရင် ခွင့်လွှတ်ချင်တယ်။ ဒိအပြင် ကိုယ့်လူငယ်တွေကို ရက်ရက်စက်စက်၊ ပြတ်ပြတ်သားသား မစွန့်လွှတ် မစတေး ရက်ဘူး။

စိတ်ကောင်းရှိတဲ့  အကြမ်းမဖက်တဲ့ ဝါဒကို ယုံကြည်မှုပြင်းတဲ့ ဒေါ်စုကို ကျနော် နားလည်တယ်။ သူ အနာခံ ဆန့်ကျင်ပြတာကို ကျေးဇူးလည်း တင်တယ်။ အမေရိကားမှာ သမ္မတကြီး ငြင်းဆိုခွင့် Plausible Deniability ရှိအောင် တခါတရံ သမ္မတကို တမင်အသိမပေးဘဲ အောက်က လုပ်ရတာတွေ ရှိတယ်။ ဒီလိုပဲ ဒေါ်စုကို ဒီမိုကရေစီ ပုံရိပ်အဖြစ် လူတွေ တက်ကြွလာအောင် နှိုးဆော်ပေးနိုင်တဲ့ ခေါင်းဆောင် Inspirational-Leader အဖြစ် ထိပ်မှာတင်ထားပြီး၊ မလုပ်မဖြစ်တဲ့ Grass-Root အောက်ခြေလူတန်းစား စည်းရုံးရေးနဲ့ အင်အား တည်ဆောက်ဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ မြင်မိတယ်။ ဒီ “အင်အား” နဲ့ တောခြောက်ပြီး၊ အဖြေရှာပြီးတော့မှ ထိပ်မှာနောက်ဆုံး ညှိနှိုင်းဆွေးနွေးကြရင် ကျနော်တို့ခေါင်းဆောင် ဒေါ်စုပဲ “အဖြေရှာ” ရမှာပဲ။ ဒါကြောင့် နောက်ဆုံးပန်းတိုင်ကို ဒေါ်စုသာ လျှောက်နိုင်ပါတယ်။ Only Daw Suu can walks the last mile လို့ ကျနော် အခါခါ ရေးပြခဲ့တာပေါ့။

“အင်အား” မတည်ဆောက်နိုင်သရွေ့၊ တောမခြောက်နိုင်သရွေ့၊ အနောက်နိုင်ငံတွေက ဟန်ဆောင်ခြိမ်းခြောက်လိုက်၊ လိုအပ်ရင် တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ဟန့်တားလိုက်၊ နအဖ က အတိုက်အခံ ဟူသမျှကို ဖမ်းပြီး နှစ်ရှည်လများ ထောင်ထဲမှာ ထည့်ထားလိုက်နဲ့ အချိန်ကိုဆွဲ၊ “အချိန်” ကို လက်နက်အဖြစ် အသုံးပြုပြီး ကိုမင်းကိုနိုင်တို့လည်း နှစ် ၆ဝ ကျော်၊ ဒေါ်စုလည်း နှစ် ၈ဝ ကျော် ရောက်ကုန်မယ်။ ကျနော်တို့ အားလုံး သဘာဝ တရားအရ တဖြည်းဖြည်း ခန္ဓာကြွေကုန်ကြမယ်။

စိတ်ဓာတ်ကျစရာမဟုတ် အရှိကို အရှိအတိုင်း မြင်တတ်ဖို့သာ လိုပါတယ်။

လက်ရှိအခြေအနေမှာ အတိုက်အခံဟာ ‘အားနည်းတယ်’။ ဒါကို စိတ်ဓာတ်ကျစရာ မလိုပါ။ ဘာကြောင့် အားနည်းသလဲဆိုတာကို ကြည့်မြင်တတ်ရင် ဘယ်လို ‘အားရှိ’ အောင် လုပ်မလဲဆိုတာကို ‘အဖြေ’ ရှာရမယ်။ End Game ဆိုတဲ့ နောက်ဆုံး ရည်မှန်းချက်က ဘာလဲဆိုတာကို သိရမယ်။ သိမှ ‘ဗျူဟာ’ ကို ပြင်ချင်ရင်ပြင်၊ ဖြည့်စွက်ချင်ရင် ဖြည့်စွက်ပေါ့။ ‘လိုချင်’ တဲ့ စိတ် ရှိဖို့ လိုတယ်။ လိုလျှင်ကြံဆ နည်းလမ်းရတာပေါ့။

နိုင်ငံရေးသမားဆိုတာ

မြန်မာ့လွတ်လပ်ရေးသမိုင်းကစလို့ ဒီကနေ့အထိ မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ရင် နိုင်ငံရေးသမား တွေ၎င်း၊ နိုင်ငံရေးကို စိတ်ဝင်စားသူတွေ အများစုဟာ ပြဿနာတခုဖြစ်ရင် ဝုန်းဆို ကောက်ရိုးမီးလို ထတောက်ကြပြီး၊ စိတ်အလိုလိုက်တတ်ကြတယ်။ ရေတက်နေတဲ့ အချိန်မှာ ဆူကြပူကြ ဖြစ်ကြပြီး၊ သွေးအေးသွားရင် ဖုတ်ဆို ပြုတ်ကျ၊ စိတ်ဝင်စားမှု မရှိကြတော့ဘူး။ အထူးသဖြင့် စိတ်လှုပ်ရှားမှုဖြစ်ပြီး၊ စိတ်အလိုလိုက် Emotional ဖြစ်တတ်ကြတယ်။ လူအုပ်များလာရင် လူအုပ်စိတ်ဓာတ် Mob Mentality ဝင်လာပြီး တယောက်ယောက်က ထအော်လိုက်ရင် “ဟေ့လာ … မောင်ရိုးဝါး” ဆိုပြီး ထလိုက်သွားတတ်ကြတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေဟာ ဖရိုဖရဲနဲ့ လူအုပ်နောက် ပါသွားတတ်ကြတယ်။ တနည်းအားဖြင့် နိုင်ငံရေးသမား အများစုဟာ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်ပြီး အစီအစဉ် “ပလင်” ကောင်းကောင်းနဲ့ တဆင့်ပြီး တဆင့်၊ ခြေလှမ်း တချက်ပြီး တစ်ချက် ခြေလှမ်းညီညီ မလှမ်းတတ်ကြဘူး။ ဒါက နိုင်ငံရေးသမားတွေရဲ့ (အားနည်းချက်)ပဲ။

ဒါကြောင့် နိုင်ငံရေးသမားတွေတွေးပုံက လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲ အတင်းဝင်၊ အတင်းတက်၊ အတင်းအော်ကြပေါ့။

စစ်သားဆိုတာ

စစ်သားဆိုတာက စစ်သား ‘စ’ ဖြစ်တဲ့နေ့မှာပဲ ‘လွတ်လပ်ခွင့်’ ကို တံခါးပေါက်မှာ ထားခဲ့ရပြီ။ ခိုင်းတာလုပ်၊ စေရာသွား၊ ပြန်မပြောနဲ့ဆိုတဲ့ သံမဏိစည်းကမ်းကို လိုက်နာရပြီ။ ရောမခေတ်ကတည်းက စစ်သားဆိုတာ ‘စုစည်းမှုအဖွဲ့’ နဲ့ အားယူတာပဲ။ တဦးချင်းမဟုတ်၊ အဖွဲ့နဲ့ တိုက်ရတာကိုး။ တပ်စု တပ်စိပ် တပ်ခွဲ တပ်ရင်း တပ်မဟာ တပ်မ တပ်မအုပ်စု တပ်မတော်ဆိုပြီး ‘အစု’ နဲ့ တိုက်တာ။

စစ်သားဆိုတာ စစ်ပွဲမဖြစ်ခင်ကတည်းက Battle-Plan လို့ခေါ်တဲ့ စစ်ပွဲအစီစဉ် (Plan) ရှိတယ်။ Logistic လို့ ခေါ်တဲ့ ထောက်ပံ့မှုတွေကို ဖြည့်ဆည်းထားရမယ်။ Training လို့ ခေါ်တဲ့ ပြင်ဆင်မှုသင်တန်းတွေ ရှိရတယ်။ Reinforcement လို့ ခေါ်တဲ့ တပ်ဖြည့်မှုတွေကို နားလည်ရတယ်။ Intelligence လို့ ခေါ်တဲ့ ကြိုတင်ထောက်လှမ်းပြီး ရန်သူ့သတင်း ရှိနေရမယ်။ Objective လို့ ခေါ်တဲ့ မိမိသိမ်းပိုက်ရမယ့် ရည်မှန်းချက်၊ ဗျူဟာ Strategy ။ နောက်ဆုံး ဆုတ်ရရင် Exit-Strategy ဆိုတဲ့ ထွက်ပေါက်တွေ အားလုံးကို စဉ်းစားထားရမယ်။ ဒါ စစ်ဗိုလ်ချုပ်တိုင်း မသိမဖြစ်သိရမယ့် အခြေခံအချက်တွေပဲ၊ စစ်ပညာအရင်းခံပဲ။ ဒါကြောင့်စစ်ဗိုလ်တွေရဲ့ အားသာချက်က ခေါင်းအေးအေးနဲ့ အစီအစဉ် (Plan) နဲ့ တိုက်တတ်တဲ့ အကျင့်ရှိတယ်။ စိတ်ထဲပေါ်တဲ့အတိုင်း စိတ်ဆွဲဆောင်ရာနောက် မလိုက်နိုင်၊ လိုက်ခွင့် မရှိပါ။

စစ်ပွဲအစီအစဉ် ရှိပြီးတာတောင် မလုံလောက်သေးပါ။ War Games လို့ ခေါ်တဲ့ ၂ ဖက် ၂ သင်း ဖွဲ့ပြီး၊ တိုက်ကြည့်ရပါတယ်။ ဒါမှ Logistic လိုအပ်ချက်တွေ၊ ဗျူဟာ Strategy ရဲ့ အားနည်းချက်၊ အားသာချက်တွေ ‘ပေါ်’ လာပြီး ပြင်နိုင်တယ်။ စစ်ပွဲတပွဲမှာ ရန်သူအငိုက်မိအောင် လျှပ်တပြက် တိုက်နိုင်တာဟာ အရေးအကြီးဆုံးပဲ။ ဒါကြောင့် ဘယ်ခြောက်ခါ ညာလှမ်းဆိုသလို တဖက်ကို ဟန်ပြပြီး၊ ပရိယာယ်သုံးရတာကို ကောင်းကောင်း နားလည်ရတယ်။ အင်္ဂလိပ်လိုတော့ Deception ဆိုတာပေါ့။

စစ်ပွဲတခုမှာ Logistic (ထောက်ပံ့ရေး) မနိုင်ဘဲ အောင်မြင်ဖို့ သိပ်ခက်တယ်။ ဒါကြောင့် စစ်ဗိုလ်ဖြစ်တာနဲ့ Logistic အကြောင်း နားလည်ရပါတယ်။ ထိုနည်းတူစွာပဲ Professional လို့ ခေါ်တဲ့ တကယ်အလုပ်လုပ်ဖူးတဲ့ အတတ်ပညာရှင် ဖြစ်လာရင် Logistic ကို အရင်မေးကြတာပဲ။ လက်ရှိ စစ်အစိုးရကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမား အများစုဟာ တာဝန်ကြီးကြီးယူရတဲ့ Responsible အလုပ်တွေ မလုပ်ဖူးကြဖူးဘူး (အထူးသဖြင့် ပြည်ပရောက်နေသူတွေပါ)။ လက်တွေ့ အတွေ့အကြုံ မရှိကြဘဲ၊ တသက်လုံး ‘အော်’ လာကြတော့ ‘လိုချင်’ တာပဲ သိကြတယ်။ ‘လိုအပ်’ တာကို နားမလည်ကြဘူးလို့ မြင်မိတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး ‘ပြည်ပ’ မှာ ကျင်လည်နေကြတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးကြည့်ကြပါ။ ‘အရေးကြီးပြီဟေ့’ ဆိုတာကို တွင်တွင်ပြောကြပါလိမ့်မယ်။ ဘာအရေးကြီးတာလဲ၊ ဘာတွေ ‘လို’ သလဲ၊ ဘာတွေ ‘ပြင်’ ထားရမှာလဲ၊ ဘယ်လို ‘အောင်ပွဲ’ ခံမှာလဲ၊ ‘တိုက်ကွက်’ က ဘာလဲ၊ ‘ဆုတ်ကွက်’ က ဘာဆိုတာ မပါကြဘူး။ တယောက်ယောက်က အရေးကြီးပြီဆို အားလုံးက သံယောင်လိုက်ပြီး အရေးကြီး ကုန်ကြရော။ ကြာတော့ တကယ် အရေးပေါ်လာတာတောင် လူအများစုက မယုံတော့ဘူးပေါ့။ ဒါ လက်တွေ့ပကတိ ဖြစ်ရပ်ပါ။

နိုင်ငံရေးသမားတွေရဲ့ အားသာချက်က Diversity လို့ ခေါ်ရမယ့် လူပေါင်းစုံ ပါဝင်ခွင့်ရတဲ့အတွက် ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ ဒါကြောင့် တိုင်းပြည်ထူထောင်တဲ့ (Day-2) လုပ်ငန်းတွေကျတော့ ပုံမှန် အံဝင်ခွင်ကျ ဖြစ်တယ်။ တော်လှန်ရေးကာလ (Day-1) ကာလမှာကျတော့ ဒီ Diversity က အားနည်းချက် ဖြစ်လာနိုင်တယ်။

စစ်ဗိုလ်မှာ ၃ မျိုး ၃ စား ရှိတယ်။ ရှေ့တန်းမှာ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဂျာမန်ဗိုလ်ချုပ် ရွမ်းမဲလ်၊ အမေရိကန်ဗိုလ်ချုပ် မက်အာသာတို့လိုပေါ့။ စစ်တပ်ရဲ့ လိုအပ်ချက်ကိုသိပြီး၊ စစ်တပ်ကို ထူထောင်နိုင်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်မောင်မောင် (ဆိုရှယ်လစ်)၊ အမေရိကန်ဗိုလ်ချုပ် မာရှယ်တို့လိုပေါ့။ ရှေ့တန်းက ဗိုလ်ချုပ်တွေ အောင်ပွဲခံနိုင်အောင် ဒီဗိုလ်ချုပ်တွေက ထူထောင်ဖြည့်ဆည်းပေးရတာ။ နောက်ဆုံးကတော့ နိုင်ငံရေးနားလည်တဲ့ ဗိုလ်ချုပ် - ဥပမာ ဗိုလ်ချုပ်နေဝင်းနဲ့ အမေရိကန်ဗိုလ်ချုပ် ကောလင်းပါဝဲလ်တို့လိုပေါ့။ ဒီဗိုလ်ချုပ်တွေက နိုင်ငံရေးကို နားလည်လိုက်စားပြီး စစ်တပ်ထူထောင်ဖို့ ငွေနဲ့ အခွင့်အရေးတွေရအောင် နိုင်ငံရေးသမားတွေနဲ့ ပလူးပြီး၊ စစ်တပ်ဘတ်ချက်အတွက် ‘ငွေ’ ရှာရတဲ့ နိုင်ငံရေး ဗိုလ်ချုပ်တွေပေါ့။

ဒီမိုကရေစီ မတည့်တံ့သေးတဲ့ နိုင်ငံတိုင်း စစ်တပ်ရဲ့ အာဏာသိမ်းမှု အန္တရာယ်နဲ့ ကြုံတွေ့ရတတ်တယ်။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်တွေ တောခိုတော့ ပြည်တွင်းစစ်ကြောင့် စစ်တပ်ရဲ့နေရာနဲ့ အရှိန်က ပိုကြီးထွားလာတာပေါ့။ တရုတ်ဖြူအန္တရာယ်ကြုံရတော့ စစ်တပ်ရဲ့ အရှိန်က ကြီးသထက် ကြီးလာတာပေါ့။ လွတ်လပ်ရေး တိုက်ပွဲကာလမှာ နိုင်ငံရေး အကွက်မြင်ပါတယ်ဆိုတဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်သန်းထွန်းစတဲ့ နိုင်ငံရေးသမားတွေကိုကျော်ပြီး ဗိုလ်ချုပ်နေဝင်းဟာ ဘာကြောင့် မြန်မာနိုင်ငံရေးကို အုပ်စီးနိုင်ခဲ့သလဲ။ နိုင်ငံရေးပရိယာယ် ကြွယ်တာချင်း တူကြရင်တောင် စစ်သားဆိုတာက စိတ်ရှည်တယ်။ ကြိတ်ကြံထားတဲ့ အစီအစဉ်တွေ ရှိတယ်။ ပရိယာယ်နဲ့ လှည့်ဖြားမှု Deception ရှိတယ်။ နိုင်ငံရေးသမားတွေကို လှည့်ကစားပြီး ကိုယ့်လက်ကို ကိုယ်မပြခဲ့ဘူး။ ဒါကြောင့် ဦးနုက ၁၉၆၂ ခုနှစ် အာဏာသိမ်းခံရတဲ့ ညမှာ ဗိုလ်နေဝင်း သိရဲ့လား၊ ဗိုလ်နေဝင်း သိရင် ပြီးမှာပဲဆိုပြီး စိတ်ချလက်ချ အိပ်ပျော်သွားတာပေါ့။ ဗိုလ်နေဝင်းက အစောကြီး နိုင်ငံတော်ဘဏ္ဍာနဲ့ ရေကြည်အိုင်မှာ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းဖို့ လုံးချင်းအိမ်တွေ ကြိုဆောက်ထားတာ ဦးနု မသိလိုက်ဘူး။ အချိန်ယူပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးမှ ခေါင်းအေးအေးနဲ့ အနိုင်ယူသွားတာ။ နိုင်ငံရေးသမားတွေလို Emotion စိတ်ဆန္ဒစောတာ မပါဘူး။ ဒါ့ကြောင့် အစီအစဉ် Plan မရှိတတ်တဲ့ စိတ်ဆန္ဒနောက် လိုက်တတ်တဲ့ နိုင်ငံရေးသမားတွေကို အစီအစဉ်နဲ့ စည်းကမ်းရှိတဲ့ စစ်ဗိုလ်ချုပ်က အာဏာသိမ်းနိုင်ခဲ့တာ။

နိုင်ငံရေးသမားတွေ (တွေးပုံ) (တွေးနည်း) ကို ကောင်းကောင်း နားလည်ပြီး၊ ကြိုတင်ပြင်ဆင်နိုင်တာ ဗိုလ်ချုပ်နေဝင်းရဲ့ (အားသာချက်) ပဲ။

အခု စစ်တပ်အုပ်စိုးတဲ့ ခေတ်မှာ တော်လှန်ရေးသမားတွေကလည်း စစ်ဗိုလ်ချုပ်တွေ တွေးသလို၊ တွေးနိုင်ရမယ်။

နိုင်ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေး တိုက်ပွဲကို စစ်ပွဲတပွဲ တိုက်သလို နိုင်ငံရေး စစ်ပွဲသဏ္ဌာန် တိုက်နိုင်ရမယ်။

ဒီလိုတိုက်နိုင်ဖို့ နိုင်ငံရေးသမားတွေဟာ စစ်ဗျုဟာနဲ့ စစ်သားစိတ်ဓာတ်၊ စစ်သားဉာဉ်ကို လေ့လာဆည်းပူးသင့်တယ်။

မော်စီတုံးဟာ စစ်ဗိုလ်ချုပ် မဟုတ်ပေမဲ့ စစ်ဗျူဟာကို ကောင်းကောင်း နားလည်တဲ့ နိုင်ငံရေးသမားပဲ။ ချူအင်လိုင်း၊ တိန်လျှောက်ပိန်တို့လည်း စစ်ဗျူဟာကို နားလည်တဲ့၊ စစ်တပ်ကို ထိန်းချုပ်ရတဲ့ နိုင်ငံရေး ကွန်မင်ရှင်နာ Political Commissioners တွေပဲ။ ခရူးရှက်လည်း ထိုနည်းလည်းကောင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း လိုအပ်လို့ စစ်တိုက်ရတဲ့ နိုင်ငံရေးသမားပဲ။ စစ်ဗိုလ်တွေတောင် နိုင်ငံရေး နားလည်နိုင်ရင် နိုင်ငံရေးသမားတွေကတော့ ဘာကြောင့် စစ်ဗျူဟာ နားမလည်နိုင်ရမှာလဲ?

ဒါပေမဲ့ ခက်တာက လက်ရှိ စစ်တပ်ကို တော်လှန်ဖို့ ကြိုးစားနေကြတဲ့ လူအများစုက စစ်တပ်အကြောင်း စိတ်မဝင်စားကြဘူး။ စိတ်ဝင်စားတယ်ဆိုတဲ့ လူတချို့ကလည်း ဗိုလ်ချုပ်သန်းရွှေနဲ့ မောင်အေး အားပြိုင်နေကြတယ်၊ ဘယ်သူကတော့ ဒေါ်ကြိုင်ကြိုင့်လူ၊ ဘယ်သူနဲ့ ဘယ်သူ မတဲ့ဘူးဆိုတဲ့ ‘အတင်း’ နဲ့ ‘အဖျင်း’ နောက် လိုက်ကြတာ များတယ်။ တပ်မတော် ဖွဲ့စည်းပုံက ဘယ်လို၊ ထိပ်က ဗိုလ်ချုပ်တွေ ‘အာဏာ’ ကို ဘယ်နည်းနဲ့ ထိမ်းချုပ်ထားတာလဲ။ စနစ် System က ဘယ်လို၊ Form ပုံသဏ္ဌာန်က ဘယ်လိုဆိုတာကို အရေးမထားကြဘူး။

မြန်မာတွေထဲမှာ စနစ်တကျ သတင်းစုဆောင်းတဲ့ Source သတင်းဆုံချက် မရှိဘူး။ ရလာတဲ့သတင်းကို စိတ်ခံစားမှုမပါဘဲ ရှိတဲ့ Data သတင်းသက်သက်နဲ့ ယှဉ်ပြီး အရှိကို အရှိအတိုင်း ဝေဖန်သုံးသပ်နိုင်တဲ့ ဝေဖန်သုံးသပ်နိုင်သူ Analyst မရှိဘူး။ အမှန်တကယ် ကြည့်တတ်ရင် Direct Source လို့ ခေါ်တဲ့ တိုက်ရိုက် သတင်းပေးနိုင်သူ မရှိဘူး။ နအဖ ဗိုလ်ချုပ်တွေက သတိရှိတယ်။ ဘယ်သူမှ အဝင်မခံဘူး။ သူတို့နောက်လိုက်တွေ၊ ကပ်ဖားနေတဲ့ စီးပွားရေးသမားတွေ ပြောတာကို တဆင့်ခံကြားပြီး ပုံကြီးချဲ့ကြည့်နေကြတာ။ အင်္ဂလိပ်လို့ Proxy လို့ ခေါ်ပါတယ်။ တိုက်ရိုက်သိတာ တယောက်မှ မရှိပါ။ တဆင့်စကား တဆင့်ပွားပြီး လူတတ်ကြီးတွေ လုပ်နေကြတာပဲ။ နအဖ ဘက်က တမင်လုပ်ကြံပြီး ‘အပင်း’ ထည့်တာတွေကလည်း ခဏခဏပဲ။ တကြိမ်က လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတယောက်က Brigadier General ဗိုလ်မှူးချုပ်ဟာ Major General ဗိုလ်ချုပ်ထက် ရာထူးကြီး ပါတယ်ဆိုပြီး အတင်းငြင်းတယ်။ ကျနော် ဘာပြန်ငြင်းရမှန်းမသိ ဖြစ်ခဲ့ရတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ စစ်တပ်နဲ့ဆိုင်တဲ့ နားလည်မှု၊ လေ့လာမှု၊ စိတ်ဝင်စားမှု ချို့ယွင်းနေသေးတယ် ဆိုတာကို သိစေချင်တာပါ။

နအဖ ဘက်က ဒေါ်စုကို အသေးစိတ် လေ့လာထားတယ်။ ဒေါ်စုရဲ့ တွေးပုံတွေးနည်း၊ ဒေါ်စုရဲ့ စိတ်ဓာတ် အနေအထား Psychological Profile၊ ဒေါ်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေအချာ လေ့လာပြုစုထားတယ်။ ဒါ့အပြင် National Defense College လို့ ခေါ်တဲ့ ဗိုလ်ချုပ်ဖြစ်မယ့် သူတွေကို ရွေးပြီး၊ မွေးထုတ်ပေးတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ NLD ကို ဘယ်လိုရင်ဆိုင်မလဲ၊ NLD အားသာခဲ့ရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စစ်ပွဲတိုက်ပွဲသဏ္ဌာန် War Game လုပ်ကြတယ်။ နအဖ က စစ်သားတွေပီပီ စစ်ပညာရှင် ရှင်စူး Shin Tsu ပြောခဲ့တဲ့ Know thy Enemy သင့်ရန်သူအကြောင်းကို သိပါစေ ဆိုတာကို မမေ့ဘူး။ အတိုက်အခံကို ရင်ဆိုင်ဖို့ ရန်သူနဲ့ စစ်တိုက်ရသလို သဘောထားဆက်ဆံ၊ ကြိုတင်ပြင်ဆင်ထားတယ်။

ကျနော်တို့ အတိုက်အခံတွေဘက်က ဘယ်နှယောက်များ စစ်တပ်အကြောင်း စိတ်ဝင်စားလို့ လေ့လာထားတာ ရှိကြသလဲ ပြန်မေးကြည့်ကြပါ။ လက်တဖက်နဲ့ ရေနိုင်ပါတယ်။ ဒီလူနည်းစုထဲမှာပဲ ဘယ်နှယောက်က အတင်းနဲ့ အဖျင်းကို သတင်းနဲ့ မရောဘဲ စနစ်တကျ စိတ်ဖြာသုံးသပ်နိုင်ပါသလဲ။ ဘယ်ဟာက ‘အတင်း’၊ ဘယ်ဟာက ‘သတင်း’ ဆိုတာ ကို ခွဲစိတ်နိုင်ကြရဲ့လား။ ဗိုလ်ချုပ်သန်းရွှေရဲ့ တွေးတောပုံတွေးတောနည်း၊ ဘယ်ဟာကို အလေးပေးတယ်၊ ဘယ်ဟာကိုတော့ အရေးမပေးဘူး။ သူ့ရဲ့ Psychological-Profile ဘယ်လို ဆိုတာတွေကို ပြုစုထားကြသလား။ ဗိုလ်ချုပ်သန်းရွှေနဲ့ တိုက်ရိုက်ဆက်ဆံဖူးတဲ့သူ ဘယ်နှစ်ယောက်နဲ့ ဆွေးနွေးဖူးကြသလဲ။ သံတမန်တွေဆီက ကြားတဲ့ စကားနဲ့ တဆင့် Proxy တွေက ပြောတာတွေကိုပဲ နားစွင့်ပြီး ပုံကြီးချဲ့နေကြရတယ် မဟုတ်လား။ တခါတခါ အချင်းချင်း လွှင့်လိုက်တာကပဲ သတင်းဖြစ်ပြီး ပြန်လည်လာတယ် မဟုတ်လား။

ဒါကြောင့် အတိုက်အခံတွေကြားမှာ ဖြစ်ချင်တဲ့ စေတနာနဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ငပေါကြီး၊ ဗိုလ်ချုပ် မောင်အေးက ‘ငမူး’ ဒီ နှစ်ယောက် အားပြိုင်နေကြတယ်။ စသဖြင့် စိတ်ကူးယဉ် ပုံရိပ်ဖော်ခဲ့ကြတယ်။ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ပကတိအနေအထားကို ယုတ္တိကျကျ မမြင်ချင်တော့၊ မမြင်တတ် ကြတော့ဘူးပေါ့။ ဒါကြောင့် သန်းရွှေကြီးတော့ ကြောက်နေပြီ။ သန်းရွှေကြီး ဒုက္ခတွေ့နေပြီဆိုပြီး ဖြစ်ချင်တာကို စိတ်ခံစားမှု Emotion နဲ့ ရောပြီး ယုံလိုက်ကြ၊ ကောက်ချက်ချလိုက်ကြတော့ ရန်သူကို အရှိကို အရှိအတိုင်း မမြင်ကြဘဲ၊ ပြင်ဆင်မှု မလုပ်ခဲ့ကြ။ နောက်ဆုံး တိုက်ပွဲဖြစ်တိုင်း ကိုယ့်ဘက်က အဆင့်သင့်မဖြစ်ကြဘဲ အခွင့်အရေးတွေ ဆုံး၊ အချိန်တွေကုန်ပြီး တိုင်းပြည်နဲ့ လူမျိုးလည်း ‘စစ်ကျွန်’ ဘဝက မလွတ်ဘဲ၊ မွဲသထက် မွဲကုန်ကြတာပေါ့။

ကျနော့်အမြင်ကို တင်ပြရရင် ဗိုလ်ချုပ်သန်းရွှေဟာ ‘ငပေါ’ မဟုတ်ပါ။ ပညာတတ် အတွေးအခေါ်ရှိတဲ့ ‘လူတော်’ လည်း မဟုတ်ပါ။ တိုင်းပြည်ကိုချစ်တဲ့ ‘မျိုးချစ်’ လည်း မဟုတ်ပါ။ ဒါပေမဲ့ အာဏာမက်တဲ့၊ အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့၊ အာဏာကို ထိန်းနိုင်တဲ့ ‘အာဏာရှင်’ သက်သက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်စစ်ဆင်ရေးကို အတွေ့အကြုံရှိတဲ့ လူတွေ့ရဲ့ စိတ်ဓာတ်ကို နားလည်တဲ့၊ လမ်းပေါ်က တိုက်ပွဲအကြောင်းကို နားလည်တဲ့ Street Smart လူလည်တယောက်ပဲ။ ဗျုဟာ Strategy ကို နားလည်တဲ့ ဗျုဟာမှူးကောင်း Good Strategist လို့ ပြောလို့ရနိုင်တယ်။

ဗိုလ်ချုပ်သန်းရွှေဟာ သူ့အာဏာတည်မြဲရေးအတွက် အာဏာရှင်တိုင်း ကျင့်သုံးရမယ့် Manipulation & Exploitation by power ဆိုတဲ့ အာဏာသုံးပြီး လူတွေကို ဘယ်လို အသုံးချရမယ်၊ ကြိုးကိုင်ရမယ် ဆိုတာကို ကောင်းကောင်း သိတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နည်းပရိယာယ်နဲ့ အာဏာရှင်ကျမ်းကို ကျေခဲ့ပုံရတယ်။ ကိုယ့်အင်အားမရှိခင် ရေမြွေလို ငြိမ်နေပြီး အဆိပ်ရှိတာ မပြနဲ့၊ ပိုင်မှ တချီထဲ ထပေါက်လိုက်တာ။ ဗိုလ်ချုပ် ခင်ညွန့်ကို ‘ဝ’ အောင် အသုံးချပြီး၊ ဗိုလ်ချုပ်နေဝင်းကိုတောင် ပြန်ကိုင်နိုင်တာ ငပေါ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ရန်သူတွေက ကိုယ့်ကို လျှော့တွက်အောင် အထင်သေးအောင် ‘နေ’ နိုင်တာ ‘ပညာရပ်’ တခုပဲ။

အာဏာရှင်စနစ်မှာ အာဏာရှင်မှန်ရင် အဓိကဟာ အမြဲသတိရှိရမယ်၊ အမြဲစောင့်ကြည့်နေရမယ်၊ နှိပ်ကွပ်စရာရှိရင် လက်မနှေးရဘူး၊ ရက်စက်နိုင်ရမယ်။ စတာလင်သော်၎င်း၊ မော်စီတုံးသော်၎င်း တိုင်းပြည် အုပ်ချုပ်ရေးနဲ့ ထူထောင်ရေးကို အချိန်ပြည့် အလေးထားကြတာမှ မဟုတ်တာ။ ဒါက ချူအင်လိုင်းရဲ့ တာဝန်။ ယဉ်ကျေးမှု တော်လှန်ရေးမှာ မော် ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ အကုန်မသိဘူး။ အကုန်မပြော။ အားလုံးအန္တရာယ်ရှိအောင် ‘လုပ်’ ထားပြီး တဖက်နဲ့တဖက်၊ တယောက်နဲ့တယောက် ‘အားပြိုင်’ ခိုင်ထား။ ‘အလုပ်’ ပေးထားတာ။ ဒါမှ အာဏာ လုဖို့၊ ကြံဖို့ အချိန် မရှိအောင် လုပ်ထားတာ။ မော့် အစီအစဉ်ကို မော် တယောက်ပဲ သိတာ။ မော်ဟာ သူ့လူတွေကို အချိန်ပြည့် စောင့်ကြည့်နေတာ။ လူတိုင်းကိုလည်း အတွေ့မခံ၊ တွေ့ချင်ရင် ခွင့်တောင်းနေရတာ။

ဗိုလ်ချုပ်သန်းရွှေကို လေ့လာရင်လည်း ဗိုလ်ချုပ်တွေဟာ တွေ့ချင်တိုင်း ဗိုလ်ချုပ်သန်းရွှေကို မတွေ့ရပါ။ ‘ခေါ်’ မှ တွေ့ရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကြည့်ရင်လည်း ဘယ်သူမှ ဘာ ‘လုပ်’ မယ်ဆိုတာ တိတိကျကျ မသိကြပါ။ ဟိုဝန်ကြီးကို တမျိုးခိုင်း၊ ဒီဝန်ကြီးကို တမျိုးခိုင်း၊ ဒီဗိုလ်ချုပ်ကို မျက်နှာသာပေးလိုက်၊ ဟိုဗိုလ်ချုပ်ကို မျှော်လင့်ချက်ပေးလိုက်နဲ့ အချင်းချင်း ပြိုင်ခိုင်းထားတာပါ။ အာဏာကို နားမလည်တဲ့ ဗိုလ်ချုပ်ဆိုရင် အကွက်မှားတာနဲ့ ‘နာ’ ပြီသာ မှတ်ပေတော့။ ၂ဝ၁ဝ ရွေးကောက်မှာ ဘာဖြစ်မယ်ဆိုတာ ဗိုလ်ချုပ်သန်းရွှေပဲ သိတယ်လို့ ကျနော် ယူဆတယ်။

ဗိုလ်ချုပ်သန်းရွှေ ‘မှား’ တဲ့ အကွက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီအမှားတွေကိုလိုက် ‘နင်း’ ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှု မရှိတာကတော့ ကျနော်တို့ အတိုက်ခံတွေရဲ့ ‘အားနည်း’ ချက် သက်သက်ပဲ။ ဒါကြောင့် ‘အတို’ ချုပ်ရရင် -

* ရန်သူကို နားလည်ပါ Know your Enemy
* ရန်သူ တွေးသလို၊ တွေးပါ
* စစ်ပွဲတပွဲလို (ပြင်ဆင်) ထားပါ
* စစ်သား (တွေး) နည်းကို သိပါစေ
* စစ်သားဖြစ်မှတော့ လူသတ်ရမှာကို မကြောက်တာကြောင့် စိတ်ပုတီးဆွဲပြီး တိုက်၍ မရပါ
* စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ချင်ရင် ‘အနိုင်’ ယူရမှာကို လက်တွန့်၍ မရပါ
* ပြင်ဆင်မှု ရှိကြပါစေ
* နိုင်ငံရေးတိုက်ပွဲကို စစ်ပွဲတပွဲအဖြစ် မြင်ကြ၍ ဗျူဟာ ရှိပါစေ

Jul 7, 2009

Rpidshare မှ ဒေါင်းလုပ်ချနည်း

Posted by မာန်လေး at Tuesday, July 07, 2009 0 comments

Rapidshare ကနေ အားလုံးအဆင်ပြေပြေဒေါင်းလော့လုပ်နိုင်ဖို့အတွက် ကျွန်တော် ဒီဆော့ဖ် ၀ဲလ်လေးကို ဝေမျှပေးလိုက်ပါရစေဗျာ။ မြန်မာမိသားစုဖိုရမ်မှ ကိုရဲနောင်ကြီး တင်ထားတဲ့ ပိုစ့်ကို ပြန်လည် upload လုပ်ပြီး တင်ပြထားခြင်းဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လဲ သိပ်မအားတာနဲ့ ပိုစ့်တွေသိပ်မတင်ဖြစ်ဖူးဖြစ်နေတယ်။ ဆောရီးနော် အားလုံးကိုတောင်းပန်ပါတယ်။ နှစ်သစ်ကူး ကျရင်လဲ အားဦးမှာမဟုတ်ဘူး ဟီး … :P

ဒေါင်းလော့လုပ်ရန်။

Jul 6, 2009

Michael Jackson Ghost NEVERLAND During CNN Larry King Interview with Jermaine Jackson

Posted by မာန်လေး at Monday, July 06, 2009 0 comments
rolleyes

မိုက်ကယ်ဂျက်ဆင် တော့ ဆုံးပါးသွားခဲ့ပါပြီး။ ဒီ ဗွီဒီယို လေးကိုကြည့်ကြည့်ကြပါ။ ကျနော်လဲ အားနေတာနဲ့ Youtube ကို ရှာဖွေမွှေနှောက်ရင်းတွေ့မိလိုက်တာပါ။ တကယ် ဟုတ်မဟုတ် က တော့ တင်တဲ့သူသာ အသိဆုံးဖြစ်မှာပေါ့ ... ဗျာ.... ဖြစ်နိုင် မဖြစ်နိုင်ကြည့်ကြည့်ကြပါ..အုံး

Jul 1, 2009

Posted by မာန်လေး at Wednesday, July 01, 2009 0 comments

Jun 30, 2009

Microsoft Security Essentials 1.0 (Morro MSE Free Anti-Virus) Leaked Download

Posted by မာန်လေး at Tuesday, June 30, 2009 0 comments

Microsoft က ထုပ်လုပ်တဲ့ Anti Virus Morro ပါ။ ဇွန် ( ၂၃ ) ရက်နေ့က အတည်ပြုထုပ် ပေးလိုက်တယ်လို့သိရပါတယ်.. ဘာဘဲဖြစ်ဖြစ်ပေါ့လေ အသစ်မြင်တိုင်းသုံးချင်သူများတွက် တော့ စမ်းသပ်သုံးနိုင်အောင်ပါ။ ကွန်ပျူတာသုံးကြ သူတိုင်းလဲ မရှိမဖြစ်ဆောင်ထား သင့်တာကလဲ ဗိုင်းရပ်ကို ကာကွယ်ပေးနိုင်တဲ့... ဆော့ဝဲလ် တခုတော့ရှိထားသင့်တာကိုး..ခုလဲ Free ပေးထားပါတယ် .. အမည်က တော့ Morro လို့ပေးထားတာပါ..

သူ့မှာက Window အတွက်ပေးထားပေမဲ့ ဒေါင်းလုပ် လုပ်တဲ့ခါ... Window Vista , 7 နဲ့ XP တွက် ဒေါင်းဘို့ခွဲပေးထားပါတယ်။ အားသာချက် အားနည်းချက်ကတော့ ရှိချင်ရှိနေဦးမှာပါဘဲ..

သူ့ရဲ့ အားသာချက်လေးကို နှစ်သက်မိတာကတော့...
Free Version ဖြစ်ပြီး Trail Version မပေးထားပါဘူး။
လိုင်စင် ကီးတွေ Registration လဲလုပ်စရာမလိုပါဘူး။
နောက်တခုက Auto Update အလိုလိုလုပ်ပေးပါတယ်။

ကဲ.. စမ်းသပ်လိုသူများ အောက်က လင့်တွေဆီမှာ သွားရောက်စမ်းသပ် သုံးကြည့်နိုင်ကြပါတယ်။

အသေးစိပ်သိလိုသူများ မူရင်းဝပ်ဆိုဒ်ကို ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

အဆင်ပြေကြပါစေ....

Jun 29, 2009

>>> Portable Erro Repair & CCleaner

Posted by မာန်လေး at Monday, June 29, 2009 0 comments
ကွန်ပျူတာသုံးသူတိုင်း သိထားသင့်သလိုဆောင်ထား သင့်တာလေးပါ.. ဒီနေ့အချိုန်လေးလဲ ရနေတာကြောင့် စက်လေးမှာစိုးပြီး သုံးချင်လျှက်နဲ့ မသုံးနိုင်သူတွေတွက်ပါ ရည်ရွယ်ရင်း ရေးဖြစ်လိုက်တာပါ... အစကတော့ ရေးမှာက ဂျီမေလ်း အကြောင်းလေးပါ.. ဒါပေမဲ့လဲ ကွန်ပျူတာသုံးသူတိုင်း ကြုံတွေနေတတ်ကျ ကွန်ပျူတာအမှားလေးတွေကို ပြင်ပေးနိုင်တဲ့ ဆော့ဝဲလ် လေးအကြောင်းဘဲ ရေးဖြစ်လိုက်တာပါ... သိထားနှင့်ပြီးသူများတွက်တော့ မလိုအပ်ပေမဲ့ မသိသူများတွက်သာ ရည်ရွယ်မျှဝေလိုက်တာပါ..နော်

Portable ဖြစ်တဲ့ တွက်ကြောင့် သူ့ကို အင်စတောလုပ်ပေး ဘို့မလိုပါဘူး... တိုက်ရိုက်ဒေါင်းလုပ်ချ ဖိုင်ကို ဖွင့်ပြီးသုံးနိုင်တာကြောင့်.. စက်အတွက်... လေးလံမှု့မရှိသလို ဖိုင်ဆိုဒ်လဲသေးသေးလေးပါ လိုချင်သူများ အောက်ကလင့် မှာ ဒေါင်းလုပ် လုပ်ပြီး စမ်းသပ်သုံးဆောင်ကြည့်ကြပါ... မနှစ်သက်ဘူး မလိုအပ်ဘူး ဆိုတော့လဲ ပြန်ဖျက်လိုက်ရုံပေါ့.. ဗျာ..
ကဲ... အားပေးလိုက်ကြပါဦး..နော် eek

အဆင်ပြေကြပါစေ...

Jun 26, 2009

Alarm Clock For XP

Posted by မာန်လေး at Friday, June 26, 2009 0 comments
Window XP သုံးကြသူများ ...အတွက်အသုံးဝင်မဲ့ Alarm Clock လေးပါ ကွန်ပျူတာအသုံးပြုရင်း အလုပ်လုပ်နေကြသူများ တွက်တော့ အသုံးဝင်နိုင်မှာပါ ...

ဒီနေရာလေး မှာ သွားရောက် ဒေါင်းနိုင်ကြပါတယ်။ လိုက်ရှာရင်း တွေ့မိတာလေး မျှဝေလိုက်တာပါ

ဘာရယ်လို့တော့ မဟုတ်ပေမဲ့လဲ အလှပေါ့ဗျာ တခါတလေ အသစ်အဆန်းလေး တွေကို စမ်းသပ်သုံး
ချင်သူများတွက်ပေါ့.. နော် ဒီမှာလဲ သွားကြည့်နိုင်သေးတယ် ...နော်

အဆင်ပြေကြပါစေ

>>> Hide IP Address V1.0

Posted by မာန်လေး at Friday, June 26, 2009 0 comments
arrow

ဒီနေ့တော်တော်လေးကို အားနေတုံးလေး အရင်သိထားတာလေးတွေလဲ မျှဝေချင်တာကြောင့်ရော မသိသေးသူများ ကိုလဲသိစေချင် တာကြောင့် ထိုင်ရေးဖြစ်တာပါ ခု မျှဝေပေးစေချင်တာက ကွန်ပျူတာသုံး သူတိုင်း မိမိ အိုင်ပီ ( IP ) ကိုမသိစေချင်သူများ အိုင်ပီ ဖျောက်ထားနည်း ဆော့ဝဲလေးပေါ့..ဗျာ

စမ်းသုံးချင်သူများ အတွက်ပေါ့...နော်.... တကယ်ပျောက်တယ် မပျောက်ဘူးဆိုတာကတော့ ဆော့ဝဲပေါ်ဘဲမူတည်တာပါနော်... အတိအကျတော့ အာမဘန္တေမခံဘူးနော်... ဒါပေမဲ့လဲ သုံးကြည့်ကြပေါ့.. ချတ်တင် သမားတွေတွက်တော့ ဆောင်ထား.. စမ်းထားသင့်တယ်..နော် mrgreen

Download From Mediafire

Download From Ifile

Download From Rapidshare

အဆင်ပြေနိုင်မယ့် ထင်တဲ့နေရာကဒေါင်းနိုင်ကြပေါ့...ဗျာ
rolleyes

ဒီနေရာမှာ လဲသွားကြည့်နိုင်တယ်

အဆင်ပြေကြပါစေ

>>> Recover Delete File

Posted by မာန်လေး at Friday, June 26, 2009 0 comments
Computer သုံးကြသူတိုင်းတခါတလေ ဖိုင်တွေကိုမှားဖျက်မိတာ ရှိကြမှာပါ ခုတင်ပေးချင်တဲ့ ဆော့ဝဲလေးက Recuva 1.27 Software လေးပါ... ဖိုင်တွေကိုမှားဖျက်မိလိုက်သူတွေအတွက်တော့ အသုံးဝင်နိုင်မှာပါ... ကျနော်ဆိုရင် Shift + Delete လုပ်ပြီးဖျက်တတ်တာမို့ တခါတလေပြန်လိုချင်တာတောင် ရှာမရတော့ပါဘူး တခါထဲကိုအမှိုက်ပုံး ထဲမရောက်ဘဲ လစ်သွားပါလေရော ကောင်းတာကတော့ စက်ရှင်းသွားပေမဲ့ မကောင်းကျိုးကတော့ ကိုယ်ပြန်လိုချင်တဲ့ ဖိုင်ဆို Recycle Bin မှာပြန်ရှာမရတော့တာပါ... ဒါကြောင့် အမှိုက်ပုံးထဲကို ဖျက်ကြသူများ အတွက်လိုချင်တဲ့ဖိုင် တွေကိုပြန်ရှာပြန်ယူနိုင်တဲ့ ဆော့ဝဲလ်လေးမျှဝေ ပေးလိုက်တာပါ အရင်တခါ တင်ပေးဘူးတဲ့ CCcleaner ( ဒီနေရာမှာ ) ကျတော့ စက်ထဲမှာ မလိုတဲ့ဖိုင် Temp , Cookie and Prefetch တွေကိုဖျက်ပေးနိုင်သလို.. မလိုချင်တာတွေကို Uninstall လဲလုပ်ပေးနိုင်ပါတယ်။ ဒီဆော့ဝဲကျတော့ Recover ပြန်လုပ်ချင်တဲ့ဖိုင်တွေကို ပြန်ရှာ ပေးနိုင်သလို လုပ်ပေးနိုင်တာမို့ပါ။ Window Vista/XP မှာပါသုံးနိုင်ပါတယ် ဖိုင်ဆိုဒ်လဲ 4 MB တောင်မရှိပါဘူး..

  • ပထမဦးဆုံး ဒေါင်းလုပ်ချ... အင်စတောလုပ်ပေးလိုက်ပါ။
  • Recuva ကို Run လိုက်ပြီးရင်.. မိမိ စစ်ချင်တဲ့ Drive ကို ရွှေးပေးလိုက်... ပြီးရင် Scan ပေးလိုက်ပါ
  • Scan ဖတ်ပြီးသွားတာနဲ့ Result ကို List အနေနဲ့ပြပေးမှာပါ..
အဲမှာ List ရဲ့ ညာဘက်ဘေးကို Scroll လုပ်ကြည့်လိုက်ရင် File တွေကို ပြပေးမှာပါ Excellent or Poor ဆိုရင်တော့ လိုချင်တဲ့ ဖိုင်ကို Recover ပြန်ရနိုင်ပါသေးတယ်။ Unrecoverable ဆိုရင်တော့ မရနိုင်တော့ပါဘူး။ အဲ့အဆင့်ကို ရောက်သွားတယ် ဆိုရင်တော့ ဖိုင်က တစစီဖြစ်သွားနိုင်တာမို့ မရနိုင်တော့ပါဘူး။

သူ့မှာ တခုကောင်းတာကတော့ Search ကနေ လိုချင်တဲ့သိချင်တဲ့ File name or file Type တွေကှိုရှာနိုင်ပါတယ်။
Recover လုပ်ချင်တဲ့ဖိုင်ကို တွေ့ရင် ဖိုင်ရဲ့ဘယ်ဘက်ဘေးက Check Box မှာ Check ပြီး Right Click ထောက်ပြီး Recover ကိုရွှေးပြီး သိမ်းထားချင်တဲ့ File Path ကိုရွှေးပေးလိုက်ပါ။ ဒါဆို သူပြန်သိမ်းထားပေးမှာပါ ... အရေးကြီးတာက File Path နေရမှန်ဘို့ပါဘဲ..

အဆင်ပြေနိုင်မယ် ဒေါင်းလို့ကောင်းမဲ့ နေရာ ၂ခုကနေတင်ထားပေးလိုက်ပါတယ်။ အကယ်၍ စက်လေးမှာ စိုးပြီး Portable သုံးချင်သူများတွက်ပါ Portable File ကို တင်ပေးလိုက်ပါတယ်။

( ဖိုင်များကို ကလိလွန်ပြီး မှားဖျက်မိလိုက်သော ကိုကိုပွ ကိုရည်ရွယ်ရင်း ပို့စ်အဖြစ်ရေးတင်လိုက်ချင်းဖြစ်ပါသည် mrgreen )

အဆင်ပြေနိုင်ကြပါစေ... lol

>> Remove P/w from Win Rar

Posted by မာန်လေး at Friday, June 26, 2009 0 comments
Win Rar File တွေကိုဒေါင်းလုပ်လုပ်သူတချို့ ကြုံတွေနိုင်တဲ့ အခက်အခဲကိုဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးပါ တချို့ဖိုင်တွေကိုဒေါင်းလုပ် လုပ်ကြပေမဲ့ တခါတလေမှာ စကားဝှက် ခံထားတတ်ကြပါတယ် ဒီလိုခံထားတော့ စကားဝှက်မသိတော့ သုံးချင်ပေမဲ့မသုံးနိုင်ကြပါဘူး ဒီအတွက်အဆင်ပြေနိုင်စေနိုင်တာက Win Rar ကိုစကားဝှက်ခံထားတဲ့ ဖိုင်တွေကို စကားဝှက်ဖယ်ရှားပေးနိုင်တဲ့ ဆော့ဝဲလေးတခုတင်ပေးလိုက်ပါတယ်.. အကယ်၍များ မိမိဒေါင်းလုပ်လုပ် ထားတဲ့ဖိုင်မှာစကားဝှက် ခံနေမယ်ဆိုရင် ဒါလေးကို သုံးပြီးဖယ်နိုင်မှာပါ ခုနောက်ပိုင်း တော်တော်များများဝပ်ဆိုဒ်တွေမှာ တင်ပေးတဲ့ဖိုင်တွေက ဖိုင်ဆိုဒ်တွေများနေတာကြောင့် Rar File တွေနဲ့ခွဲပြီး တင်ထားပေးတတ်ကြပေမဲ့... စကားဝှက်ခံထားတာလဲ ရှိနိုင်ပါတယ်... ဒါကြောင့် သုံးလိုသူများ သုံးနိုင်အောင်မျှဝေတင်ပေးလိုက် တာပါ .... အဆင်ပြေနိုင်မယ်ထင်တဲ့ ၂ နေရာကနေ တင်ထားပေးပါတယ်။

အဆင်ပြေနိုင်ကြပါစေ.. razz

Jun 25, 2009

>>> Network Connection Shortcut for Window Vista

Posted by မာန်လေး at Thursday, June 25, 2009 0 comments
Window Vista မှာ အင်တာနက်ကွန်နက်ရှင်ကိုချိတ်ဆက်ရာမှာ XP လိုတိုက်ရိုက်မ၀င်သွားတဲ့တွက်တခါလေ ပြန်ချိတ်ပေးရတတ်ပါတယ်
ကျနော်ကိုယ်တိုင်ခဏခဏလုပ်ခဲ့ရဘူးတာပါ... အင်မတန်စိတ်ပျက်ဘို့တောင်ကောင်းပါတယ်... တိုက်ရိုက် Manage လုပ်မပေးပါဘူး...
Network And Sharing Center ဆိုတာကိုပြန်ပြန်ဝင်နေရတာကိုကအလုပ်တခုအပိုလိုဖြစ်နေတတ်ပါတယ်... Vista သုံးကြသူများကြုံဘူး
ကြမှာပါ... တခါတလေ အင်တာနက်ကို အလျှင်စလိုသုံးချင်ရင်.. ချက်ချင်းကိုမ၀င်လို့ ပြန်ချိတ်ဆက်ပေးနေရတတ်ပါတယ်.. Router ခံသုံး
သူများ ပိုဖြစ်နိုင်မယ်ထင်ပါတယ်..

ဒီအတွက်..မိမိကွန်ပျူတာရဲ့ Desktop မှာ Shortcut လေးလုပ်ပြီး သုံးကြည့်ရင်ပိုမြန်ဆန်သလို... Manage လုပ်ရတာလဲ ပိုလွယ်ကူပြီးမြန်
လာပါတယ်....လုပ်ဆောင်လိုသူများ အောက်က အဆင့်တွေအတိုင်းလုပ်ဆောင်ပေးကြည့်ပါ...

  • Desktop ပေါ်မှာ Right Click ထောက်ပေးပြီး New ဘေးနားက Shortcut ကိုရွှေးပေးပါ။
  • ပေါ်လာတဲ့ Shortcut Icom မှာ အောက်ကစာသားလေးကို ကူးထည့်ပေးလိုက်ပါ။
  • explorer.exe ::{7007ACC7-3202-11D1-AAD2-00805FC1270E}
  • ပြီးရင် Next ကိုဆက်ကလစ်ပြီး My Network Connection ( သို့ ) သင်နှစ်သက်ရာအမည်တခုပေးလိုက်ပါ။
ဒါဆိုရင် Desktop မှာ Connection Shortcut လေးပေါ်လာမှာပါ...

ဒီထက်ပိုပြီး Quick Lunch Setting ထဲကို မောက်စ်လးနဲ့ ဆွဲထည့်ပြီးတော့လဲ သုံးနိုင်ပါတယ်...
အကယ်၍ Computer ညာဘက်ထောင့် အောက်နားက ကွန်နက်ရှင်ပုံလေး မှာ ကွန်နက်ရှင်မမိဘူးဖြစ်နေခဲ့ရင်လဲ အထက်က Shortcut ကို
ဖွင့်ပြီး Double Click ပေးပြီး Diagnose ကို ကလစ်ပြီး Restart လုပ်ပေးလိုက်ရင် အင်တာနက်ပြန်ချိုတ်ပေးသွားပါလိမ့်မယ်... ကျနော်သိသ
လောက်တော့ Router ခံသုံးသူတွေမှာသာဖြစ်များတာမို့လို့ပါ.. Router ကို Setup လုပ်တာမှန်ထားရင်တော့မဖြစ်တတ်ပါဘူး..

အဆင်ပြေနိုင်ကြပါစေ..lol

rolleyes

Jun 22, 2009

>>> MS Office 2007 file Format Converter

Posted by မာန်လေး at Monday, June 22, 2009 0 comments
Window XP ဘဲသုံးသူများမှာ MS 2003 ဘဲသုံးကြတာများပါတယ်.. ဒီအတွက်အခက်ကြုံနိုင်တာကတော့ MS Office 2007
နဲ့ တခြားသူကပို့ပေးတာကို ဖွင့်မရတဲ့ပြဿနာကြုံဘူးမှာပါ...ဒီအတွက်ပြန်လည်ဖြေရှင်းနိုင်တဲ့ Convert လုပ်နည်းလေးပါ။
တချို့တော့ သိချင်သိနှင့်နေမှာပါ... မသိတဲ့သူများတွက်တော့အခက်ကြုံနိုင်တာမို့... အကယ်၍ တဘက်ကနေသူငယ်ချင်း
က ပို့လာတယ်ဆိုရင်တောင်.. ဖိုင်ကိုဖွင့်လို့်ရမှာမဟုတ်ပါဘူး.. စိတ်ပျက်စရာတောင်ကောင်းလှပါတယ်....

Office 2007 နဲ့ ရေးထားတဲ့ word ဖိုင်တွေ၊ powerpoint ဖိုင်တွေ၊ excel ဖိုင်တွေဆိုရင် office 2003 ကနေ ဖွင့်လို့မရပါဘူး။
ဖိုင်အမျိုးအစားက လဲမတူပါဘူး။ ဒါပေမဲ့လည်း 2007 ဖိုင်တွေဖတ်ဖို့ office 2007 ကြီး install လုပ်စရာမလိုတော့ပါဘူး။
office 2003 နဲ့ office 2007 ဖိုင်တွေကို ဖတ်ဖို့ Microsoft ကနေပြီးတော့ ထုပ်ပေးထားတာရှိပါတယ်... မသိသေးတာကြောင့်
လဲဖြစ်ချင်ဖြစ်မှာပါလေ ... ဒါကိုဖြေရှင်းနိုင်ဘို့အတွက်...
Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats ကို ထုတ်ပေးထားပါတယ်။
အဲဒါလေးကို install လုပ်ပြီးတဲ့အခါ office 2007 ဖိုင်တွေကို 2003 နဲ့ အလိုလို ဖွင့်ပေးသွားပါလိမ့်မယ်။
Download Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats

အကယ်၍ အသေးစိပ်သိလိုလျှင် ဒီနေရာကိုသွား ကြည့်နိုင်ပါတယ်။
ကျနော် အဆင်ပြေနိုင်မယ် ထင်တဲ့နေရာကနေတင်ပေးလိုက်တာပါ။

အဆင်ပြေနိုင်ကြပါစေ ...razz

Followers

..k

About This Blog

တခုခုတော့ပြောထားခဲ့ပါ

Blog Archive

Web hosting for webmasters