Double Killer Software

ဒီနေ့စက်ထဲကိုပြန်စစ်ရင်း... မလိုတော့တဲ့ဖိုင်တွေကို ဖျက်လိုက်မိတယ်... ဖျက်ရင်းတခြား Floder
ကိုပြန်ဝင်ကြည့်တော့လဲ ခုဏ ဖျက်ထားမိခဲ့တဲ့ဖိုင်က ရှိနေတုံးပါလားလို့.... ဒီလိုနဲ့ဘဲ အကုန်လိုက်
စစ်ကြည့်တော့ .... ဟာ စက်ထဲမှာ ကိုယ်မသိလိုက်တဲံ့ချိုန်ကထည့်ထားတယ်ထင်တယ် ဖိုင်တွေ
ထပ်နေလိုက်တာ အများကြီး ဒါနဲ့ဖျက်မလို့ လုပ်တော့ တခုချင်းလိုက်ဖျက်ရတာမလွယ်ဘူးလေ
ဝါသနာအရပေါ့ လိုက်ကလိရင်း Removing Duplicate Files ဆိုတာကို တွေ့လို့လုပ်လိုက်မိမှဘဲ
ရှင်းသွားတော့တယ်.. အဲဒါလေးကတော့ Double Killer Software လေးပါဘဲ .. သူက ကောင်း
တာက အင်စတော လုပ်ဘို့မလိုပါဘူး ... လွယ်လဲလွယ်ပါတယ် ဖိုင်ဆိုဒ်လဲ 760 kb လောက်ဘဲ
လေ .. ဒါလေး နဲ့ ရှင်းလိုက်မှဘဲ.. ဘယ်နေရာမှာ ဘယ်ချိုန်က ထပ်နေတယ်ဆိုတဲ့ဖိုင်တွေ ပေါ်
လာတော့တယ်...

ဒီမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Click here for download


File တခုထဲက နေရာအမျိုးမျိုးရောက်နေတော့ Hard Disk က မြန်မြန်ပြည့်သွားတာပေါ့ ဒါလေး
ကို စမ်းသပ်လုပ်ဆောင်ပြီး ရှင်းကြည့်ကြပါ။

မိမိ စက်မှာဘယ်ဖိုင်တွေ ဘယ်လောက်ပြန့်ကျဲနေတယ်ဆိုတာကို ... ကိုယ်စစ်ချင်တဲ့ Floder တွေ
ကို Select လုပ်ပေးပြီး Double Killer ကို Run ပေးလိုက်ပါ။ အဲမှာ Duplicate ဖြစ်နေတဲ့ ဖိုင်တွေ
ကိုသူက group လိုက် hightlight လုပ်ပေးပါတယ်။ ဒီအဆင့်မှာ ကို ဖျက်ချင်တဲ့ ဖိုင်တွေ ကိုစိတ်
ကြိုက် Delete လုပ်လို့ရပါပြီး။

ဖိုင် တူပြီး အမည်မတူရင်လဲ Text file ဖြစ်ဖြစ် Image File ဖြစ်ဖြစ် ဘာဖိုင်ဖြစ်ဖြစ်ပေါ့နော် ဒီ
ဆော့ဝဲလ် လေးက ကောင်းကောင်း ရှာဖွေမွှေနှောက်ပေးပြီး ဖျက်နိုင်ပါတယ်။

မှတ်ချက်။ ။ အင်စတော ( Install ) လုပ်စရာမလိုပါ။ ဒီတိုင်း လိုမှသာ Run ပြီးသုံးနိုင်ပါသည်။

Read more


VLC Media Player

ဒီနေ့အပျင်းပြေရှာဖွေရင်း တွေ့မိလို့ စမ်းလဲသုံးရင်း သဘောကျမိတာနဲ့ VLC Media Player ကို
တင်ပေးလိုက်တာပါ... တချို့လဲသုံးဘူးကြမှာပါ။ မသုံးဘူးသူတွေလဲ သုံးချင်ရင် စမ်းသပ်သုံးနိုင်
ကြဘို့ တင်ပေးလိုက်ပါတယ်။ Full Version ပါ.. Trail မဟုတ်ပါဘူး။
Windows 98/Me/NT/2000/XP/2003 Server/Vista အကုန်လုံးမှာ သုံးနိုင်ပါတယ်။



Supported Features
Play inclomplete videos! Open broken videos from BitTorrent
Play ISOs without unpacking ISO file
VLC supports all codecs and all file formats supported by FFmpeg.
Display videos as desktopwallpaper Thin portable install.


Container formats
3GP, ASF, AVI, FLV, MKV, QuickTime, MP4, Ogg, OGM, WAV, MPEG-2 (ES, PS, TS, PVA, MP3), AIFF, Raw audio, Raw DV, MXF, VOB.

Video formats
Cinepak, DV, H.263, H.264/MPEG-4 AVC, HuffYUV, Indeo 3,[16] MJPEG, MPEG-1,MPEG-4 Part 2, WMV.MPEG-2, အားလုံးလုပ်ဆောင်နိုင်ပါတယ်။




Read more


Firefox Add-Ons ... Orange Cool 1.1.0

New theme for firefox 3.Perfect mixture of black and orange for your Firefox browser.

Firefox Add-Ons >>> Orange Cool 1.1.0 <<<<

ဖိုင်းယားဖောင့် ( Firefox Browser ) ကို ပုံစံတမျိုးပြောင်းသုံးချင်ကြသူများတွက်.. Firefox
Add-Ons တခုပါ...... Ogange Cool 1.1.0 လေးပါ...
မိမိ ဘရောက်ဆာမှာ တမျိုးပြောင်းလဲ သုံးချင်သူများ တွက်..တင်ပေးလိုက်ပါတယ်။

အသစ်အဆန်းလေးတွေ ပြောင်းသုံးချင်ကြတယ် ဆိုရင်... အပေါ်က ပုံမှာပြထားတာကို ကလစ်
ဖွင့်ပြီးလုပ်ဆောင်နိုင်ပါတယ်။

Read more


PDF File အား Loading Time ပေးမြန်ခြင်း။

Adobe Acrobart Reader ဖတ်ကြတဲ့ခါ.. Loading time အ၇မ်းကြာတာတွေရှိတတ်ပါတယ်.. တခါတလေ မှာ ကွန်နက်ရှင်ကြောင့်ဖြစ်နိုင်ပေမဲ့... စက်က ဖတ်မနိုင်ပေးတာလဲ ဖြစ်နိုင်ပါတယ်
မိမိဖတ်ချင်တဲ့ချိုန်ဖြစ်တတ်တဲ့ ခါ အရမ်းကို စိတ်ကသိကအောက်ဖြစ်ရပါတယ်.. ဒါကိုအဆင်ပြေ
လွယ်ကူစေမဲ့ နည်းကတော့ ... PDF File ကို ဖတ်ရလွယ်အောင် မြန်အောင် speed မြှင့်တာလေး
တင်ပေးလိုက်တာပါ။ တခြားသောနည်းတွေလဲ ရှိနိုင်မှာပါ.... သိတာလေးကို တင်ပေးထားတာပါ။



ဒီနေရာ မှာ Download လုပ်နိုင်ပါသည်။

၁။ Plug_ins folder ကိုသွားပါ။
C:\Program Files\Adobe\Reader 9.0\Reader\plug_ins <<<< ဤနေရာကိုသွားပါ
၂။ Optional ဆိုတဲ့အမည်နဲ့ Folder အသစ်တစ်ခု တည်ဆောက်ပေးလိုက်ပါ။
၃။ Plug_ins folder မှာ (EWH32.api, print*.api, and Search*.api)ဖိုင်တွေကလွဲပြီးကျန်
တဲ့ File တွေကို
Optional folder ကိုပြောင်းပေးလိုက်ပါ... ပြောင်းပြီးတဲ့ခါ PDF ဖိုင်ကို ပြန်
ဖွင့်ကြည့်လိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်။

ဒါမှ အဆင်မပြေသေးလို့ ( သို့ ) လုပ်ရမှာခက်ပြီး မလုပ်တတ်သောသူများတွက်... Software
ကိုဒေါင်းပြီးလုပ်လဲရနိုင်ပါတယ်... လိုအပ်တဲ့ ဆော့ဝဲလ် လေးကိုတော့ ဒေါင်းပေးရမှာပါ

အပေါ်က ပုံအောက်မှာဒေါင်းလုပ် လုပ်ပေးပါ ( သို့ ) ဒီမှာ ဒေါင်းလုပ်လုပ်ပါ။
ဒါက PDF File ကို ဖတ်ရမြန်စေအောင် Speed မြှင့်ပေးတဲ့ Software လေးပါ။


Read more


Free Phone Call to America

Free phone call ... link တခုပါ.. မိမိကွန်ပျုတာကနေ အကောင့်လုပ်ပြီး.. အမေရိကား ကို ဖရီး
ခေါ်နိုင်တဲ့.. နည်းပညာတခုပါ... အားလုံး စမ်းသပ်သုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ တချို့သိ
နေတဲ့ သူတွေ အတွက်တော့မလိုပေမဲ့မသိသေးသေါသူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ


ဒီကနေ Free Phone Call သွားနိုင်ပါတယ်။

အဆင့်ဆင့် အကောင့်တခုရအောင်ဝင်လုပ်သွားရပါမယ်။
၁။ အပေါ်က ပုံမှာပြထားသလို Sign Up ကို ကလစ်ပေးပါ။
၂။ လိုအပ်တဲ့ ... First name... Last Name တွေကို ပေးချင်သလို သင့်တော်ရာပေးလိုက်ပါ။
Continue ကို ဆက်သွားပါ။
၃။ နောက်အဆင့်မှာ ... မိမိ Email တခုခု ကိုဖြည့်ပေးလိုက်ပါ... ပြီးရင်..
Please select your interests မှာ နှစ်သက်ရာ ၂ ခုကိုရွေးပြီး Tick ( အမှန်လဏ္ခာ )လေး
လုပ်ပေးလိုက်ပါ။
၎။ နောက်အဆင့်မှာ Please verify ဆိုတာကို ခဏဖတ်ပေးပြီး ( ဖတ်ချင်လဲဖတ် မဖတ်ချင်လဲ
ရပါသည် ) ပြီး.... အောက်က I have read and agree to the above written term of
service ဘေးမှာ.. အမှန်လေးခြစ်ပေးပါ.. ( Tick )
Continue ကို ဆက်ကလစ်သွားပေးပါ။
၅။ ဒီအဆင့်မှာ သူဖြည့်ခိုင်းထားတဲ့.. ကုတ် ( code ) ကိုဖြည့်ပေးလိုက်ပါ။ Continue ကို ဆက်
ကလစ်သွားပါ။
ကျန်တာကတော့လွယ်သွားပါပြီးလိုအပ်တာကို ဆက်လုပ်သွားရင်း နောက်ဆုံး.. အဆင့်ကနေ..
အစနေရာကိုပြန်ရောက်သွားပါမယ်။
အဲမှာ မိမိ အရင်ပေးထားတဲ့ အီးမေလ်း အကောင့် ကိုဖြည့်.. စကားဝှက်ထည့်ပြီး လိုအပ်သလို
ဆက်သွားပြီးခေါ်ဆိုနိုင်ပါပြီး။

ဒါလေးက ကိုယ်တိုင် ကွန်ပျူတာ သုံးနေရင်း သူငယ်ချင်း တွေရှိတဲ့ အမေရိက ကို ဖရီးခေါ်ဆိုနိုင်
ပါတယ်....
အားလုံး အဆင်ပြေစွာခေါ်ဆိုပြောနိုင်ကြပါစေ။

Read more


:)
:v

Read more



ဒီနေ့ အပျင်းပြေနားထောင်ဖြစ်ရင်း နဲ့ ဒီသီချင်းလေး ကိုသွားတွေ့လိုက်တာပါ... နားထောင်ရင်းစိတ်ထဲ
မှာလဲ တမျိုးလေးခံစားမိလိုက်တယ်.... ဒါနဲ့ အားလုံးလဲ နားမထောင်ဖြစ်ခဲ့သေးရင် နားထောင်စေချင်
တဲ့ ဆန္ဒကြောင့် မျှဝေပေးလိုက်တာပါ ... နားထောင်ကြည့်ကြပေါ့..




"ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်"
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်

တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်



စိုးစန္ဒာထွန်း ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။





Read more


Read more


"FormatFactory media file format Converter"


သီချင်း၊ ဓါတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ဘဲ ဖြစ်ဖြစ်၊ ဖိုင် size လျှော့ချင်ရင်ဖြစ်ဖြစ် သုံးလို့ကောင်းတဲ့ ဆော့ဝဲလေးပါ ... ဖိုင်ဆိုဒ်လဲ သိပ်မများသလို မိမိကွန်ပျူတာလဲ ထိခိုက်မှု့မရှိနိုင်ပါဘူး
ဒါလေးက Freeware လေးပါဘဲ.... Trail မဟုတ်တဲ့တွက် ဘာကီးမှ မလိုပါဘူး။




youtube ကနေ video တစ်ခု ဒေါင်းလုတ်လုပ်တယ်ဆိုပါစို့။ သူက .flv file format နဲ့ပေးလိမ့်မယ် အဲဒါကို ဟန်းဖုန်းထဲထည့်မယ်ဆို .3gp ဖြစ်ဖြစ် ပြောင်းပြီး ထည့်မှရမယ်။ mp4 player ထဲကို ထည့်မယ်ဆိုရင် .mp4 ဖြစ်ဖြစ် အဲဒီ mp4 player က လက်ခံနိုင်တဲ့ တစ်ခြား format တစ်ခုကို ပြောင်းရပြန်ဦးမယ်။ iPhone, iPod, Blackberry, PSP ထဲထည့်ဖို့ဆိုရင် .mp4 format ပေမယ့် mp4 player နဲ့က resolution မတူပြန်ဘူး။ mp4 player အတွက် media converter တစ်ခု၊ Cell Ph အတွက်တစ်ခု ၊ PSP အတွက် တစ်ခု၊ iPod အတွက် တစ်ခု သွင်းနေမယ့်အစားအားလုံးအတွက် format တစ်ခုကနေ တစ်ခု လွယ်လွယ်နဲ့ပြောင်းပေးနိုင်ပါတယ်။

DVD ထဲက ရုပ်ဖိုင်တွေ .VOB တွေ အဲဒါတွေကို ဖြတ် ညှပ် ကတ် ... လုပ်ချင်တဲ့အခါတခြားဟာ
တွေမလိုပါဘူး သုံးနေကျ Windows Movie Maker သုံးချင်ရင်လည်း ဒီ FormatFactory ကိုဘဲသုံး
ပြီး Windows Movie Maker က လက်ခံတဲ့ .WMV ဖြစ်ဖြစ် .AVI ကိုဘဲဖြစ်ဖြစ် ပြောင်းနိုင်ပါတယ်။

Songs တွေကတော့ MP3/WMA/AMR/OGG/AAC/WAV

graphic အတွက် JPG/BMP/PNG/TIF/ICO/GIF/TGA
စတဲ့ file တွေကို တစ်ခုကနေ တစ်ခု ပြောင်းပေးနိုင်ပါတယ်။

တချို့နိုင်ငံ တွေတွက် ... ဥပမာ.. တရုပ်နိုင်ငံလိုမျိုး ဒီကနေဒေါင်းလုပ် လုပ်နိုင်ပါတယ်။ US , China, Germany


Read more


"Total Video Converter"

Songs တော်တော်များများကို ဖိုင်ပြန်လည်ချိုန်လိုသူများတွက်အဆင်ပြေမယ် ထင်တာလေးပါ။
ဒီဆော့ဝဲလ် လေးက တော်တော်များများ ကို လုပ်ဆောင်ပေးနိုင်ပါတယ်...


( ဒီမှာဒေါင်းလုပ်ယူပါ )


Total Video Converter converts all video files to 3GP, MP4, PSP, iPod, SWF, FLV, DVD, VCD, AVI. Total Video Converter is a complete solution for video conversion which supports reading, playing all kinds of video and audio formats and converting them to the popular video formats. ( မိမိနှစ်သက်ရာ Audio Files ကို Formarts လုပ်နိုင်တာကိုဖေါ်ပြထားတဲ့ အတွက် အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်). Total Video Converter includes a powerful media conversion engine internally so that you can convert media files with very fast speed.

အကယ်၍ အဆင်မပြေပါက ဒီနေရာက လဲဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Read more


"Window Media Player" အကြောင်းလေးပါ။

Window Media Player နဲ့ပါတ်သတ်တဲ့ သိသင့်တာလေးတွေ မျှဝေပေးလိုက်တာပါ။ သိတဲ့ သူများရှိသလို မသိသေးတဲ့သူတွေ တွက်သာရည်ရွယ်ပြီး ပြန်မျှဝေပေးလိုက်တာပါ။
Window Media Player ဟာလည်း တကယ်အသုံးချနိုင်မယ်ဆိုရင်တကယ်အသုံးဝင်လှပါတယ်..
ဒီ Player နဲ့ တစ်ကမ္ဘာလုံးမှRadio အစီအစဉ်များကို နားထောင်နိုင် ခြင်း၊ CDs များတွင် ကူးယူထားနိုင်ခြင်းများအဖြစ် ကိုယ်ပိုင်ဖန်တီးနိုင်ခြင်း၊ DVD ဖွင့်နိုင်ခြင်း၊ သိချင်းနဲ့ ဗီဒီယိုဖိုင်များကို
Portal device ( Degital audio player,mp3 ) တို့ကိုကူးယူသုံးနိုင်ပါတယ်။



၁။ To play files
ကွန်ပျူတာ အတွင်းမှ ဖိုင်များ open နည်းကတော့ လူတိုင်းသိပြီးသားပါWeb ပေါ်မှ file များကို open မယ်ဆိုရင်တော့ File Menu မှ Open URL(or) Ctrl+U ကိုရွေးချယ်ပြီးတော့ Open Url Box မှာ URL ရိုက်ထည့်ပြီး သွာ်းနိုင်ပါတယ်...နားထောင်ရာမှာအဆင်ပြေအောင် ..
Shuffle (ctrl+H) ကို turn off လုပ်ခဲ့ဖို့လဲ မမေ့ပါနဲ့ ..
သွားရောက်ခဲ့တဲ့ URL Lists တွေကို ဖျက်ချင်တယ်ဆိုရင်တော့ Tools/Options/Privacy tab အောက်မှာ clear history buttonလေးကို ကလစ် ခြင်းဖြင့် delete နိုင်သလို၊ URL တွေကို မှတ်သားထားချင်တယ်ဆိုရင်.... Save file & Hidtory in the player ဆိုတာကို ကလစ်ပေးထားခဲ့ပါ။

၂။
To play a radio station on the Internet
RadioTuner button ကို click , radio stations ကိုရှာဖွေပြီးတော့ကျန်တဲ့အပိုင်းတွေကတော့ သက်ဆိုင်ရာ Radio Station တွေရဲ့instructions တွေအတိုင်း လုပ်ဆောင်ရမှာပါ ခြားနားချက်တော့ရှိနိုင်ပါတယ်။
( Radio tuner ကိုရှာလို့မတွေ့ခဲ့ရင် ctrl+1 ကို တွဲပြီးကလစ်ပါ)
မိမိကြိုက်နှစ်သက်တဲ့ sections လေးတွေကိုလဲ Media Library မှ My favourite section of the Radio category ကို အက်ထားပေးရင် နောက်ခါ ဖွင့်ရလွယ်နိုင်ပါတယ်။

၃။ To adjust the graphic equalizer levels
1.Now Playing ကို click လိုက်ပါ View Menu /Enchancements/graphic Equalizerသို့ရောက်အောင် အဆင့်ဆင့်သွားပါ။
2.Enchancements pane က Turn on ကို click ပါ Default ကို click လိုက်ရင် Drop Down Menu ထဲမှ Classic, Jass သင့်ရာတခုခု ကို ရွေးချယ်ပြီး Custom ရွေးပြီိး ချိုန်ညှိနိုင်ပါတယ်။

၎။ To adjust the audio effects

1. View menu/Enhancements/ SRS Wow Effectsထိရောက်အောင် အဆင့်ဆင့်သွားရောက်ပါ
2. Enchancements pane မှ turn on ကို click ပါ Trubass ,Wow Effects တို့ကို ကြိုက်သလို
ချိုန်ယူနိုင်ပါတယ်။
3. Spekars size ကို အရွယ်အစားအားဖြင့် Normal/Large (or) Headphone တို့ဖြင့် လိုသလိုညှိ
နိုင်ပါတယ်။
4. Effects တွေမလိုချင်ဘူး ဆိုရင်လဲ ညာဘက်ထောင့်နားလေးက close ကို click နိုင်ပါတယ်
5. ဒီ effects တွေဟာ DVD file type တွေနဲ့မဆိုင်ပါဘူး။

၅။ To adjust video settings

1. Now Playing ကို click ပါ..
2. View/Enhancements/Video Settings သို့သွားလိုက်ပါ
3. Enhancements pane တွင် Hue, Saturation,Brightness, Contrast စသဖြင့် နှစ်သက်သလို
ချိုန်နိုင်ပါတယ်။

၆။ To Configure the Player HDCD CDs using 24-bit audio
1. Tools / options မှ Devices tab ကို click ပါ
2. Spekars ကို Double- click ပါ
3. Performance အောက်က Use 24-bit audio for audio CDs ဆိုတဲ့ စာကြောင်းကို check ပေး
လိုက်ပါ။

၇။ To add static lyrics to a file
1. Now Playing ကို click ပါ playlist pane မှာ lyrics အပ်လိုတဲ့ file ကိုရွေးပါ
တကယ်လို့ playlist ကိုမတွေ့ဘူးဆိုရင် View/Now Playing Options /Show Playlist ကို click ပါ
2.Info Center View မှ Lyrics ကို click ပါInfo Center ကိုမတွေ့ခဲ့ရင် View/Info Center view/Shwo Always (or)Show Always or Show Only When Detailed media information Is Available ကို Click လိုက်ပါ။
3. Add Lyrics button လေးကို ထပ်မံ click ပါ အဲဒီအခါ မှာတော့ စာရိုက်ရန်အတွက် လေးထောင့်ကွက်လေးနဲ့ box တစ်ခုပေါ်လာပါမယ် စိတ်တိုင်းကျ ရေးပြီးပြီ ဆိုရင်တော့Save Lyricsကို click ပေးလိုက်ပါ မကြိုက်သေးရင် Edit Lyrics ကိုထပ်မံကလစ်ပေးပါ။
4. Tag Info မှာလဲ Title ,Subtitle,track number,Key စသည်ဖြင့် Edit လုပ်နိုင်ပါတယ်။
5. Pictures, Lyrics,comments ,Artist Info များကိုလဲ ညာဘက်ဘေးမှ Add button ကို
click ပြီးထည့်သွင်းနိုင်ပါတယ်။

မှတ်ချက်။ ။ ဆက်ရေးရန်ရှိ.........

Read more


"Advanced System Care 3.1.2"



အသုံးဝင်မယ် ထင်တာလေးကိုတင်ပေးလိုက်ပါတယ်... Advanced System Care 3.1.2 free Software လေးပါ... 7.29 MB ဘဲရှိပါတယ်... မိမိ ရဲ့စက်ကိုလဲ မလေးစေနိုင်သလို.. တော်တော်များများ ကို သူရှင်းပေးနိုင်ပါတယ်.... ဒီနေရာ ကနေဒေါင်းလုပ်ယူနိုင်ပါတယ်။
ဒါပေမဲ့
Windows 95/Me/2000/XP/Vista 32/64 စက်များမှာသာသုံးနိုင်မှာပါ .... Mac အတွက်ကတော့ သီးသန့်လို့ထင်ပါတယ်...



၁။ ပုံမှာပြထားတဲ့ အတိုင်းကြည့်ပြီး စမ်းသပ်သုံးနိုင်ကြပါတယ်... ပထမဦးဆုံး စကန် ( Scan ) ဖတ်ပြီးရင်... စက်မှာမှားနေတာ တွေ သူပြပေးမှာပါ။ ဒါကို Repair လုပ်ပေးလိုက်ပါ။
တခုတော့သတိထားပေးရမှာကတော့ ဒီအဆင့်ကို စကန်ဖတ်နေတယ် ဆိုရင် .. Firefox Browser ကို ခဏတော့ ပိတ်ထား ( Exit ) လုပ်ပေးထားသင့်ပါတယ်။


၂။ ဒီအဆင့်မှာကတော့ မိမိစက်ကို Disk Cleaner လုပ်ပေးနိုင်ပါတယ်... ကျန်တာတွေကိုတော့လိုသလို ချိုန်သုံးနိုင်ကြပါစေ။
မှတ်ချက်။ ။ Smart Defrag ကို သုံးမယ် ဆိုရင် သီးသန်း ဆော့ဝဲလ် တခု ထပ်မံဒေါင်းလုပ် လုပ်ရပါမယ်။ လိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။

Window XP မှာ Defrag လုပ်တာ ပါပေမဲ့.. ခုနောက်ပိုင်းထွက်တဲ့ Window Vista 32/64 bit တွေမှာ ပါတော့ပါပါတယ်... အရမ်းကြာပါတယ်... ဒါကြောင့် ဒီဆော့ဝဲလ် လေးနဲ့သုံးနိုင်ပါတယ်။
စက်ကို ဘာမှထိခိုက်မှု့မရှိနိုင်ပါဘူး။

တကယ်ကောင်းတဲ့ ဆော့ဝဲလ် လေးပါ။
အဆင်ပြေနိုင်ကြပါစေ။
ပုံကြီးကြည့်လိုလျှင် Double click လုပ်ပေးပါ။

Read more


Online ကာရာအိုကေ


Online
ကာရာအိုကေ ဆိုချင်ကြသူများ အတွက်ပါ။ ဒီကနေသွားပါ ပထမဦးဆုံး အပေါ်မှာဝိုင်းပြထားတဲ့နေရာကနေ မိမိ Gmail နဲ့ အကောင့်တခုလုပ်လိုက်ပါ။ အကောင့် လုပ်ပြီးရင် မိမိ ရဲ့ မေးကို ပြန်ဝင်ပြီး စစ်ရပါမယ်။ Your account is inactive. Please activate it by using the following link. အဲကနေ ထပ်ကလစ်ဝင်ပြီး အကောင့်လုပ်တုံးက မိမိ ရဲ့ username နဲ့ p/w စကားဝှက် နဲ့ ပြန်ဝင်ပါ။



ဝင်ပြီးရင် အပေါ်ကမှင်နီ နဲ့ ပြထားတဲ့နေရာကို ကလစ်ပြီး မိမိ သီဆိုလိုသော သီချင်းအားရွေးချယ်ရပါမယ်။




နောက်ထပ်တဆင့် အပေါ်မှာ ပြထားတဲ့ နေရာကို ထပ်ကလစ်ပါ... မိမိ အသံနှင့်သီဆို နိုင်ရန်အတွက် ထပ်မံကလစ်ရပါ့မယ် ..... ဒါဆို အောက်က ပြထားတဲ့ ပုံ ကိုရောက်သွားမှာပါ။




ဒီအဆင့်မှာ မိမိ အသံနှင့် သီဆိုနိုင်ရန်ဖြစ်ပါတယ်။ ပြထားတဲ့ ၁ မှ ၅ အထိ အဆင့်ဆင့်လုပ်သွားပေးရပါမယ်။ ( သေချာရှင်းပြလိုက်မယ်နော် )

။ play ( or ) rewind တခုခုကို ကလစ်ပေးလိုက်ပါ။
။ Google camera adapter 1 ကို ကလစ်ဖွင့်ပေးရပါမယ်။
( အထက် နှင့် အောက် က ဟာတွေလဲ သုံးနိုင်ပါသည် )
။ Disable camera ကို enable ဖြစ်အောင် ကလစ်ဖွင့်ပေးလိုက်ပါ။
။ ForntMic (Realtek Hight Definiti) ကို ကလစ်ပေးပါ .. အောက်မှ volue ကို လိုသလိုချိုန်
ထားနိုင်ပါသည်။
။ ပြီလျှင် Start record ကို ကလစ်ပေးလိုက်ပါ .... ဗွီဒီယို စတင်သွားနေပြီး ... မိမိ အသံနှင့် စတင်
စတင်သီဆိုနိုင်ပါပြီး ။

မှတ်ချက် ။ ။ အင်တာနက် ကွန်နက်ရှင်ပေါ်မူတည်ပြီး အသံနှင့် တီးလုံးကွာဟချက် ရှိနိုင်ပါသည်။

အကယ်၍ မရှင်းလင်းတာ ရှိပါက စီဘောက်တွင် မေးထားနိုင်တယ်နော်။

သူငယ်ချင်း များ အားလုံး ကိုယ်ပိုင်အားလပ်ချိုန်လေးမှာ မိမိ အသံနှင့် သီချင်းလေးတွေ သီဆိုရင်း
ပျော်ရွင်နိုင်ကြစေရန် ရည်ရွယ်လျှက် ........

ဒီနေရာလေးမှာလဲ ထပ်ကလစ်ပြီး link ဆီကိုသွားနိုင်ပါသည်။


Read more


"ဗိုလ်ချုပ် မွေးနေ့ အမှတ်တရ"





ဆက်လက်ဖတ်ရှု့ရန်


ပြီးပါပြီး

Read more


"အလဲဗင်း"




ဦးဖိုးခင် တစ်ယောက် လ္ဘက်ရည်ဆိုင်ထဲဝင်လာသည် ။


“ ဖိုးထောင် .. ငစိုး တစ်ယောက်တွေ့မိသေးလား ”
“ မတွေ့ဘူး ဦးလေးဖိုးခင် ရ... ဘာလို့လဲ”
“ ပြော.မပြောချင်ပါဘူးကွာ .. ငါအခု ဒီကောင့်ကိုတွေ့ချင်နေတယ် ၊ ဟေ့ ကြည်ထွန်းရေ ပေါ့ဆိမ့်တစ်ခွက် ပေးဟေ့”

"ဟူးးးးးးးးးးးးးးးးးးး ဒီကောင်တော့လားကွာ တွေ့များတွေ့လို့ကတော့လား"
“ ဘာတွေအရေးကြီးလို့လဲဗျ ၊ စိုးကြီးက ဘာတွေလုပ်ပြန်ပြီတုန်း”
“ ဒီကောင်ကွာ ... ငါ့များ မလှိမ့်တစ်ပတ်နဲ့ ။ ပွင့်ပွင့်လင်းလင်းပြောပေါ့ကွ ၊ ငါလည်း လူငယ် ဘ၀ကလာတာပဲ ၊ ဒီလောက်တော့ နားလည်ပါတယ်”
“ စိုးကြီးက ဘာတွေလုပ်သွားလို့တုန်း ဦးလေးဖိုးခင်ရ.. ကျွန်တော့်ကိုပြောပါဦး”


“ အမှန်ဆို ပွင့်ပွင့်လင်းလင်းပြောပေါ့ကွာ .. တူအရီးချင်းပဲ .... ခုလိုတော့မကောင်းဘူးကွာ”
“ စိုးကြီး ဘာလုပ်တာလဲ ဆိုတာပြောဦးလေ ဦးလေးဖိုးခင်ရ .. ကျွန်တော် နားမလည်တော့ဘူး ”
“ ဒီလိုကွာ... ညက...”

...................... xxxx XXX xxxx .......................

ဒီရုံးမှာ ဦးဖိုးခင်နဲ့ စိုးဝင်း ကညစောင့် ။ ည ၇ နာရီဆိုစပြီ ။ ဦးဖိုးခင်က လူကြီးဆိုတော့ အချိန်မှန်တယ် ။ စိုးဝင်းကတော့ လူငယ်ဆိုတော့ အကြောင်းအမျိုးမျိုးပြပြီး နောက်ကျနေကျ ။ ရောက်လာရင်လည်း ဟိုပြော ဒီပြောနဲ့ ဦးဖိုးခင်ကို အရင်အိပ်ခိုင်းတယ် ။ ၁၂ နာရီ မကျော်ခင်တော့ အမြဲနှိုးပြီး ပြန်စောင့်ခိုင်းတယ် ။ တစ်ယောက် တစ်ဝက်ဆိုတဲ့သဘောပေါ့ ။ ဦးဖိုခင်ကတော့ ဘာမှမဖြစ်ပါဘူး ။ လူကြီးဆိုတော့ ခပ်အေးအေးပဲ ။ သူ့မှာတစ်ခြားအလုပ်လည်းမရှိဆိုတော့ အိပ်ရေးပျက်ခံနိုင်ပြီးသား ။နေ့လည်ခင်း ထမင်းစားပြီး တစ်ရေးလောက် အိပ်လိုက်ရင် သူ့အတွက်က ပုံမှန်ပဲ ။

ဒီနေ့လည်း ငစိုးတစ်ယောက် ထုံးစံအတိုင်းနောက်ကျနေတယ် ။ ဦးဖိုးခင်က ရေဒီယိုတစ်လုံးဖွင့်ပြီး ထုံးစံအတိုင်း ခပ်အေးအေးပဲ ။ ငစိုးလာရင် တစ်ရေးအိပ်မယ်ပေါ့ ။၈ နာရီထိုးကာနီးကျတော့ ငစိုးရောက်ချလာတယ် ။ ညစောင့် ပုံ မပေါက်အောင် အ၀တ်အစား အသစ်တွေနဲ့ ။ ဘာလုပ်ဦးမယ်မသိဘူး ။ စက်ဘီးတောင် ပါလာသေးတယ် ။
“ ဦးလေး ... ကျွန်တော် ဒီည မြို့ထဲက ဘုရားပွဲ ခဏသွားချင်လို့”
စိုးဝင်းက မျက်နှာငယ်လေးနဲ့ ဦးဖိုးခင်ဆီ တောင်းပန်သလိုကြည့်တယ် ။ ဦးဖိုးခင်လည်း ငစိုးပြောမှ သတိရတယ် ။ ခုရက်ပိုင်းက ဘုရားပွဲတွေရှိနေတာကိုး ။အင်းပေါ့ ခမျာ သွားချင်ရှာမပေါ့ ။ လူငယ်ကိုး ။သူငယ်ငယ်တုန်းကလည်း ဘယ်ပွဲမှ အလွတ်ပေးတာ မဟုတ်ခဲ့ဘူး ။ ခဏတစ်ဖြုတ်တော့ သွားပါစေ ။ အလုပ်ကလည်းရှိသေးတာကိုး ။

“ အေးလေ သွားပေါ့ကွာ ... ခဏတစ်ဖြုတ်ပဲ”
“ ဟုတ်ကဲ့.. ကျေးဇူးပဲ”
“ နောက်တော့ မကျစေနဲ့ကွာ... ဟုတ်ပလား”
“ ဟုတ်ကဲ့..”
ပြောပြီး စိုးဝင်းက စက်ဘီးပေါ်တက်ပြီး မြို့ထဲသွားဖို့ပြင်တယ် ။ စထွက်တဲ့ အချိန်ကျမှ ဦးဖိုးခင်က သတိရ သွားတယ်
“ ဒါနဲ့ ငစိုး မင်း ဘယ်အချိန်ပြန်လာမှာတုန်း”
“ အလဲဗင်း ဗျို့”
ငစိုးက စက်ဘီးပေါ်က ပြန်အော်ပြောပြီး ဆက်နင်းထွက်သွားတယ် ။
“ အေး ... အေး ”
ဆယ့် တစ်နာရီဆိုတော့ ။ မဆိုးပါဘူးလေ ညည့်လဲ သိပ်နက်သေးတာမှ မဟုတ်တာ ။ ဒီလိုနဲ့ပဲ ဦးဖိုးခင် တစ်ရေး အိပ်မယ့် အတွေးလေးဖျက်ပြီး ။ ရေဒီယိုလေးလိုင်း လိုက်ဖမ်းနေလိုက်တယ် ။

..................... xxxx XXX xxxx ........................
စဉ်းစားကြည့်စမ်းပါ ဖိုးထောင်ရာ ... ငါလွန်လား ငစိုးလွန်လား လို့ ။ပြောပေါ့ကွာ ... အမှန်ဆို ဦးလေးေ“ အဲဒီ အချိန်ကတည်းက ပြန်မလာတာ ခုထိပဲ ... ရ ကျွန်တော်တော့ဖြင့် တစ်ညလုံးကြည့်ချင်တယ် ဘာညာပေါ့ ။ ခုတော့ သူက ဆယ့်တစ်နာရီပြောပြီးမရောက်တော့ငါ့မှာ ဒီကောင်များ ပြဿနာဖြစ်နေလားလို့ ပူရသေးတယ် ။ သူကတော့ ခပ်အေးအေးပဲ ”
“ ဟား....ဟား..... ကျွန်တော် သဘောပေါက်ပြီ .. ဦးလေးဖိုးခင်”
“ ဘာကိုတုန်း..”
“ ညက ကိစ္စက ဦးလေးဖိုးခင်လည်း မမှားဘူး ... စိုးကြီးလည်းမမှားဘူး ”
“ ဘာလို့ ငစိုးက မမှားရမှာတုန်း ”
“ အာ.. ဦးလေးကလဲ သူပြောသားပဲလေ အလဲဗင်းလို့”
“ အေးလေ .... အလဲဗင်း ဆို ဆယ့်တစ်နာရီပြန်လာပေါ့ကွ ... ငါလည်း အဲလောက်တော့ အင်္ဂလိပ်လိုတတ်ပါတယ်ကွ”
“ အဲဒီမှာ စလွဲတာပဲ ဦးလေးရေ”
“ ဘာကိုတုန်း”
“ စိုးကြီးပြောတဲ့ အလဲဗင်း ဆိုတာက အလင်းပဲ လို့ပြောတာဗျ”

“ ဟေ”


ဆက်လက်ဖတ်ရှု့ရန်


Read more


( ၆၂ ) နှစ်မြောက်ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း ကဗျာ

ဖေဖေါ်ဝါရီလ ( ၁၂ ) ရက်နေ့မှာ ကျရောက်မဲ့ ( ၆၂ ) နှစ်မြောက် ပြည်ထောင်စု နေ့ အမှတ်တရလေးနဲ့ ... ဖေဖေါ်ဝါရီလ ( ၁၃ ) ရက်နေ့မှ ကျရောက်မဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အတွက် ... ငယ်ငယ် တုံးက သင်ခဲ့ရတဲ့... ကဗျာ လေးကို ကော်ပီ ကူးပြီးတင်ထားပေးတာပါ .... တချို့ဆို ကဗျာလေးကို မေ့တောင် နေမလားဘဲနော်. ဘာဘဲ ဖြစ်ဖြစ်ပါ .. အားလုံးတွက် အမှတ်တရ တခုဖြစ်ခဲ့မယ် ဆိုရင် ရှာတင်ရကျိုးနပ်ပါတယ်။






Read more


"Happy Valentine Day"




အခု...February လထဲလည်းရောက်လာပြီဆိုတော့ ...အားလုံး ရန်ခုန်ကြတဲ့ Valetine's Day လေးလည်း နီးကပ်လာပြီပေါ့... လုပ်နေကျအတိုင်း ပန်းစည်းတွေ၊ ချောကလက်တွေ ပေးကြရင်း ချစ်သူရဲ့ စိတ်ဝင်စားမှု ပိုရဖို့ အတွက် ဒါလေးဖတ်ပြီ ပြောပြလိုက်ပေါ့နော်...အင်း ...ပုံပြင်လေးကတော့....................

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို
လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းက ပြည်သူတွေကိုအဓ္ဓမသိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေကမိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက... လူတွေကိုမင်္ဂလာမဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်
သူကို နှုတ်တ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။

Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီ တောင်းခံခကြတယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှု့တွေခံရပြီး ကွယ်လွန်သွားခဲ့
ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။
အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။
(တချို့ဆိုက်ဒ်က အေဒီ ၁၆၉တဲ့)။


ပဲရစ်မှာရှိတဲ့ ဘာသာစကားပေါင်း ၃၁၁ မျိုးနဲ့ ရေးထားတဲ့ "ချစ်တယ်"ဆိုတဲ့ နံရံမှာ ချစ်သူနှစ်ဦး ဓာတ်ပုံရိုက်နေတဲ့ ပုံပါ။

နောက်မူကွဲ တမျိုးက ဒီလို ဆိုထားပါတယ်။ ဘုန်းတော်ကြီး Valentine ဟာခရစ်ယာန် ဘာသာဝင်ရဲ့ ကနဦးအစကတဦးလို့ ဆိုရပါမယ်။ အဲဒီခေတ်က ခရစ်ယာန်ဘာသာဝင် တဦးဟာ သေမင်းနဲ့ ဘေးဥပါဒ်ကိုတောင် မမှုဘဲ မိမိဘာသာဝင် လူမျိုးအတွက် အသက် စတေးရဲခဲ့တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့ သမီးကို ဆေးကုသ ပေးခဲ့တယ်။ Claudius ဘုရင်ကြီးက ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကိုလူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့် ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာ Valentine ဟာ ထောင်မှူးသမီးကို နှုတ်ဆက်စာလေး တစောင်ရေးပေးခဲ့တယ်။
စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။
ို
သမိုင်းမှတ်တမ်းတင်တဲ့ လူတွေက ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို ဖော်ထုတ်ကြပြီး လူတွေကို ယုံကြည်မှုတွေ ပေးခဲ့တယ်။ အေတီ ၂၇၀ ရောမဘုရင် ထီးနန်းတက်စတုန်းက ရောမမြို့ အနီးတ၀ိုက်ဟာ တောကြီးမျက်မဲထဲမှာ ၀ံပုလွေတွေ ပေါများခဲ့တယ်။ ရောမလူမျိုး ကိုးကွယ်တဲ့ နတ်ဘုရားမှာ Lupercus ဆိုတဲ့ နတ်ဘုရားလဲ ပါဝင်ပြီး အဲဒီ နတ်ဘုရားဟာ လူနဲ့ ဆိတ်တွေကို အကာအကွယ်ပေးခဲ့တဲ့နတ်ဘုရားဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလလယ်မှာ အဲဒီနတ်ဘုရားကိုပသ ပူဇော်တဲ့ပွဲ လုပ်ကြတယ်။ အဲဒီတုန်းက ပြက္ခဒိန်ဟာ အခုခေတ် ပြက္ခဒိန်ထက် အနည်းငယ် နောက်ကျတယ်။ အဲတုန်းက နတ်ဘုရားကို ပူဇော်တဲ့ပွဲဟာနွေဦးကို ကြိုဆိုတဲ့ပွဲလို့လဲ ပြောနိုင်တယ်။

ဒီပွဲဟာ နတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲလို့လဲ တချို့ကပြောကြတယ်။ အဲဒီနတ်ဘုရားဟာ လူတပိုင်း ဆိတ်တပိုင်း ဖြစ်ပြီးခေါင်းမှာPanလို့ခေါ်တဲ့ဂျိုပေါက်နေတယ်။တိရိစ္ဆာန်နဲ့လူတွေကိုကာကွယ်စောင့်ရှောက်တယ်။ဒီလို နတ်ဘုရားကို ပူဇော်ပသတဲ့ ဖြစ်စဉ်အစဟာ ရှေးကတည်းက ရှိခဲ့တဲ့အတွက် အေတီ၁ရာစုက ရှိခဲ့တဲ့ ပညာရှင်တွေတောင် တိတိကျကျ မသိခဲ့ကြဘူး။ ဒါပေမဲ့ ဒီလိုနေ့မြတ်ရဲ့ အရေးပါပုံကိုတော့ ယုံမှားသံသယ မရှိခဲ့ကြဘူး။ သမိုင်းမှတ်တမ်းအရ Mark Antony ဟာ အေတီ ၄၄ခုနှစ်ရဲ့ နတ်ဘုရား ပူဇော်ပွဲတခုမှာ သရဖူကို
Jul ius Caesar လက်ထဲ အပ်နှင်းလိုက်တယ်လို့ သိရတယ်။

နှစ်စဉ်နှစ်တိုင်းရဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ Palantine တောင်ထိပ်ရဲ့ ဂူတဂူဘေးမှာ စုဝေးကြတယ်။ ဒီဂူမှာ ဟိုးယခင် နန်းတက်ခဲ့ဖူးတဲ့ Romilus and Remus ညီအစ်ကို နှစ်ဦးကို ၀ံပုလွေမတကောင်က ကျွေးမွေး စောင့်ရှောက်ပြီး ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီပွဲမှာ နောက်တမျိုး ကျင်းပပုံက လူကုံထံများဟာ ဆိတ်သရေ ကြာပွတ်ကို ကိုင်ပြီး လမ်းတလျောက် ပြေးကြခြင်းပါပဲ။ အမျိုးသမီးတွေက ပြေးလမ်းရဲ့ ဘေးတဖက်စီမှာ ရပ်ပြီး ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံကြတယ်။ အရိုက်ခံရမှ သူတို့ဟာ သမီးလေးမွေးမယ်လို့ ယုံကြည်ကြလို့ပါပဲ။လက်သင်ဘာသာမှာ ဆိတ်သရေ ကြာပွတ်ကို februa လို့ခေါ်တယ်။ ကြာပွတ်နဲ့ ရိုက်တာကို fabruatio လို့ခေါ်တယ်။ တကယ်တော့ စင်ကြယ်ခြင်း ဆိုတဲ့ အဓိပါယ်ဖြစ်တယ်။ နှစ်လပိုင်း February ဆိုတာ အဲဒီကနေ ဖြစ်လာတာပါ။

ရောမရဲ့ အင်အားဟာ ကြီးလာပြီး ဥရောပတခုလုံး ပျံ့နှံ့လာခဲ့တယ်။ နတ်ဘုရားပူဇော်ပသတဲ့ အစဉ်အလာဟာ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေအထိ ရောက်ခဲ့တယ်။ အဲလို ပူဇော်ပွဲမှာ လူကြိုက်များတာကတော့ ကံစမ်းမဲ နိုက်တာပါပဲ။
မိန်းကလေးတွေရဲ့ နာမည်ကို သေတ္တာထဲ ထည့်ပြီး ယောက်ျားသားတွေက မဲနှိုက်ကြတယ်။ နှိုက်မိတဲ့ မိန်းကလေးနဲ့ အဲဒီ ယောက်ျားလေးဟာ ချစ်သူတွေဖြစ်သွားကြတယ်။ နှစ်တွေကြာလာတော့ ခရစ်ယာန်တွေ အမှတ်တရထားတဲ့ဒီလို ထုံးတမ်းစဉ်လာဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာခဲ့တယ်။ ဘုန်းတော်ကြီးတွေက ဒီပွဲကို လူတွေ မေ့လျော့ကုန်မှာ စိုးတာနဲ့ အရင်က ကျင်းပခဲ့တဲ့ Lupercalia ပွဲကို Valentine 's Day လို့ပြောင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ရွေ့ခဲ့ကြတယ်။ဘုန်းတော်ကြီး Valentineရဲ့ ရာဇ၀င်နဲ့ ရှေးယခင်က ရှိခဲ့တဲ့နတ်ဘုရားပူဇော်တဲ့ ပွဲနှစ်ခုကို ပေါင်းစပ်လိုက်ကြတယ်။

ဒီပွဲဟာ ရာစုနှစ်လယ်လောက်က အင်္ဂလန်မှာ တော်တော် ခေတ်စားခဲ့တယ်။ မဲနှိုက်မိတဲ့ အပျိုနဲ့ လူပျိုနှစ်ဦးဟာ လက်ဆောင် ပစ္စည်းတွေ လှဲလှယ်ကြပြီး မိန်းကလေးက အဲဒီ တနှစ်အတွင်းမှာ ယောက်ျားလေးရဲ့ Valentine ဖြစ်ရတယ်။
ယောက်ျားလေးရဲ့ အင်္ကျီမှာတော့ မိန်းကလေးနာမည်ကို ဇာထိုးထားရပြီး အဲဒီမိန်းကလေးကို ကြည့်ရှူစောင့်ရှောက်ဖို့ တာဝန်ယူရတယ်။ သမိုင်းအထောက်အထားအရ ဒီလိုစုံတွဲမျိုးဟာ ၁၅ရာစု နှစ်စမှာ ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ပြင်သစ်မင်းသား Duke of Orleans ဟာ Agincourt စစ်ပွဲမှာ အင်္ဂလိပ် စစ်သည်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လန်ဒန်မှာ နှစ်အတော်ကြာ ချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ မင်းသားဟာ သူ့ ကြင်ယာတော်အတွက် ကဗျာတွေ စပ်ခဲ့တယ်။သူ့ ကဗျာပေါင်း ၆၀ကို ယနေ့ထက်တိုင်ထိ သိမ်းဆည်းထားပါတယ်။

နှစ်၂၀၀ နောက်ပိုင်းရောက်မှ ပန်းတွေနဲ့ လုပ်ထားတဲ့ စာတွေ၊ ပစ္စည်းတွေ ပေါ်ခဲ့တယ်။ ပြင်သစ်ဘုရင် Henry IV ရဲ့ သမီးတော်တဦးက Valentine's Day မှာကြီးကျယ်တဲ့ ညစာစားပွဲတခု ပြုလုပ်ခဲ့တယ်။အရွေးခံရတဲ့ မိန်းကလေးက လာရွေးသူ ယောက်ျားလေးဆီက ပန်းစည်းတစည်းကို လက်ဆောင်ရကြတယ်။

ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို
တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။

ချစ်တတ်သူတိုင်း ချစ်နိုင်ကြပါစေ။ ချစ်တယ်လို့ ပြောဖို့ မတွန့်တိုကြပါနဲ့ ... အခွင့်အရေးဟာ မျက်စိလည်ပြီး ၂ခါ ရောက်မလာနိုင်ဘူး။

အင်း...တစ်ခုဝန်ခံပါတယ် ... ဒီ Post လေးက My-Friends Lover ထဲက Post လေးတစ်စောင်ပါ။
အားလုံးကို သိစေချင်တဲ့ ဆန္ဒအရင်းခံကြောင့် ပြန်လည်ကူးယူဖေါ်ပြပေးလိုက်ပါတယ်။


Read more


ချယ်ရီလက်ဆောင် ( ကိုင်ဇာ ) သီချင်းလေးပါ

Read more


Youtube Get 4.9.7 Software

Youtube ကို တော်တော် များများအကျွမ်းတ၀င်သုံးဘူးကြမှာပါ ... ဒီဆော့ဝဲလ်လေးက Mp3, Mp4, Avi နဲ့ တခြားဖော်မက် ( format ) ပြောင်းလိုသူများ ဒီဆော့ဝဲလ် လေး ကို download ချပြီးသုံးကြည့်ပါ။ VDO Browser ကနေတိုက်ရိုက်သုံးနိုင်သလို Link ကို copy... paste လုပ်ပြီး download လုပ်ပြီး convert လုပ်ပြီး လိုအပ်သလို သုံးနိုင်ပါတယ် ...
အသံတွေလဲ တော်တော်ရှင်းပါတယ် . စမ်းသပ်သုံးကြည့်ကြပါ။

Read more


Mp3 song တွေ အသံတိုးတာကိုကျယ်ဘို့


Mp3 သီချင်းတွေကို ဒေါင်းကတဲ့ခါ အခက်အခဲတချို့ကြောင့် ..အသံတွေ တိုးတာတွေ ထစ်တာတွေ ရှိနေတတ်ပါတယ်.. ဒါကို အလွယ်တကူပြင်နိုင်ပါတယ်

တခါတလေလဲ တင်ထားတဲ့ ဆိုဒ် ရဲ့အခက်အခဲကြောင့်ဖြစ်နိုင်ပါတယ်။
ဒီအတွက်တော့ဘာမှ မပူကြပါနဲ့ .. ဘာ Software မှ မလိုဘဲ အသံကို ပြန်ချိုန်နိုင်ပါတယ်...

ဒါအတွက် ဒီနေရာ လေးကနေ သွားပြီး ပြင်နိုင် အသံကို လိုသလို ချိုန်နိုင်ပါတယ်..
ပြောင်းလိုတဲ့ သီချင်း ကို Browse ကနေ တင်ပေးလိုက်ပြီး အောက်က လိုအပ်တာကို စိတ်ကြိုက်လိုသလိုချိုန်နိုင်ပါတယ်။ upload တင်ပြီး အသံကိုလိုသလိုချိုန်ပါ ။

တခုတော့ ရှိတယ်နော် အင်တာနက်ကွန်နက်ရှင် ပေါ်လဲမူတည်ပါတယ် connection နှေးနေရင်တော့ကြာနိုင်ပါတယ်။
ပြီးရင် ဒေါင်းလုပ် ( Download ) ပြန်ယူပြီး နားထောင်နိုင်ပါပြီး။

Read more


နိုင်ငံရေးဆိုတာ ( ဟာသလေးပါ )


တစ်နေ့တွင် သားဖြစ်သူက သူ့ဖခင်ကိုမေး၏။
ဖေဖေ...နိုင်ငံရေးဆိုတာ ဘာလဲဟင်
ဖခင်ဖြစ်သူက “ကောင်းပြီ..ငါ့သား...မင်းကို ဖေဖေ ဥပမာနဲ့ ရှင်းပြမယ်


အင်း...ဖေဖေ က ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးဖြစ်တာကြောင့် ဖေဖေ့ကို သမ္မတလို့ မှတ်လိုက်ပေါ့ကွာ...
မင်းမေမေကတော့ ငွေကြေးစီမံခန့်ခွဲသူမို့ အစိုးရပေါ့ကွာ...
ဖေဖေတို့တွေက သားရဲ့လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနေရတာဆိုတော့ သားကတော့ ပြည်သူလူထု နေရာကပေါ့...
နောက်...ဖေဖေတို့အိမ်က ကလေးထိန်းကတော့ အလုပ်သမား လူတန်းစားပေါ့ကွာ...
သားရဲ့ညီလေးကိုတော့ အနာဂတ်လို့ သတ်မှတ်လိုက်ရအောင်...
ကဲ...အခုဖေဖေပြောတဲ့ ဥပမာကို သေသေချာချာ စဉ်းစားပြီး ငါ့သား ဘယ်လိုနားလည်လဲဆိုတာ ဖေဖေ့ကိုပြောပြ..ဟုတ်ပြီလား...”

ဒါနဲ့ သားဖြစ်သူက အဲဒီအကြောင်းကို စဉ်းစားရင်းနဲ့ အိပ်ပျော်သွားတယ်။
ညသန်းခေါင်ကျတော့ သူ့ညီငယ်လေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြားတော့ ဘာဖြစ်တာပါလိမ့်ကို သွားကြည့်တဲ့အခါမှာ...
ကလေးက အနှီးထဲမှာ အညစ်အကြေးတွေနဲ့ ပေရေနေတာကို တွေ့လိုက်ရတယ်။
ဒါနဲ့ပဲ...သူ့ညီလေးကို အနှီးအသစ်လဲပေးဖို့အတွက် သူ့အမေဆီကို သွားကြည့်တဲ့အခါ အမေလုပ်သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို တွေ့ရတယ်။
အမေကို့ မနိုးစေချင်တဲ့ သားငယ်လေးဟာ ကလေးထိန်းကို သွားရှာမယ်ဆိုပြီး ကလေးထိန်းရဲ့ အခန်းရှေ့ကိုရောက်တော့ တံခါးပိတ်ထားတာကို တွေ့ရပြန်ရော။
ဒါနဲ့ သော့ပေါက်လေးကနေချောင်းကြည့်လိုက်တော့ သူ့ဖခင်ဖြစ်သူကို ကလေးထိန်းအမျိုးသမီးနဲ့ အတူတူ အိပ်ယာပေါ်မှာ တွေ့လိုက်ရတယ်။
နောက်ဆုံးတော့ သူလည်း လက်လျော့ပြီး ပြန်အိပ်လိုက်တော့တယ်။
နောက်နေ့မနက်လင်းတော့ ဖခင်ဖြစ်သူဆီသွားပြီး ...
ဖေဖေ...သား..နိုင်ငံရေးရဲ့သဘောတရားကို နားလည်သွားပြီ...” လို့ပြောလိုက်တယ်။
ကောင်းတယ်..ငါ့သား..ဒါနဲ့ မင်းနားလည်သလို ဖေဖေ့ကို ပြန်ပြောပြစမ်း ” လို့ ဖခင်ကပြောလိုက်တယ်။
သမ္မတက အလုပ်သမားလူတန်းစားနဲ့ ဖောက်ပြန်နေချိန်မှာ အစိုးရက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်...
ပြည်သူလူထုကတော့ လျစ်လျူရှုခံထားရပြီး အနာဂတ်ကတော့ ရစရာမရှိအောင်စုတ်ပြတ်နေတာပဲ...
” လို့ပြောလိုက်တယ်။

မှတ်ချတ်။ ။ မရီရပါ :P


Read more


Firefox Browser ကို မြန်စေရန်


Firefox ကို မြန်အောင်လုပ်ဖို့ နည်းလမ်း များစွာ ရှိပါတယ်။်။အခုပြောတဲ့ နည်းတွေက broadband connection အတွက်ဖြစ်ပါတယ်။လုပ်ရတာလဲ လွယ်ကူပါတယ်။ မခက်ခဲပါဘူး။ ပထမဦးစွာ search bar မှာ about:config ( Firefox Browser ကိုတော့ ဖွင့်ထားရမယ်နော် )လို့ရိုက်လိုက်ပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ တန်ဖိုးတွေကို double click နှိပ်ပြီး အလွယ်တကူ ပြင်နိုင်ပါတယ်။

ပေါ်လာတဲ့ list တွေမှာ အောက်ကတန်ဘိုးတွေကို တွေအောင်ရှာပြီး ပြင်ပေးရမယ်...သေချာအောင်ကြည့်ပြီး ရှာပေးပါ။

Code:
browser.tabs.showSingleWindowModePrefs – true
network.http.max-connections – 48
network.http.max-connections-per-server – 16
network.http.max-persistent-connections-per-proxy – 8
network.http.max-persistent-connections-per-server – 4
network.http.pipelining – true
network.http.pipelining.maxrequests – 100
network.http.proxy.pipelining – true
network.http.request.timeout – 300

နောက်ဆုံး တစ်ခုကျန် ပါသေးတယ်။ ကြိုက်တဲ့ နေရာတစ်နေရာမှာ rightclick ထောက်ပြီး NEW -> Integer လို့ရွေးပါ။ ပြီးရင် Name ကို nglayout.initialpaint.delay လို့ပေးပြီး enter နှိပ် တန်ဖိုးကို ၀ ( သုည )လို့ပေးလိုက်ပါ။

ဒါဆိုရင် အရင် ထက်တော့ နဲနဲပိုမြန်လာပါလိမ့်မယ်... မှင်နီ ပြထားတာတွေ ကို တော့ မှန်အောင်ပြောင်းပေးဘို့ လိုအပ်ပါတယ်။

အကယ်၍ ဖိုင်းယားဖောင့် ဘရောက်ဆာ မရှိသေးသူ များ ဒီမှာ Download လုပ်နိုင်ပါတယ်။





Read more


အပျင်းပြေလေး စမ်းကြည့်ကြဘို့


ဘာရယ်လို့တော့မဟုတ်ပါဘူး ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိုန်းလေး တွေ မှာ အပျင်းပြေသဘောမျိုး စမ်းသပ် လုပ်ဆောင်ကြည့်ကြစေချင်လို့ပါ

Your Name ဆိုတဲ့နေရာလေးမှာ ကိုယ့်ရဲ့အမည် ကိုရေးပေးလိုက်ပါ။
His or Her Name ဆိုတဲံနေရာလေးမှာ ကိုယ်နှစ်သက်သူရဲ့ အမည်ကို ရေးပေးပါ။

ပြီးရင် အပေါ်က Test ဆိုတာလေး ကို ကလစ် ( click ) ပေးလိုက်ပါ ......
နှစ်သက်သလို စိတ်ကူးလေးယဉ်နိုင်ကြပေါစေ...

ဟီးးးးးးးးးးးးးးးးးးးးး ဘာ ရာခိုင်နှုံး ပေါ်မလဲဆိုတာ ကြိုဆုတောင်းထားတိုင်း ပြည့်ပါစေနော်။

http://www.stumbleupon.com/toolbar/#topic=Relationships&url=http%253A%252F%252Fwww.crazyprofile.com%252Flove_test%252Flove_meter.swf

အကယ်၍ ပုံသေးတယ်ဆိုရင် Double click လုပ်ပြီးချဲ့ နိုင်ပါတယ်.

Read more


Enable Right Click လုပ်မရခဲ့ရင်


Website တစ်ချို့ မှာ Right Click လုပ်လို့ မရပါဘူး။
ERROR တွေလုပ်ထားတက်ကြပါတယ်။ Sorry ဆိုတဲ့ စာလေးပေါ်လာပြီး ဘယ်လိုမှကလစ်လို့မရနိုင်ပါဘူး ..ဓာတ်ပုံတစ်ပုံကို လိုချင်ပြီဆိုပါ
တော့ Right Click လုပ်လိုက်တာပြီး Save image as ဆိုတာနဲ့ လုပ်ကြ
ပါတယ်၊၊ လိုချင်တာကို Click ပေးပြီးတော့
Ctrl+C နဲ့ ယူရင်လည်းရပါတယ်၊ နောက်တစ်မျိုးကတော့ ကိုယ်သုံးတဲ့ Browser ကနေ၀င်
ပြင်ထားရင် လည်းအဆင်ပြေပါတယ်။
IE Browser မှာ ( တော်တ်ာများများ က အိုင်အီးဘရောက်ဆာကို သာသုံးတာမို့ )
IE Browser ကိုဖွင့် ခုဏက ကော်ပီလုပ်မရတဲ့လင့်ကို သွား လိုက်ပါ။ Tool >>> Internet Option >>> Security Tab>>> Custom level >>> scripting ဆိုတာရှိပါတယ်။ Active scripting ဆိုတာလေး
ကို Disable ပေးလိုက်ပါ ခင်ဗျာ။ Browser ကို Reatart လုပ်ပေးလိုက်ပါ၊
ENABLE RIGHT CLICK IN WEBSITE ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေပါစေ။ wehacker မှတဆင့်ဖော်ပြတာပါခင်ဗျာ။

ကော်ပီ လုပ်လိုသူများ အဆင်ပြေစွာလုပ်ဆောင်နိုင်ကြပါစေ ...


Read more


Free Software download link များ

အင်တာနက်မှာ လေ့လာမှတ်သားစရာတွေ အများကြီးပါ .... ခုပေးတဲ့လင့် ကနေ လိုချင်တာ တော်တော်များများ ကို လေ့လာ ရှာယူ ..ဒေါင်းလုပ် ( download ) လုပ်လို့ရပါတယ်....
http://www.1000-downloads.com/

အကယ်၍ သိချင်တာလေး တွေ ရှိခဲ့ရင် .. ဒီမှာ လဲ သွားလေ့လာ နိုင်ကြပါတယ် ... လိုတာကို လဲဒေါင်းလုပ် နိုင်ပါတဲ့ ဖရီး လင့်တွေရှိပါတယ် ...
http://www.download.com/windows/

နည်းပညာတွေ တိုးတက်တဲ ခေတ်ကြီးမှာ ဗဟုသုတ မျာများရှာကြံဖတ်မှတ်နိုင်ကြပါစေ.......

Read more


Window XP နဲ့ပါတ်သတ်တဲ့အရေးကြီးအချက်များ ..

XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။

- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။

- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။

- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။

- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့

- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။

- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။

- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။

- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။

Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။

- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ

အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။

- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။

- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။

- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။

- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။

- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။

- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။

- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)

- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။

- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။

- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။

- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။

- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း

ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။

- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။

- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။

- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း

- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့

- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ။

- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။

- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–

- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။

- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။

- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။

- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-

- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။


အဆင်ပြေစွာလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း .......................


Read more


နှိုင်ငံရေးတိုးတက်မှု့မရှိလျှင် "ဘန်ကီမွန်း" မလာသင့်ဟု... ဒေါ်စု ..တိုက်တွန်းချက်


မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေရှိမှ မြန်မာနိုင်ငံဆီ လာသင့်တယ်၊ မြန်မာစစ်အစိုးရဘက်က အနည်းဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း အန်န်အယ်လ်ဒီပါတီက ပြောပြပါတယ်။
အလားတူပဲ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ဆိုတဲ့ သဘောထားကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံကြတဲ့နေရာမှာ နိုင်ငံရေးအရ အခြေခံကျကျ တိုးတက်မှုတွေ လိုနေသေးတဲ့အကြောင်း အတိုက်အခံဘက်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်လည်း လာဖို့ရှိနေတဲ့နေရာမှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင် တိုးတက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတဲ့အကြောင်း ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာတခုမှာ ၁ နာရီခွဲလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အန်န်အယ်လ်ပါတီက ပြောခဲ့တာပါ။ ကိုယ်တိုင်လည်း နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အနိမ့်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လို ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကိုလာမယ်၊ လာချင်တယ်။ အဲဒီလိုလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာရှိရင် လာမှာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးရပ်တည်ချက် ၄ ချက်ထဲက ၄ ချက်စလုံး၊ ဒါမှမဟုတ် ၃ ချက်၊ ၂ ချက်၊ ၁ ချက်ပေါ့လေ၊ အဲဒီလို တခုခုအပေါ်မှာ မူတည်ပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုဆိုပြီး ယူဆနိုင်စရာ ဘယ်ဟာရှိမလဲဆိုပြီး မေးပါတယ်။ အဲဒီလိုမေးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီအချက် ၄ ချက်ထဲက ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဆောင်ရွက်ခဲ့ရင် ဒါဟာ သိသာထင်ရှားတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုလို့ ယူဆနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။”

ဒီလိုပဲ နိုင်ငံရေးအရ တိုးတက်မှုတွေ ပြဖို့လိုတယ်လို့ ဆိုလိုက်တာကတော့ အခုတခေါက် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တချို့ပါ ဖမ်းဆီးခံထားရတဲ့ SNLD ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ မစ္စတာဂမ်ဘာရီတို့ ဒီကနေ့ မိနစ်ပိုင်းလောက် တွေ့ခွင့်ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ဖို့ စတာတွေ လိုတဲ့အကြောင်း ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဒုတိယတချက်က နအဖစစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ တခါ ဒီတွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်အတိုင်း တဖက်သတ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုမျိုး လုံးဝရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး မလုပ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို SNLD အနေနဲ့ စဉ်းစားခြင်းမပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးတယ်။”

ဒီလို အန်န်အယ်လ်ဒီပြီးရင် ဒုတိယအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ပါတီနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တဲ့အပြင် အန်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ၅ ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေးခွင့်ရခဲ့တာ၊ အထူးကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေ အတူတကွ ဆွေးနွေးခွင့်ရခဲ့တာတွေ ရှိခဲ့တာမို့ အရင်အခေါက်တွေနဲ့မတူတဲ့ ထူးခြားမှုတချို့အဖြစ် အန်န်အယ်လ်ဒီပါတီကတော့ ရှုမြင်ခဲ့တာပါ။

“ကျနော်တို့ စီအီးစီကတော့ တော်တော်ကျေနပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်လည်းရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကိုယ်တိုင်မြင်တွေ့ရတော့ အတော်လေးကျေနပ်ပါတယ်။ နောက်တခုက ဒီနေ့တွေ့ဆုံတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ရင် တိုးတက်မှု၊ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှုလို့ ပြောနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါက ခုနပြောသလို စီအီးစီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မစ္စတာဂမ်ဘာရီနဲ့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်ရတယ်။ အဲဒီလို မတွေ့ဆုံခင်မှာလည်း အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးခွင့်ရတယ်။ ဒါတွေက အခင်းအကျင်း ပြောင်းလဲမှုရှိနေတယ်လို့ မြင်ပါတယ်။”

SNLD ပါတီကတော့ အထူးကိုယ်စားလှယ် လာတဲ့အခါတိုင်း အစိုးရနဲ့နီးစပ်တဲ့ ဒါမှမဟုတ်ရင်လည်း အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံလေ့ရှိတာမို့လည်း အခုတကြိမ်ကြမှသာ တွေ့ခွင့်ရတဲ့အပေါ် ကျေနပ်အားရစရာအဖြစ် အပြည့်အ၀တော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။

“အထူးကျေနပ် အားရလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာဂမ်ဘာရီကလည်း ကျနော်တို့ SNLD ရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို သူ့အနေနဲ့ မှတ်သားပြီးတော့မှ မစ္စတာဘန်ကီမွန်းကိုလည်း တင်ပြမယ်၊ နောက်တခါ နအဖ ဗိုလ်ချုပ်မှူးကြီးထံကိုလည်း တင်ပြဆွေးနွေးမယ်။ သူ့အနေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိစကားတခုတော့ ပြောသွားပါတယ်။ အဲဒီအပေါ်တော့ မျှော်လင့်ချက်ထားလို့ ရပါတယ်။”

SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ပြောပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိခဲ့သလို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးက ပြောပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာဂမ်ဘာရီဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပြီးတော့ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ် အဆုံးမသတ်မီ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

မှတ်ချက်။ ။ အမေ့အိမ် ဘလော့မှ ကိုးကားတင်ပြထားပေးပါသည် ။




Read more

Related Posts with Thumbnails

Feb 26, 2009

Double Killer Software

Posted by မာန်လေး at Thursday, February 26, 2009 0 comments
ဒီနေ့စက်ထဲကိုပြန်စစ်ရင်း... မလိုတော့တဲ့ဖိုင်တွေကို ဖျက်လိုက်မိတယ်... ဖျက်ရင်းတခြား Floder
ကိုပြန်ဝင်ကြည့်တော့လဲ ခုဏ ဖျက်ထားမိခဲ့တဲ့ဖိုင်က ရှိနေတုံးပါလားလို့.... ဒီလိုနဲ့ဘဲ အကုန်လိုက်
စစ်ကြည့်တော့ .... ဟာ စက်ထဲမှာ ကိုယ်မသိလိုက်တဲံ့ချိုန်ကထည့်ထားတယ်ထင်တယ် ဖိုင်တွေ
ထပ်နေလိုက်တာ အများကြီး ဒါနဲ့ဖျက်မလို့ လုပ်တော့ တခုချင်းလိုက်ဖျက်ရတာမလွယ်ဘူးလေ
ဝါသနာအရပေါ့ လိုက်ကလိရင်း Removing Duplicate Files ဆိုတာကို တွေ့လို့လုပ်လိုက်မိမှဘဲ
ရှင်းသွားတော့တယ်.. အဲဒါလေးကတော့ Double Killer Software လေးပါဘဲ .. သူက ကောင်း
တာက အင်စတော လုပ်ဘို့မလိုပါဘူး ... လွယ်လဲလွယ်ပါတယ် ဖိုင်ဆိုဒ်လဲ 760 kb လောက်ဘဲ
လေ .. ဒါလေး နဲ့ ရှင်းလိုက်မှဘဲ.. ဘယ်နေရာမှာ ဘယ်ချိုန်က ထပ်နေတယ်ဆိုတဲ့ဖိုင်တွေ ပေါ်
လာတော့တယ်...

ဒီမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ Click here for download


File တခုထဲက နေရာအမျိုးမျိုးရောက်နေတော့ Hard Disk က မြန်မြန်ပြည့်သွားတာပေါ့ ဒါလေး
ကို စမ်းသပ်လုပ်ဆောင်ပြီး ရှင်းကြည့်ကြပါ။

မိမိ စက်မှာဘယ်ဖိုင်တွေ ဘယ်လောက်ပြန့်ကျဲနေတယ်ဆိုတာကို ... ကိုယ်စစ်ချင်တဲ့ Floder တွေ
ကို Select လုပ်ပေးပြီး Double Killer ကို Run ပေးလိုက်ပါ။ အဲမှာ Duplicate ဖြစ်နေတဲ့ ဖိုင်တွေ
ကိုသူက group လိုက် hightlight လုပ်ပေးပါတယ်။ ဒီအဆင့်မှာ ကို ဖျက်ချင်တဲ့ ဖိုင်တွေ ကိုစိတ်
ကြိုက် Delete လုပ်လို့ရပါပြီး။

ဖိုင် တူပြီး အမည်မတူရင်လဲ Text file ဖြစ်ဖြစ် Image File ဖြစ်ဖြစ် ဘာဖိုင်ဖြစ်ဖြစ်ပေါ့နော် ဒီ
ဆော့ဝဲလ် လေးက ကောင်းကောင်း ရှာဖွေမွှေနှောက်ပေးပြီး ဖျက်နိုင်ပါတယ်။

မှတ်ချက်။ ။ အင်စတော ( Install ) လုပ်စရာမလိုပါ။ ဒီတိုင်း လိုမှသာ Run ပြီးသုံးနိုင်ပါသည်။

VLC Media Player

Posted by မာန်လေး at Thursday, February 26, 2009 0 comments
ဒီနေ့အပျင်းပြေရှာဖွေရင်း တွေ့မိလို့ စမ်းလဲသုံးရင်း သဘောကျမိတာနဲ့ VLC Media Player ကို
တင်ပေးလိုက်တာပါ... တချို့လဲသုံးဘူးကြမှာပါ။ မသုံးဘူးသူတွေလဲ သုံးချင်ရင် စမ်းသပ်သုံးနိုင်
ကြဘို့ တင်ပေးလိုက်ပါတယ်။ Full Version ပါ.. Trail မဟုတ်ပါဘူး။
Windows 98/Me/NT/2000/XP/2003 Server/Vista အကုန်လုံးမှာ သုံးနိုင်ပါတယ်။



Supported Features
Play inclomplete videos! Open broken videos from BitTorrent
Play ISOs without unpacking ISO file
VLC supports all codecs and all file formats supported by FFmpeg.
Display videos as desktopwallpaper Thin portable install.


Container formats
3GP, ASF, AVI, FLV, MKV, QuickTime, MP4, Ogg, OGM, WAV, MPEG-2 (ES, PS, TS, PVA, MP3), AIFF, Raw audio, Raw DV, MXF, VOB.

Video formats
Cinepak, DV, H.263, H.264/MPEG-4 AVC, HuffYUV, Indeo 3,[16] MJPEG, MPEG-1,MPEG-4 Part 2, WMV.MPEG-2, အားလုံးလုပ်ဆောင်နိုင်ပါတယ်။




Feb 21, 2009

Firefox Add-Ons ... Orange Cool 1.1.0

Posted by မာန်လေး at Saturday, February 21, 2009 0 comments
New theme for firefox 3.Perfect mixture of black and orange for your Firefox browser.

Firefox Add-Ons >>> Orange Cool 1.1.0 <<<<

ဖိုင်းယားဖောင့် ( Firefox Browser ) ကို ပုံစံတမျိုးပြောင်းသုံးချင်ကြသူများတွက်.. Firefox
Add-Ons တခုပါ...... Ogange Cool 1.1.0 လေးပါ...
မိမိ ဘရောက်ဆာမှာ တမျိုးပြောင်းလဲ သုံးချင်သူများ တွက်..တင်ပေးလိုက်ပါတယ်။

အသစ်အဆန်းလေးတွေ ပြောင်းသုံးချင်ကြတယ် ဆိုရင်... အပေါ်က ပုံမှာပြထားတာကို ကလစ်
ဖွင့်ပြီးလုပ်ဆောင်နိုင်ပါတယ်။

PDF File အား Loading Time ပေးမြန်ခြင်း။

Posted by မာန်လေး at Saturday, February 21, 2009 0 comments
Adobe Acrobart Reader ဖတ်ကြတဲ့ခါ.. Loading time အ၇မ်းကြာတာတွေရှိတတ်ပါတယ်.. တခါတလေ မှာ ကွန်နက်ရှင်ကြောင့်ဖြစ်နိုင်ပေမဲ့... စက်က ဖတ်မနိုင်ပေးတာလဲ ဖြစ်နိုင်ပါတယ်
မိမိဖတ်ချင်တဲ့ချိုန်ဖြစ်တတ်တဲ့ ခါ အရမ်းကို စိတ်ကသိကအောက်ဖြစ်ရပါတယ်.. ဒါကိုအဆင်ပြေ
လွယ်ကူစေမဲ့ နည်းကတော့ ... PDF File ကို ဖတ်ရလွယ်အောင် မြန်အောင် speed မြှင့်တာလေး
တင်ပေးလိုက်တာပါ။ တခြားသောနည်းတွေလဲ ရှိနိုင်မှာပါ.... သိတာလေးကို တင်ပေးထားတာပါ။



ဒီနေရာ မှာ Download လုပ်နိုင်ပါသည်။

၁။ Plug_ins folder ကိုသွားပါ။
C:\Program Files\Adobe\Reader 9.0\Reader\plug_ins <<<< ဤနေရာကိုသွားပါ
၂။ Optional ဆိုတဲ့အမည်နဲ့ Folder အသစ်တစ်ခု တည်ဆောက်ပေးလိုက်ပါ။
၃။ Plug_ins folder မှာ (EWH32.api, print*.api, and Search*.api)ဖိုင်တွေကလွဲပြီးကျန်
တဲ့ File တွေကို
Optional folder ကိုပြောင်းပေးလိုက်ပါ... ပြောင်းပြီးတဲ့ခါ PDF ဖိုင်ကို ပြန်
ဖွင့်ကြည့်လိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်။

ဒါမှ အဆင်မပြေသေးလို့ ( သို့ ) လုပ်ရမှာခက်ပြီး မလုပ်တတ်သောသူများတွက်... Software
ကိုဒေါင်းပြီးလုပ်လဲရနိုင်ပါတယ်... လိုအပ်တဲ့ ဆော့ဝဲလ် လေးကိုတော့ ဒေါင်းပေးရမှာပါ

အပေါ်က ပုံအောက်မှာဒေါင်းလုပ် လုပ်ပေးပါ ( သို့ ) ဒီမှာ ဒေါင်းလုပ်လုပ်ပါ။
ဒါက PDF File ကို ဖတ်ရမြန်စေအောင် Speed မြှင့်ပေးတဲ့ Software လေးပါ။


Feb 20, 2009

Free Phone Call to America

Posted by မာန်လေး at Friday, February 20, 2009 0 comments
Free phone call ... link တခုပါ.. မိမိကွန်ပျုတာကနေ အကောင့်လုပ်ပြီး.. အမေရိကား ကို ဖရီး
ခေါ်နိုင်တဲ့.. နည်းပညာတခုပါ... အားလုံး စမ်းသပ်သုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ တချို့သိ
နေတဲ့ သူတွေ အတွက်တော့မလိုပေမဲ့မသိသေးသေါသူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ


ဒီကနေ Free Phone Call သွားနိုင်ပါတယ်။

အဆင့်ဆင့် အကောင့်တခုရအောင်ဝင်လုပ်သွားရပါမယ်။
၁။ အပေါ်က ပုံမှာပြထားသလို Sign Up ကို ကလစ်ပေးပါ။
၂။ လိုအပ်တဲ့ ... First name... Last Name တွေကို ပေးချင်သလို သင့်တော်ရာပေးလိုက်ပါ။
Continue ကို ဆက်သွားပါ။
၃။ နောက်အဆင့်မှာ ... မိမိ Email တခုခု ကိုဖြည့်ပေးလိုက်ပါ... ပြီးရင်..
Please select your interests မှာ နှစ်သက်ရာ ၂ ခုကိုရွေးပြီး Tick ( အမှန်လဏ္ခာ )လေး
လုပ်ပေးလိုက်ပါ။
၎။ နောက်အဆင့်မှာ Please verify ဆိုတာကို ခဏဖတ်ပေးပြီး ( ဖတ်ချင်လဲဖတ် မဖတ်ချင်လဲ
ရပါသည် ) ပြီး.... အောက်က I have read and agree to the above written term of
service ဘေးမှာ.. အမှန်လေးခြစ်ပေးပါ.. ( Tick )
Continue ကို ဆက်ကလစ်သွားပေးပါ။
၅။ ဒီအဆင့်မှာ သူဖြည့်ခိုင်းထားတဲ့.. ကုတ် ( code ) ကိုဖြည့်ပေးလိုက်ပါ။ Continue ကို ဆက်
ကလစ်သွားပါ။
ကျန်တာကတော့လွယ်သွားပါပြီးလိုအပ်တာကို ဆက်လုပ်သွားရင်း နောက်ဆုံး.. အဆင့်ကနေ..
အစနေရာကိုပြန်ရောက်သွားပါမယ်။
အဲမှာ မိမိ အရင်ပေးထားတဲ့ အီးမေလ်း အကောင့် ကိုဖြည့်.. စကားဝှက်ထည့်ပြီး လိုအပ်သလို
ဆက်သွားပြီးခေါ်ဆိုနိုင်ပါပြီး။

ဒါလေးက ကိုယ်တိုင် ကွန်ပျူတာ သုံးနေရင်း သူငယ်ချင်း တွေရှိတဲ့ အမေရိက ကို ဖရီးခေါ်ဆိုနိုင်
ပါတယ်....
အားလုံး အဆင်ပြေစွာခေါ်ဆိုပြောနိုင်ကြပါစေ။

Feb 18, 2009

Posted by မာန်လေး at Wednesday, February 18, 2009 0 comments
:)
:v
Posted by မာန်လေး at Wednesday, February 18, 2009 0 comments

ဒီနေ့ အပျင်းပြေနားထောင်ဖြစ်ရင်း နဲ့ ဒီသီချင်းလေး ကိုသွားတွေ့လိုက်တာပါ... နားထောင်ရင်းစိတ်ထဲ
မှာလဲ တမျိုးလေးခံစားမိလိုက်တယ်.... ဒါနဲ့ အားလုံးလဲ နားမထောင်ဖြစ်ခဲ့သေးရင် နားထောင်စေချင်
တဲ့ ဆန္ဒကြောင့် မျှဝေပေးလိုက်တာပါ ... နားထောင်ကြည့်ကြပေါ့..




"ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်"
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ယှဉ်ကာသာနှော
ချစ်ဇောရဟတ်မပြတ်လည်သည်

တကယ်ပင်တေးဖွဲ့လို့သီမမီခဲ့ပြီ
အစဉ်သာနှိုင်းတုလူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည်
အသက်ကိုမနှေး ပေးအပ်ပါမည်



စိုးစန္ဒာထွန်း ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။





Posted by မာန်လေး at Wednesday, February 18, 2009 0 comments

"FormatFactory media file format Converter"

Posted by မာန်လေး at Wednesday, February 18, 2009 0 comments

သီချင်း၊ ဓါတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ဘဲ ဖြစ်ဖြစ်၊ ဖိုင် size လျှော့ချင်ရင်ဖြစ်ဖြစ် သုံးလို့ကောင်းတဲ့ ဆော့ဝဲလေးပါ ... ဖိုင်ဆိုဒ်လဲ သိပ်မများသလို မိမိကွန်ပျူတာလဲ ထိခိုက်မှု့မရှိနိုင်ပါဘူး
ဒါလေးက Freeware လေးပါဘဲ.... Trail မဟုတ်တဲ့တွက် ဘာကီးမှ မလိုပါဘူး။




youtube ကနေ video တစ်ခု ဒေါင်းလုတ်လုပ်တယ်ဆိုပါစို့။ သူက .flv file format နဲ့ပေးလိမ့်မယ် အဲဒါကို ဟန်းဖုန်းထဲထည့်မယ်ဆို .3gp ဖြစ်ဖြစ် ပြောင်းပြီး ထည့်မှရမယ်။ mp4 player ထဲကို ထည့်မယ်ဆိုရင် .mp4 ဖြစ်ဖြစ် အဲဒီ mp4 player က လက်ခံနိုင်တဲ့ တစ်ခြား format တစ်ခုကို ပြောင်းရပြန်ဦးမယ်။ iPhone, iPod, Blackberry, PSP ထဲထည့်ဖို့ဆိုရင် .mp4 format ပေမယ့် mp4 player နဲ့က resolution မတူပြန်ဘူး။ mp4 player အတွက် media converter တစ်ခု၊ Cell Ph အတွက်တစ်ခု ၊ PSP အတွက် တစ်ခု၊ iPod အတွက် တစ်ခု သွင်းနေမယ့်အစားအားလုံးအတွက် format တစ်ခုကနေ တစ်ခု လွယ်လွယ်နဲ့ပြောင်းပေးနိုင်ပါတယ်။

DVD ထဲက ရုပ်ဖိုင်တွေ .VOB တွေ အဲဒါတွေကို ဖြတ် ညှပ် ကတ် ... လုပ်ချင်တဲ့အခါတခြားဟာ
တွေမလိုပါဘူး သုံးနေကျ Windows Movie Maker သုံးချင်ရင်လည်း ဒီ FormatFactory ကိုဘဲသုံး
ပြီး Windows Movie Maker က လက်ခံတဲ့ .WMV ဖြစ်ဖြစ် .AVI ကိုဘဲဖြစ်ဖြစ် ပြောင်းနိုင်ပါတယ်။

Songs တွေကတော့ MP3/WMA/AMR/OGG/AAC/WAV

graphic အတွက် JPG/BMP/PNG/TIF/ICO/GIF/TGA
စတဲ့ file တွေကို တစ်ခုကနေ တစ်ခု ပြောင်းပေးနိုင်ပါတယ်။

တချို့နိုင်ငံ တွေတွက် ... ဥပမာ.. တရုပ်နိုင်ငံလိုမျိုး ဒီကနေဒေါင်းလုပ် လုပ်နိုင်ပါတယ်။ US , China, Germany


"Total Video Converter"

Posted by မာန်လေး at Wednesday, February 18, 2009 0 comments
Songs တော်တော်များများကို ဖိုင်ပြန်လည်ချိုန်လိုသူများတွက်အဆင်ပြေမယ် ထင်တာလေးပါ။
ဒီဆော့ဝဲလ် လေးက တော်တော်များများ ကို လုပ်ဆောင်ပေးနိုင်ပါတယ်...


( ဒီမှာဒေါင်းလုပ်ယူပါ )


Total Video Converter converts all video files to 3GP, MP4, PSP, iPod, SWF, FLV, DVD, VCD, AVI. Total Video Converter is a complete solution for video conversion which supports reading, playing all kinds of video and audio formats and converting them to the popular video formats. ( မိမိနှစ်သက်ရာ Audio Files ကို Formarts လုပ်နိုင်တာကိုဖေါ်ပြထားတဲ့ အတွက် အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်). Total Video Converter includes a powerful media conversion engine internally so that you can convert media files with very fast speed.

အကယ်၍ အဆင်မပြေပါက ဒီနေရာက လဲဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Feb 17, 2009

"Window Media Player" အကြောင်းလေးပါ။

Posted by မာန်လေး at Tuesday, February 17, 2009 0 comments
Window Media Player နဲ့ပါတ်သတ်တဲ့ သိသင့်တာလေးတွေ မျှဝေပေးလိုက်တာပါ။ သိတဲ့ သူများရှိသလို မသိသေးတဲ့သူတွေ တွက်သာရည်ရွယ်ပြီး ပြန်မျှဝေပေးလိုက်တာပါ။
Window Media Player ဟာလည်း တကယ်အသုံးချနိုင်မယ်ဆိုရင်တကယ်အသုံးဝင်လှပါတယ်..
ဒီ Player နဲ့ တစ်ကမ္ဘာလုံးမှRadio အစီအစဉ်များကို နားထောင်နိုင် ခြင်း၊ CDs များတွင် ကူးယူထားနိုင်ခြင်းများအဖြစ် ကိုယ်ပိုင်ဖန်တီးနိုင်ခြင်း၊ DVD ဖွင့်နိုင်ခြင်း၊ သိချင်းနဲ့ ဗီဒီယိုဖိုင်များကို
Portal device ( Degital audio player,mp3 ) တို့ကိုကူးယူသုံးနိုင်ပါတယ်။



၁။ To play files
ကွန်ပျူတာ အတွင်းမှ ဖိုင်များ open နည်းကတော့ လူတိုင်းသိပြီးသားပါWeb ပေါ်မှ file များကို open မယ်ဆိုရင်တော့ File Menu မှ Open URL(or) Ctrl+U ကိုရွေးချယ်ပြီးတော့ Open Url Box မှာ URL ရိုက်ထည့်ပြီး သွာ်းနိုင်ပါတယ်...နားထောင်ရာမှာအဆင်ပြေအောင် ..
Shuffle (ctrl+H) ကို turn off လုပ်ခဲ့ဖို့လဲ မမေ့ပါနဲ့ ..
သွားရောက်ခဲ့တဲ့ URL Lists တွေကို ဖျက်ချင်တယ်ဆိုရင်တော့ Tools/Options/Privacy tab အောက်မှာ clear history buttonလေးကို ကလစ် ခြင်းဖြင့် delete နိုင်သလို၊ URL တွေကို မှတ်သားထားချင်တယ်ဆိုရင်.... Save file & Hidtory in the player ဆိုတာကို ကလစ်ပေးထားခဲ့ပါ။

၂။
To play a radio station on the Internet
RadioTuner button ကို click , radio stations ကိုရှာဖွေပြီးတော့ကျန်တဲ့အပိုင်းတွေကတော့ သက်ဆိုင်ရာ Radio Station တွေရဲ့instructions တွေအတိုင်း လုပ်ဆောင်ရမှာပါ ခြားနားချက်တော့ရှိနိုင်ပါတယ်။
( Radio tuner ကိုရှာလို့မတွေ့ခဲ့ရင် ctrl+1 ကို တွဲပြီးကလစ်ပါ)
မိမိကြိုက်နှစ်သက်တဲ့ sections လေးတွေကိုလဲ Media Library မှ My favourite section of the Radio category ကို အက်ထားပေးရင် နောက်ခါ ဖွင့်ရလွယ်နိုင်ပါတယ်။

၃။ To adjust the graphic equalizer levels
1.Now Playing ကို click လိုက်ပါ View Menu /Enchancements/graphic Equalizerသို့ရောက်အောင် အဆင့်ဆင့်သွားပါ။
2.Enchancements pane က Turn on ကို click ပါ Default ကို click လိုက်ရင် Drop Down Menu ထဲမှ Classic, Jass သင့်ရာတခုခု ကို ရွေးချယ်ပြီး Custom ရွေးပြီိး ချိုန်ညှိနိုင်ပါတယ်။

၎။ To adjust the audio effects

1. View menu/Enhancements/ SRS Wow Effectsထိရောက်အောင် အဆင့်ဆင့်သွားရောက်ပါ
2. Enchancements pane မှ turn on ကို click ပါ Trubass ,Wow Effects တို့ကို ကြိုက်သလို
ချိုန်ယူနိုင်ပါတယ်။
3. Spekars size ကို အရွယ်အစားအားဖြင့် Normal/Large (or) Headphone တို့ဖြင့် လိုသလိုညှိ
နိုင်ပါတယ်။
4. Effects တွေမလိုချင်ဘူး ဆိုရင်လဲ ညာဘက်ထောင့်နားလေးက close ကို click နိုင်ပါတယ်
5. ဒီ effects တွေဟာ DVD file type တွေနဲ့မဆိုင်ပါဘူး။

၅။ To adjust video settings

1. Now Playing ကို click ပါ..
2. View/Enhancements/Video Settings သို့သွားလိုက်ပါ
3. Enhancements pane တွင် Hue, Saturation,Brightness, Contrast စသဖြင့် နှစ်သက်သလို
ချိုန်နိုင်ပါတယ်။

၆။ To Configure the Player HDCD CDs using 24-bit audio
1. Tools / options မှ Devices tab ကို click ပါ
2. Spekars ကို Double- click ပါ
3. Performance အောက်က Use 24-bit audio for audio CDs ဆိုတဲ့ စာကြောင်းကို check ပေး
လိုက်ပါ။

၇။ To add static lyrics to a file
1. Now Playing ကို click ပါ playlist pane မှာ lyrics အပ်လိုတဲ့ file ကိုရွေးပါ
တကယ်လို့ playlist ကိုမတွေ့ဘူးဆိုရင် View/Now Playing Options /Show Playlist ကို click ပါ
2.Info Center View မှ Lyrics ကို click ပါInfo Center ကိုမတွေ့ခဲ့ရင် View/Info Center view/Shwo Always (or)Show Always or Show Only When Detailed media information Is Available ကို Click လိုက်ပါ။
3. Add Lyrics button လေးကို ထပ်မံ click ပါ အဲဒီအခါ မှာတော့ စာရိုက်ရန်အတွက် လေးထောင့်ကွက်လေးနဲ့ box တစ်ခုပေါ်လာပါမယ် စိတ်တိုင်းကျ ရေးပြီးပြီ ဆိုရင်တော့Save Lyricsကို click ပေးလိုက်ပါ မကြိုက်သေးရင် Edit Lyrics ကိုထပ်မံကလစ်ပေးပါ။
4. Tag Info မှာလဲ Title ,Subtitle,track number,Key စသည်ဖြင့် Edit လုပ်နိုင်ပါတယ်။
5. Pictures, Lyrics,comments ,Artist Info များကိုလဲ ညာဘက်ဘေးမှ Add button ကို
click ပြီးထည့်သွင်းနိုင်ပါတယ်။

မှတ်ချက်။ ။ ဆက်ရေးရန်ရှိ.........

"Advanced System Care 3.1.2"

Posted by မာန်လေး at Tuesday, February 17, 2009 0 comments


အသုံးဝင်မယ် ထင်တာလေးကိုတင်ပေးလိုက်ပါတယ်... Advanced System Care 3.1.2 free Software လေးပါ... 7.29 MB ဘဲရှိပါတယ်... မိမိ ရဲ့စက်ကိုလဲ မလေးစေနိုင်သလို.. တော်တော်များများ ကို သူရှင်းပေးနိုင်ပါတယ်.... ဒီနေရာ ကနေဒေါင်းလုပ်ယူနိုင်ပါတယ်။
ဒါပေမဲ့
Windows 95/Me/2000/XP/Vista 32/64 စက်များမှာသာသုံးနိုင်မှာပါ .... Mac အတွက်ကတော့ သီးသန့်လို့ထင်ပါတယ်...



၁။ ပုံမှာပြထားတဲ့ အတိုင်းကြည့်ပြီး စမ်းသပ်သုံးနိုင်ကြပါတယ်... ပထမဦးဆုံး စကန် ( Scan ) ဖတ်ပြီးရင်... စက်မှာမှားနေတာ တွေ သူပြပေးမှာပါ။ ဒါကို Repair လုပ်ပေးလိုက်ပါ။
တခုတော့သတိထားပေးရမှာကတော့ ဒီအဆင့်ကို စကန်ဖတ်နေတယ် ဆိုရင် .. Firefox Browser ကို ခဏတော့ ပိတ်ထား ( Exit ) လုပ်ပေးထားသင့်ပါတယ်။


၂။ ဒီအဆင့်မှာကတော့ မိမိစက်ကို Disk Cleaner လုပ်ပေးနိုင်ပါတယ်... ကျန်တာတွေကိုတော့လိုသလို ချိုန်သုံးနိုင်ကြပါစေ။
မှတ်ချက်။ ။ Smart Defrag ကို သုံးမယ် ဆိုရင် သီးသန်း ဆော့ဝဲလ် တခု ထပ်မံဒေါင်းလုပ် လုပ်ရပါမယ်။ လိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။

Window XP မှာ Defrag လုပ်တာ ပါပေမဲ့.. ခုနောက်ပိုင်းထွက်တဲ့ Window Vista 32/64 bit တွေမှာ ပါတော့ပါပါတယ်... အရမ်းကြာပါတယ်... ဒါကြောင့် ဒီဆော့ဝဲလ် လေးနဲ့သုံးနိုင်ပါတယ်။
စက်ကို ဘာမှထိခိုက်မှု့မရှိနိုင်ပါဘူး။

တကယ်ကောင်းတဲ့ ဆော့ဝဲလ် လေးပါ။
အဆင်ပြေနိုင်ကြပါစေ။
ပုံကြီးကြည့်လိုလျှင် Double click လုပ်ပေးပါ။

Feb 13, 2009

Online ကာရာအိုကေ

Posted by မာန်လေး at Friday, February 13, 2009 1 comments

Online
ကာရာအိုကေ ဆိုချင်ကြသူများ အတွက်ပါ။ ဒီကနေသွားပါ ပထမဦးဆုံး အပေါ်မှာဝိုင်းပြထားတဲ့နေရာကနေ မိမိ Gmail နဲ့ အကောင့်တခုလုပ်လိုက်ပါ။ အကောင့် လုပ်ပြီးရင် မိမိ ရဲ့ မေးကို ပြန်ဝင်ပြီး စစ်ရပါမယ်။ Your account is inactive. Please activate it by using the following link. အဲကနေ ထပ်ကလစ်ဝင်ပြီး အကောင့်လုပ်တုံးက မိမိ ရဲ့ username နဲ့ p/w စကားဝှက် နဲ့ ပြန်ဝင်ပါ။



ဝင်ပြီးရင် အပေါ်ကမှင်နီ နဲ့ ပြထားတဲ့နေရာကို ကလစ်ပြီး မိမိ သီဆိုလိုသော သီချင်းအားရွေးချယ်ရပါမယ်။




နောက်ထပ်တဆင့် အပေါ်မှာ ပြထားတဲ့ နေရာကို ထပ်ကလစ်ပါ... မိမိ အသံနှင့်သီဆို နိုင်ရန်အတွက် ထပ်မံကလစ်ရပါ့မယ် ..... ဒါဆို အောက်က ပြထားတဲ့ ပုံ ကိုရောက်သွားမှာပါ။




ဒီအဆင့်မှာ မိမိ အသံနှင့် သီဆိုနိုင်ရန်ဖြစ်ပါတယ်။ ပြထားတဲ့ ၁ မှ ၅ အထိ အဆင့်ဆင့်လုပ်သွားပေးရပါမယ်။ ( သေချာရှင်းပြလိုက်မယ်နော် )

။ play ( or ) rewind တခုခုကို ကလစ်ပေးလိုက်ပါ။
။ Google camera adapter 1 ကို ကလစ်ဖွင့်ပေးရပါမယ်။
( အထက် နှင့် အောက် က ဟာတွေလဲ သုံးနိုင်ပါသည် )
။ Disable camera ကို enable ဖြစ်အောင် ကလစ်ဖွင့်ပေးလိုက်ပါ။
။ ForntMic (Realtek Hight Definiti) ကို ကလစ်ပေးပါ .. အောက်မှ volue ကို လိုသလိုချိုန်
ထားနိုင်ပါသည်။
။ ပြီလျှင် Start record ကို ကလစ်ပေးလိုက်ပါ .... ဗွီဒီယို စတင်သွားနေပြီး ... မိမိ အသံနှင့် စတင်
စတင်သီဆိုနိုင်ပါပြီး ။

မှတ်ချက် ။ ။ အင်တာနက် ကွန်နက်ရှင်ပေါ်မူတည်ပြီး အသံနှင့် တီးလုံးကွာဟချက် ရှိနိုင်ပါသည်။

အကယ်၍ မရှင်းလင်းတာ ရှိပါက စီဘောက်တွင် မေးထားနိုင်တယ်နော်။

သူငယ်ချင်း များ အားလုံး ကိုယ်ပိုင်အားလပ်ချိုန်လေးမှာ မိမိ အသံနှင့် သီချင်းလေးတွေ သီဆိုရင်း
ပျော်ရွင်နိုင်ကြစေရန် ရည်ရွယ်လျှက် ........

ဒီနေရာလေးမှာလဲ ထပ်ကလစ်ပြီး link ဆီကိုသွားနိုင်ပါသည်။


Feb 12, 2009

"ဗိုလ်ချုပ် မွေးနေ့ အမှတ်တရ"

Posted by မာန်လေး at Thursday, February 12, 2009 0 comments




ဆက်လက်ဖတ်ရှု့ရန်


ပြီးပါပြီး

"အလဲဗင်း"

Posted by မာန်လေး at Thursday, February 12, 2009 0 comments



ဦးဖိုးခင် တစ်ယောက် လ္ဘက်ရည်ဆိုင်ထဲဝင်လာသည် ။


“ ဖိုးထောင် .. ငစိုး တစ်ယောက်တွေ့မိသေးလား ”
“ မတွေ့ဘူး ဦးလေးဖိုးခင် ရ... ဘာလို့လဲ”
“ ပြော.မပြောချင်ပါဘူးကွာ .. ငါအခု ဒီကောင့်ကိုတွေ့ချင်နေတယ် ၊ ဟေ့ ကြည်ထွန်းရေ ပေါ့ဆိမ့်တစ်ခွက် ပေးဟေ့”

"ဟူးးးးးးးးးးးးးးးးးးး ဒီကောင်တော့လားကွာ တွေ့များတွေ့လို့ကတော့လား"
“ ဘာတွေအရေးကြီးလို့လဲဗျ ၊ စိုးကြီးက ဘာတွေလုပ်ပြန်ပြီတုန်း”
“ ဒီကောင်ကွာ ... ငါ့များ မလှိမ့်တစ်ပတ်နဲ့ ။ ပွင့်ပွင့်လင်းလင်းပြောပေါ့ကွ ၊ ငါလည်း လူငယ် ဘ၀ကလာတာပဲ ၊ ဒီလောက်တော့ နားလည်ပါတယ်”
“ စိုးကြီးက ဘာတွေလုပ်သွားလို့တုန်း ဦးလေးဖိုးခင်ရ.. ကျွန်တော့်ကိုပြောပါဦး”


“ အမှန်ဆို ပွင့်ပွင့်လင်းလင်းပြောပေါ့ကွာ .. တူအရီးချင်းပဲ .... ခုလိုတော့မကောင်းဘူးကွာ”
“ စိုးကြီး ဘာလုပ်တာလဲ ဆိုတာပြောဦးလေ ဦးလေးဖိုးခင်ရ .. ကျွန်တော် နားမလည်တော့ဘူး ”
“ ဒီလိုကွာ... ညက...”

...................... xxxx XXX xxxx .......................

ဒီရုံးမှာ ဦးဖိုးခင်နဲ့ စိုးဝင်း ကညစောင့် ။ ည ၇ နာရီဆိုစပြီ ။ ဦးဖိုးခင်က လူကြီးဆိုတော့ အချိန်မှန်တယ် ။ စိုးဝင်းကတော့ လူငယ်ဆိုတော့ အကြောင်းအမျိုးမျိုးပြပြီး နောက်ကျနေကျ ။ ရောက်လာရင်လည်း ဟိုပြော ဒီပြောနဲ့ ဦးဖိုးခင်ကို အရင်အိပ်ခိုင်းတယ် ။ ၁၂ နာရီ မကျော်ခင်တော့ အမြဲနှိုးပြီး ပြန်စောင့်ခိုင်းတယ် ။ တစ်ယောက် တစ်ဝက်ဆိုတဲ့သဘောပေါ့ ။ ဦးဖိုခင်ကတော့ ဘာမှမဖြစ်ပါဘူး ။ လူကြီးဆိုတော့ ခပ်အေးအေးပဲ ။ သူ့မှာတစ်ခြားအလုပ်လည်းမရှိဆိုတော့ အိပ်ရေးပျက်ခံနိုင်ပြီးသား ။နေ့လည်ခင်း ထမင်းစားပြီး တစ်ရေးလောက် အိပ်လိုက်ရင် သူ့အတွက်က ပုံမှန်ပဲ ။

ဒီနေ့လည်း ငစိုးတစ်ယောက် ထုံးစံအတိုင်းနောက်ကျနေတယ် ။ ဦးဖိုးခင်က ရေဒီယိုတစ်လုံးဖွင့်ပြီး ထုံးစံအတိုင်း ခပ်အေးအေးပဲ ။ ငစိုးလာရင် တစ်ရေးအိပ်မယ်ပေါ့ ။၈ နာရီထိုးကာနီးကျတော့ ငစိုးရောက်ချလာတယ် ။ ညစောင့် ပုံ မပေါက်အောင် အ၀တ်အစား အသစ်တွေနဲ့ ။ ဘာလုပ်ဦးမယ်မသိဘူး ။ စက်ဘီးတောင် ပါလာသေးတယ် ။
“ ဦးလေး ... ကျွန်တော် ဒီည မြို့ထဲက ဘုရားပွဲ ခဏသွားချင်လို့”
စိုးဝင်းက မျက်နှာငယ်လေးနဲ့ ဦးဖိုးခင်ဆီ တောင်းပန်သလိုကြည့်တယ် ။ ဦးဖိုးခင်လည်း ငစိုးပြောမှ သတိရတယ် ။ ခုရက်ပိုင်းက ဘုရားပွဲတွေရှိနေတာကိုး ။အင်းပေါ့ ခမျာ သွားချင်ရှာမပေါ့ ။ လူငယ်ကိုး ။သူငယ်ငယ်တုန်းကလည်း ဘယ်ပွဲမှ အလွတ်ပေးတာ မဟုတ်ခဲ့ဘူး ။ ခဏတစ်ဖြုတ်တော့ သွားပါစေ ။ အလုပ်ကလည်းရှိသေးတာကိုး ။

“ အေးလေ သွားပေါ့ကွာ ... ခဏတစ်ဖြုတ်ပဲ”
“ ဟုတ်ကဲ့.. ကျေးဇူးပဲ”
“ နောက်တော့ မကျစေနဲ့ကွာ... ဟုတ်ပလား”
“ ဟုတ်ကဲ့..”
ပြောပြီး စိုးဝင်းက စက်ဘီးပေါ်တက်ပြီး မြို့ထဲသွားဖို့ပြင်တယ် ။ စထွက်တဲ့ အချိန်ကျမှ ဦးဖိုးခင်က သတိရ သွားတယ်
“ ဒါနဲ့ ငစိုး မင်း ဘယ်အချိန်ပြန်လာမှာတုန်း”
“ အလဲဗင်း ဗျို့”
ငစိုးက စက်ဘီးပေါ်က ပြန်အော်ပြောပြီး ဆက်နင်းထွက်သွားတယ် ။
“ အေး ... အေး ”
ဆယ့် တစ်နာရီဆိုတော့ ။ မဆိုးပါဘူးလေ ညည့်လဲ သိပ်နက်သေးတာမှ မဟုတ်တာ ။ ဒီလိုနဲ့ပဲ ဦးဖိုးခင် တစ်ရေး အိပ်မယ့် အတွေးလေးဖျက်ပြီး ။ ရေဒီယိုလေးလိုင်း လိုက်ဖမ်းနေလိုက်တယ် ။

..................... xxxx XXX xxxx ........................
စဉ်းစားကြည့်စမ်းပါ ဖိုးထောင်ရာ ... ငါလွန်လား ငစိုးလွန်လား လို့ ။ပြောပေါ့ကွာ ... အမှန်ဆို ဦးလေးေ“ အဲဒီ အချိန်ကတည်းက ပြန်မလာတာ ခုထိပဲ ... ရ ကျွန်တော်တော့ဖြင့် တစ်ညလုံးကြည့်ချင်တယ် ဘာညာပေါ့ ။ ခုတော့ သူက ဆယ့်တစ်နာရီပြောပြီးမရောက်တော့ငါ့မှာ ဒီကောင်များ ပြဿနာဖြစ်နေလားလို့ ပူရသေးတယ် ။ သူကတော့ ခပ်အေးအေးပဲ ”
“ ဟား....ဟား..... ကျွန်တော် သဘောပေါက်ပြီ .. ဦးလေးဖိုးခင်”
“ ဘာကိုတုန်း..”
“ ညက ကိစ္စက ဦးလေးဖိုးခင်လည်း မမှားဘူး ... စိုးကြီးလည်းမမှားဘူး ”
“ ဘာလို့ ငစိုးက မမှားရမှာတုန်း ”
“ အာ.. ဦးလေးကလဲ သူပြောသားပဲလေ အလဲဗင်းလို့”
“ အေးလေ .... အလဲဗင်း ဆို ဆယ့်တစ်နာရီပြန်လာပေါ့ကွ ... ငါလည်း အဲလောက်တော့ အင်္ဂလိပ်လိုတတ်ပါတယ်ကွ”
“ အဲဒီမှာ စလွဲတာပဲ ဦးလေးရေ”
“ ဘာကိုတုန်း”
“ စိုးကြီးပြောတဲ့ အလဲဗင်း ဆိုတာက အလင်းပဲ လို့ပြောတာဗျ”

“ ဟေ”


ဆက်လက်ဖတ်ရှု့ရန်


Feb 11, 2009

( ၆၂ ) နှစ်မြောက်ပြည်ထောင်စုနေ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း ကဗျာ

Posted by မာန်လေး at Wednesday, February 11, 2009 0 comments
ဖေဖေါ်ဝါရီလ ( ၁၂ ) ရက်နေ့မှာ ကျရောက်မဲ့ ( ၆၂ ) နှစ်မြောက် ပြည်ထောင်စု နေ့ အမှတ်တရလေးနဲ့ ... ဖေဖေါ်ဝါရီလ ( ၁၃ ) ရက်နေ့မှ ကျရောက်မဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အတွက် ... ငယ်ငယ် တုံးက သင်ခဲ့ရတဲ့... ကဗျာ လေးကို ကော်ပီ ကူးပြီးတင်ထားပေးတာပါ .... တချို့ဆို ကဗျာလေးကို မေ့တောင် နေမလားဘဲနော်. ဘာဘဲ ဖြစ်ဖြစ်ပါ .. အားလုံးတွက် အမှတ်တရ တခုဖြစ်ခဲ့မယ် ဆိုရင် ရှာတင်ရကျိုးနပ်ပါတယ်။






"Happy Valentine Day"

Posted by မာန်လေး at Wednesday, February 11, 2009 0 comments



အခု...February လထဲလည်းရောက်လာပြီဆိုတော့ ...အားလုံး ရန်ခုန်ကြတဲ့ Valetine's Day လေးလည်း နီးကပ်လာပြီပေါ့... လုပ်နေကျအတိုင်း ပန်းစည်းတွေ၊ ချောကလက်တွေ ပေးကြရင်း ချစ်သူရဲ့ စိတ်ဝင်စားမှု ပိုရဖို့ အတွက် ဒါလေးဖတ်ပြီ ပြောပြလိုက်ပေါ့နော်...အင်း ...ပုံပြင်လေးကတော့....................

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို
လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။

ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းက ပြည်သူတွေကိုအဓ္ဓမသိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေကမိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက... လူတွေကိုမင်္ဂလာမဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်
သူကို နှုတ်တ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။

Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီ တောင်းခံခကြတယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။

အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှု့တွေခံရပြီး ကွယ်လွန်သွားခဲ့
ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။
အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။
(တချို့ဆိုက်ဒ်က အေဒီ ၁၆၉တဲ့)။


ပဲရစ်မှာရှိတဲ့ ဘာသာစကားပေါင်း ၃၁၁ မျိုးနဲ့ ရေးထားတဲ့ "ချစ်တယ်"ဆိုတဲ့ နံရံမှာ ချစ်သူနှစ်ဦး ဓာတ်ပုံရိုက်နေတဲ့ ပုံပါ။

နောက်မူကွဲ တမျိုးက ဒီလို ဆိုထားပါတယ်။ ဘုန်းတော်ကြီး Valentine ဟာခရစ်ယာန် ဘာသာဝင်ရဲ့ ကနဦးအစကတဦးလို့ ဆိုရပါမယ်။ အဲဒီခေတ်က ခရစ်ယာန်ဘာသာဝင် တဦးဟာ သေမင်းနဲ့ ဘေးဥပါဒ်ကိုတောင် မမှုဘဲ မိမိဘာသာဝင် လူမျိုးအတွက် အသက် စတေးရဲခဲ့တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့ သမီးကို ဆေးကုသ ပေးခဲ့တယ်။ Claudius ဘုရင်ကြီးက ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကိုလူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့် ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာ Valentine ဟာ ထောင်မှူးသမီးကို နှုတ်ဆက်စာလေး တစောင်ရေးပေးခဲ့တယ်။
စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။
ို
သမိုင်းမှတ်တမ်းတင်တဲ့ လူတွေက ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို ဖော်ထုတ်ကြပြီး လူတွေကို ယုံကြည်မှုတွေ ပေးခဲ့တယ်။ အေတီ ၂၇၀ ရောမဘုရင် ထီးနန်းတက်စတုန်းက ရောမမြို့ အနီးတ၀ိုက်ဟာ တောကြီးမျက်မဲထဲမှာ ၀ံပုလွေတွေ ပေါများခဲ့တယ်။ ရောမလူမျိုး ကိုးကွယ်တဲ့ နတ်ဘုရားမှာ Lupercus ဆိုတဲ့ နတ်ဘုရားလဲ ပါဝင်ပြီး အဲဒီ နတ်ဘုရားဟာ လူနဲ့ ဆိတ်တွေကို အကာအကွယ်ပေးခဲ့တဲ့နတ်ဘုရားဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလလယ်မှာ အဲဒီနတ်ဘုရားကိုပသ ပူဇော်တဲ့ပွဲ လုပ်ကြတယ်။ အဲဒီတုန်းက ပြက္ခဒိန်ဟာ အခုခေတ် ပြက္ခဒိန်ထက် အနည်းငယ် နောက်ကျတယ်။ အဲတုန်းက နတ်ဘုရားကို ပူဇော်တဲ့ပွဲဟာနွေဦးကို ကြိုဆိုတဲ့ပွဲလို့လဲ ပြောနိုင်တယ်။

ဒီပွဲဟာ နတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲလို့လဲ တချို့ကပြောကြတယ်။ အဲဒီနတ်ဘုရားဟာ လူတပိုင်း ဆိတ်တပိုင်း ဖြစ်ပြီးခေါင်းမှာPanလို့ခေါ်တဲ့ဂျိုပေါက်နေတယ်။တိရိစ္ဆာန်နဲ့လူတွေကိုကာကွယ်စောင့်ရှောက်တယ်။ဒီလို နတ်ဘုရားကို ပူဇော်ပသတဲ့ ဖြစ်စဉ်အစဟာ ရှေးကတည်းက ရှိခဲ့တဲ့အတွက် အေတီ၁ရာစုက ရှိခဲ့တဲ့ ပညာရှင်တွေတောင် တိတိကျကျ မသိခဲ့ကြဘူး။ ဒါပေမဲ့ ဒီလိုနေ့မြတ်ရဲ့ အရေးပါပုံကိုတော့ ယုံမှားသံသယ မရှိခဲ့ကြဘူး။ သမိုင်းမှတ်တမ်းအရ Mark Antony ဟာ အေတီ ၄၄ခုနှစ်ရဲ့ နတ်ဘုရား ပူဇော်ပွဲတခုမှာ သရဖူကို
Jul ius Caesar လက်ထဲ အပ်နှင်းလိုက်တယ်လို့ သိရတယ်။

နှစ်စဉ်နှစ်တိုင်းရဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ Palantine တောင်ထိပ်ရဲ့ ဂူတဂူဘေးမှာ စုဝေးကြတယ်။ ဒီဂူမှာ ဟိုးယခင် နန်းတက်ခဲ့ဖူးတဲ့ Romilus and Remus ညီအစ်ကို နှစ်ဦးကို ၀ံပုလွေမတကောင်က ကျွေးမွေး စောင့်ရှောက်ပြီး ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီပွဲမှာ နောက်တမျိုး ကျင်းပပုံက လူကုံထံများဟာ ဆိတ်သရေ ကြာပွတ်ကို ကိုင်ပြီး လမ်းတလျောက် ပြေးကြခြင်းပါပဲ။ အမျိုးသမီးတွေက ပြေးလမ်းရဲ့ ဘေးတဖက်စီမှာ ရပ်ပြီး ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံကြတယ်။ အရိုက်ခံရမှ သူတို့ဟာ သမီးလေးမွေးမယ်လို့ ယုံကြည်ကြလို့ပါပဲ။လက်သင်ဘာသာမှာ ဆိတ်သရေ ကြာပွတ်ကို februa လို့ခေါ်တယ်။ ကြာပွတ်နဲ့ ရိုက်တာကို fabruatio လို့ခေါ်တယ်။ တကယ်တော့ စင်ကြယ်ခြင်း ဆိုတဲ့ အဓိပါယ်ဖြစ်တယ်။ နှစ်လပိုင်း February ဆိုတာ အဲဒီကနေ ဖြစ်လာတာပါ။

ရောမရဲ့ အင်အားဟာ ကြီးလာပြီး ဥရောပတခုလုံး ပျံ့နှံ့လာခဲ့တယ်။ နတ်ဘုရားပူဇော်ပသတဲ့ အစဉ်အလာဟာ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေအထိ ရောက်ခဲ့တယ်။ အဲလို ပူဇော်ပွဲမှာ လူကြိုက်များတာကတော့ ကံစမ်းမဲ နိုက်တာပါပဲ။
မိန်းကလေးတွေရဲ့ နာမည်ကို သေတ္တာထဲ ထည့်ပြီး ယောက်ျားသားတွေက မဲနှိုက်ကြတယ်။ နှိုက်မိတဲ့ မိန်းကလေးနဲ့ အဲဒီ ယောက်ျားလေးဟာ ချစ်သူတွေဖြစ်သွားကြတယ်။ နှစ်တွေကြာလာတော့ ခရစ်ယာန်တွေ အမှတ်တရထားတဲ့ဒီလို ထုံးတမ်းစဉ်လာဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာခဲ့တယ်။ ဘုန်းတော်ကြီးတွေက ဒီပွဲကို လူတွေ မေ့လျော့ကုန်မှာ စိုးတာနဲ့ အရင်က ကျင်းပခဲ့တဲ့ Lupercalia ပွဲကို Valentine 's Day လို့ပြောင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ရွေ့ခဲ့ကြတယ်။ဘုန်းတော်ကြီး Valentineရဲ့ ရာဇ၀င်နဲ့ ရှေးယခင်က ရှိခဲ့တဲ့နတ်ဘုရားပူဇော်တဲ့ ပွဲနှစ်ခုကို ပေါင်းစပ်လိုက်ကြတယ်။

ဒီပွဲဟာ ရာစုနှစ်လယ်လောက်က အင်္ဂလန်မှာ တော်တော် ခေတ်စားခဲ့တယ်။ မဲနှိုက်မိတဲ့ အပျိုနဲ့ လူပျိုနှစ်ဦးဟာ လက်ဆောင် ပစ္စည်းတွေ လှဲလှယ်ကြပြီး မိန်းကလေးက အဲဒီ တနှစ်အတွင်းမှာ ယောက်ျားလေးရဲ့ Valentine ဖြစ်ရတယ်။
ယောက်ျားလေးရဲ့ အင်္ကျီမှာတော့ မိန်းကလေးနာမည်ကို ဇာထိုးထားရပြီး အဲဒီမိန်းကလေးကို ကြည့်ရှူစောင့်ရှောက်ဖို့ တာဝန်ယူရတယ်။ သမိုင်းအထောက်အထားအရ ဒီလိုစုံတွဲမျိုးဟာ ၁၅ရာစု နှစ်စမှာ ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ပြင်သစ်မင်းသား Duke of Orleans ဟာ Agincourt စစ်ပွဲမှာ အင်္ဂလိပ် စစ်သည်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လန်ဒန်မှာ နှစ်အတော်ကြာ ချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ မင်းသားဟာ သူ့ ကြင်ယာတော်အတွက် ကဗျာတွေ စပ်ခဲ့တယ်။သူ့ ကဗျာပေါင်း ၆၀ကို ယနေ့ထက်တိုင်ထိ သိမ်းဆည်းထားပါတယ်။

နှစ်၂၀၀ နောက်ပိုင်းရောက်မှ ပန်းတွေနဲ့ လုပ်ထားတဲ့ စာတွေ၊ ပစ္စည်းတွေ ပေါ်ခဲ့တယ်။ ပြင်သစ်ဘုရင် Henry IV ရဲ့ သမီးတော်တဦးက Valentine's Day မှာကြီးကျယ်တဲ့ ညစာစားပွဲတခု ပြုလုပ်ခဲ့တယ်။အရွေးခံရတဲ့ မိန်းကလေးက လာရွေးသူ ယောက်ျားလေးဆီက ပန်းစည်းတစည်းကို လက်ဆောင်ရကြတယ်။

ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို
တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။

ချစ်တတ်သူတိုင်း ချစ်နိုင်ကြပါစေ။ ချစ်တယ်လို့ ပြောဖို့ မတွန့်တိုကြပါနဲ့ ... အခွင့်အရေးဟာ မျက်စိလည်ပြီး ၂ခါ ရောက်မလာနိုင်ဘူး။

အင်း...တစ်ခုဝန်ခံပါတယ် ... ဒီ Post လေးက My-Friends Lover ထဲက Post လေးတစ်စောင်ပါ။
အားလုံးကို သိစေချင်တဲ့ ဆန္ဒအရင်းခံကြောင့် ပြန်လည်ကူးယူဖေါ်ပြပေးလိုက်ပါတယ်။


Feb 10, 2009

ချယ်ရီလက်ဆောင် ( ကိုင်ဇာ ) သီချင်းလေးပါ

Posted by မာန်လေး at Tuesday, February 10, 2009 0 comments

Feb 9, 2009

Youtube Get 4.9.7 Software

Posted by မာန်လေး at Monday, February 09, 2009 0 comments
Youtube ကို တော်တော် များများအကျွမ်းတ၀င်သုံးဘူးကြမှာပါ ... ဒီဆော့ဝဲလ်လေးက Mp3, Mp4, Avi နဲ့ တခြားဖော်မက် ( format ) ပြောင်းလိုသူများ ဒီဆော့ဝဲလ် လေး ကို download ချပြီးသုံးကြည့်ပါ။ VDO Browser ကနေတိုက်ရိုက်သုံးနိုင်သလို Link ကို copy... paste လုပ်ပြီး download လုပ်ပြီး convert လုပ်ပြီး လိုအပ်သလို သုံးနိုင်ပါတယ် ...
အသံတွေလဲ တော်တော်ရှင်းပါတယ် . စမ်းသပ်သုံးကြည့်ကြပါ။

Feb 8, 2009

Mp3 song တွေ အသံတိုးတာကိုကျယ်ဘို့

Posted by မာန်လေး at Sunday, February 08, 2009 0 comments

Mp3 သီချင်းတွေကို ဒေါင်းကတဲ့ခါ အခက်အခဲတချို့ကြောင့် ..အသံတွေ တိုးတာတွေ ထစ်တာတွေ ရှိနေတတ်ပါတယ်.. ဒါကို အလွယ်တကူပြင်နိုင်ပါတယ်

တခါတလေလဲ တင်ထားတဲ့ ဆိုဒ် ရဲ့အခက်အခဲကြောင့်ဖြစ်နိုင်ပါတယ်။
ဒီအတွက်တော့ဘာမှ မပူကြပါနဲ့ .. ဘာ Software မှ မလိုဘဲ အသံကို ပြန်ချိုန်နိုင်ပါတယ်...

ဒါအတွက် ဒီနေရာ လေးကနေ သွားပြီး ပြင်နိုင် အသံကို လိုသလို ချိုန်နိုင်ပါတယ်..
ပြောင်းလိုတဲ့ သီချင်း ကို Browse ကနေ တင်ပေးလိုက်ပြီး အောက်က လိုအပ်တာကို စိတ်ကြိုက်လိုသလိုချိုန်နိုင်ပါတယ်။ upload တင်ပြီး အသံကိုလိုသလိုချိုန်ပါ ။

တခုတော့ ရှိတယ်နော် အင်တာနက်ကွန်နက်ရှင် ပေါ်လဲမူတည်ပါတယ် connection နှေးနေရင်တော့ကြာနိုင်ပါတယ်။
ပြီးရင် ဒေါင်းလုပ် ( Download ) ပြန်ယူပြီး နားထောင်နိုင်ပါပြီး။

နိုင်ငံရေးဆိုတာ ( ဟာသလေးပါ )

Posted by မာန်လေး at Sunday, February 08, 2009 0 comments

တစ်နေ့တွင် သားဖြစ်သူက သူ့ဖခင်ကိုမေး၏။
ဖေဖေ...နိုင်ငံရေးဆိုတာ ဘာလဲဟင်
ဖခင်ဖြစ်သူက “ကောင်းပြီ..ငါ့သား...မင်းကို ဖေဖေ ဥပမာနဲ့ ရှင်းပြမယ်


အင်း...ဖေဖေ က ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးဖြစ်တာကြောင့် ဖေဖေ့ကို သမ္မတလို့ မှတ်လိုက်ပေါ့ကွာ...
မင်းမေမေကတော့ ငွေကြေးစီမံခန့်ခွဲသူမို့ အစိုးရပေါ့ကွာ...
ဖေဖေတို့တွေက သားရဲ့လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနေရတာဆိုတော့ သားကတော့ ပြည်သူလူထု နေရာကပေါ့...
နောက်...ဖေဖေတို့အိမ်က ကလေးထိန်းကတော့ အလုပ်သမား လူတန်းစားပေါ့ကွာ...
သားရဲ့ညီလေးကိုတော့ အနာဂတ်လို့ သတ်မှတ်လိုက်ရအောင်...
ကဲ...အခုဖေဖေပြောတဲ့ ဥပမာကို သေသေချာချာ စဉ်းစားပြီး ငါ့သား ဘယ်လိုနားလည်လဲဆိုတာ ဖေဖေ့ကိုပြောပြ..ဟုတ်ပြီလား...”

ဒါနဲ့ သားဖြစ်သူက အဲဒီအကြောင်းကို စဉ်းစားရင်းနဲ့ အိပ်ပျော်သွားတယ်။
ညသန်းခေါင်ကျတော့ သူ့ညီငယ်လေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြားတော့ ဘာဖြစ်တာပါလိမ့်ကို သွားကြည့်တဲ့အခါမှာ...
ကလေးက အနှီးထဲမှာ အညစ်အကြေးတွေနဲ့ ပေရေနေတာကို တွေ့လိုက်ရတယ်။
ဒါနဲ့ပဲ...သူ့ညီလေးကို အနှီးအသစ်လဲပေးဖို့အတွက် သူ့အမေဆီကို သွားကြည့်တဲ့အခါ အမေလုပ်သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို တွေ့ရတယ်။
အမေကို့ မနိုးစေချင်တဲ့ သားငယ်လေးဟာ ကလေးထိန်းကို သွားရှာမယ်ဆိုပြီး ကလေးထိန်းရဲ့ အခန်းရှေ့ကိုရောက်တော့ တံခါးပိတ်ထားတာကို တွေ့ရပြန်ရော။
ဒါနဲ့ သော့ပေါက်လေးကနေချောင်းကြည့်လိုက်တော့ သူ့ဖခင်ဖြစ်သူကို ကလေးထိန်းအမျိုးသမီးနဲ့ အတူတူ အိပ်ယာပေါ်မှာ တွေ့လိုက်ရတယ်။
နောက်ဆုံးတော့ သူလည်း လက်လျော့ပြီး ပြန်အိပ်လိုက်တော့တယ်။
နောက်နေ့မနက်လင်းတော့ ဖခင်ဖြစ်သူဆီသွားပြီး ...
ဖေဖေ...သား..နိုင်ငံရေးရဲ့သဘောတရားကို နားလည်သွားပြီ...” လို့ပြောလိုက်တယ်။
ကောင်းတယ်..ငါ့သား..ဒါနဲ့ မင်းနားလည်သလို ဖေဖေ့ကို ပြန်ပြောပြစမ်း ” လို့ ဖခင်ကပြောလိုက်တယ်။
သမ္မတက အလုပ်သမားလူတန်းစားနဲ့ ဖောက်ပြန်နေချိန်မှာ အစိုးရက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်...
ပြည်သူလူထုကတော့ လျစ်လျူရှုခံထားရပြီး အနာဂတ်ကတော့ ရစရာမရှိအောင်စုတ်ပြတ်နေတာပဲ...
” လို့ပြောလိုက်တယ်။

မှတ်ချတ်။ ။ မရီရပါ :P


Firefox Browser ကို မြန်စေရန်

Posted by မာန်လေး at Sunday, February 08, 2009 0 comments

Firefox ကို မြန်အောင်လုပ်ဖို့ နည်းလမ်း များစွာ ရှိပါတယ်။်။အခုပြောတဲ့ နည်းတွေက broadband connection အတွက်ဖြစ်ပါတယ်။လုပ်ရတာလဲ လွယ်ကူပါတယ်။ မခက်ခဲပါဘူး။ ပထမဦးစွာ search bar မှာ about:config ( Firefox Browser ကိုတော့ ဖွင့်ထားရမယ်နော် )လို့ရိုက်လိုက်ပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ တန်ဖိုးတွေကို double click နှိပ်ပြီး အလွယ်တကူ ပြင်နိုင်ပါတယ်။

ပေါ်လာတဲ့ list တွေမှာ အောက်ကတန်ဘိုးတွေကို တွေအောင်ရှာပြီး ပြင်ပေးရမယ်...သေချာအောင်ကြည့်ပြီး ရှာပေးပါ။

Code:
browser.tabs.showSingleWindowModePrefs – true
network.http.max-connections – 48
network.http.max-connections-per-server – 16
network.http.max-persistent-connections-per-proxy – 8
network.http.max-persistent-connections-per-server – 4
network.http.pipelining – true
network.http.pipelining.maxrequests – 100
network.http.proxy.pipelining – true
network.http.request.timeout – 300

နောက်ဆုံး တစ်ခုကျန် ပါသေးတယ်။ ကြိုက်တဲ့ နေရာတစ်နေရာမှာ rightclick ထောက်ပြီး NEW -> Integer လို့ရွေးပါ။ ပြီးရင် Name ကို nglayout.initialpaint.delay လို့ပေးပြီး enter နှိပ် တန်ဖိုးကို ၀ ( သုည )လို့ပေးလိုက်ပါ။

ဒါဆိုရင် အရင် ထက်တော့ နဲနဲပိုမြန်လာပါလိမ့်မယ်... မှင်နီ ပြထားတာတွေ ကို တော့ မှန်အောင်ပြောင်းပေးဘို့ လိုအပ်ပါတယ်။

အကယ်၍ ဖိုင်းယားဖောင့် ဘရောက်ဆာ မရှိသေးသူ များ ဒီမှာ Download လုပ်နိုင်ပါတယ်။





အပျင်းပြေလေး စမ်းကြည့်ကြဘို့

Posted by မာန်လေး at Sunday, February 08, 2009 0 comments

ဘာရယ်လို့တော့မဟုတ်ပါဘူး ကိုယ့်ရဲ့ ကိုယ်ပိုင်အားလပ်ချိုန်းလေး တွေ မှာ အပျင်းပြေသဘောမျိုး စမ်းသပ် လုပ်ဆောင်ကြည့်ကြစေချင်လို့ပါ

Your Name ဆိုတဲ့နေရာလေးမှာ ကိုယ့်ရဲ့အမည် ကိုရေးပေးလိုက်ပါ။
His or Her Name ဆိုတဲံနေရာလေးမှာ ကိုယ်နှစ်သက်သူရဲ့ အမည်ကို ရေးပေးပါ။

ပြီးရင် အပေါ်က Test ဆိုတာလေး ကို ကလစ် ( click ) ပေးလိုက်ပါ ......
နှစ်သက်သလို စိတ်ကူးလေးယဉ်နိုင်ကြပေါစေ...

ဟီးးးးးးးးးးးးးးးးးးးးး ဘာ ရာခိုင်နှုံး ပေါ်မလဲဆိုတာ ကြိုဆုတောင်းထားတိုင်း ပြည့်ပါစေနော်။

http://www.stumbleupon.com/toolbar/#topic=Relationships&url=http%253A%252F%252Fwww.crazyprofile.com%252Flove_test%252Flove_meter.swf

အကယ်၍ ပုံသေးတယ်ဆိုရင် Double click လုပ်ပြီးချဲ့ နိုင်ပါတယ်.

Enable Right Click လုပ်မရခဲ့ရင်

Posted by မာန်လေး at Sunday, February 08, 2009 0 comments

Website တစ်ချို့ မှာ Right Click လုပ်လို့ မရပါဘူး။
ERROR တွေလုပ်ထားတက်ကြပါတယ်။ Sorry ဆိုတဲ့ စာလေးပေါ်လာပြီး ဘယ်လိုမှကလစ်လို့မရနိုင်ပါဘူး ..ဓာတ်ပုံတစ်ပုံကို လိုချင်ပြီဆိုပါ
တော့ Right Click လုပ်လိုက်တာပြီး Save image as ဆိုတာနဲ့ လုပ်ကြ
ပါတယ်၊၊ လိုချင်တာကို Click ပေးပြီးတော့
Ctrl+C နဲ့ ယူရင်လည်းရပါတယ်၊ နောက်တစ်မျိုးကတော့ ကိုယ်သုံးတဲ့ Browser ကနေ၀င်
ပြင်ထားရင် လည်းအဆင်ပြေပါတယ်။
IE Browser မှာ ( တော်တ်ာများများ က အိုင်အီးဘရောက်ဆာကို သာသုံးတာမို့ )
IE Browser ကိုဖွင့် ခုဏက ကော်ပီလုပ်မရတဲ့လင့်ကို သွား လိုက်ပါ။ Tool >>> Internet Option >>> Security Tab>>> Custom level >>> scripting ဆိုတာရှိပါတယ်။ Active scripting ဆိုတာလေး
ကို Disable ပေးလိုက်ပါ ခင်ဗျာ။ Browser ကို Reatart လုပ်ပေးလိုက်ပါ၊
ENABLE RIGHT CLICK IN WEBSITE ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေပါစေ။ wehacker မှတဆင့်ဖော်ပြတာပါခင်ဗျာ။

ကော်ပီ လုပ်လိုသူများ အဆင်ပြေစွာလုပ်ဆောင်နိုင်ကြပါစေ ...


Feb 7, 2009

Free Software download link များ

Posted by မာန်လေး at Saturday, February 07, 2009 0 comments
အင်တာနက်မှာ လေ့လာမှတ်သားစရာတွေ အများကြီးပါ .... ခုပေးတဲ့လင့် ကနေ လိုချင်တာ တော်တော်များများ ကို လေ့လာ ရှာယူ ..ဒေါင်းလုပ် ( download ) လုပ်လို့ရပါတယ်....
http://www.1000-downloads.com/

အကယ်၍ သိချင်တာလေး တွေ ရှိခဲ့ရင် .. ဒီမှာ လဲ သွားလေ့လာ နိုင်ကြပါတယ် ... လိုတာကို လဲဒေါင်းလုပ် နိုင်ပါတဲ့ ဖရီး လင့်တွေရှိပါတယ် ...
http://www.download.com/windows/

နည်းပညာတွေ တိုးတက်တဲ ခေတ်ကြီးမှာ ဗဟုသုတ မျာများရှာကြံဖတ်မှတ်နိုင်ကြပါစေ.......

Window XP နဲ့ပါတ်သတ်တဲ့အရေးကြီးအချက်များ ..

Posted by မာန်လေး at Saturday, February 07, 2009 0 comments

XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။

- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။

- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။

- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။

- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။

- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့

- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။

- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။

- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။

- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။

Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။

- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ

အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။

- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။

- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။

- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။

- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။

- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။

- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။

- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)

- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။

- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။

- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။

- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။

- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း

ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။

- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။

- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။

- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း

- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့

- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ။

- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။

- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–

- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။

- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။

- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။

- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-

- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။


အဆင်ပြေစွာလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း .......................


နှိုင်ငံရေးတိုးတက်မှု့မရှိလျှင် "ဘန်ကီမွန်း" မလာသင့်ဟု... ဒေါ်စု ..တိုက်တွန်းချက်

Posted by မာန်လေး at Saturday, February 07, 2009 0 comments

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေရှိမှ မြန်မာနိုင်ငံဆီ လာသင့်တယ်၊ မြန်မာစစ်အစိုးရဘက်က အနည်းဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း အန်န်အယ်လ်ဒီပါတီက ပြောပြပါတယ်။
အလားတူပဲ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ဆိုတဲ့ သဘောထားကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံကြတဲ့နေရာမှာ နိုင်ငံရေးအရ အခြေခံကျကျ တိုးတက်မှုတွေ လိုနေသေးတဲ့အကြောင်း အတိုက်အခံဘက်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်လည်း လာဖို့ရှိနေတဲ့နေရာမှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင် တိုးတက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတဲ့အကြောင်း ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာတခုမှာ ၁ နာရီခွဲလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အန်န်အယ်လ်ပါတီက ပြောခဲ့တာပါ။ ကိုယ်တိုင်လည်း နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အနိမ့်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လို ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကိုလာမယ်၊ လာချင်တယ်။ အဲဒီလိုလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာရှိရင် လာမှာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးရပ်တည်ချက် ၄ ချက်ထဲက ၄ ချက်စလုံး၊ ဒါမှမဟုတ် ၃ ချက်၊ ၂ ချက်၊ ၁ ချက်ပေါ့လေ၊ အဲဒီလို တခုခုအပေါ်မှာ မူတည်ပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုဆိုပြီး ယူဆနိုင်စရာ ဘယ်ဟာရှိမလဲဆိုပြီး မေးပါတယ်။ အဲဒီလိုမေးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီအချက် ၄ ချက်ထဲက ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဆောင်ရွက်ခဲ့ရင် ဒါဟာ သိသာထင်ရှားတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုလို့ ယူဆနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။”

ဒီလိုပဲ နိုင်ငံရေးအရ တိုးတက်မှုတွေ ပြဖို့လိုတယ်လို့ ဆိုလိုက်တာကတော့ အခုတခေါက် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တချို့ပါ ဖမ်းဆီးခံထားရတဲ့ SNLD ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ မစ္စတာဂမ်ဘာရီတို့ ဒီကနေ့ မိနစ်ပိုင်းလောက် တွေ့ခွင့်ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ဖို့ စတာတွေ လိုတဲ့အကြောင်း ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဒုတိယတချက်က နအဖစစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ တခါ ဒီတွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်အတိုင်း တဖက်သတ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုမျိုး လုံးဝရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး မလုပ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို SNLD အနေနဲ့ စဉ်းစားခြင်းမပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးတယ်။”

ဒီလို အန်န်အယ်လ်ဒီပြီးရင် ဒုတိယအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ပါတီနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တဲ့အပြင် အန်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ၅ ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေးခွင့်ရခဲ့တာ၊ အထူးကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေ အတူတကွ ဆွေးနွေးခွင့်ရခဲ့တာတွေ ရှိခဲ့တာမို့ အရင်အခေါက်တွေနဲ့မတူတဲ့ ထူးခြားမှုတချို့အဖြစ် အန်န်အယ်လ်ဒီပါတီကတော့ ရှုမြင်ခဲ့တာပါ။

“ကျနော်တို့ စီအီးစီကတော့ တော်တော်ကျေနပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်လည်းရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကိုယ်တိုင်မြင်တွေ့ရတော့ အတော်လေးကျေနပ်ပါတယ်။ နောက်တခုက ဒီနေ့တွေ့ဆုံတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ရင် တိုးတက်မှု၊ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှုလို့ ပြောနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါက ခုနပြောသလို စီအီးစီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မစ္စတာဂမ်ဘာရီနဲ့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်ရတယ်။ အဲဒီလို မတွေ့ဆုံခင်မှာလည်း အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးခွင့်ရတယ်။ ဒါတွေက အခင်းအကျင်း ပြောင်းလဲမှုရှိနေတယ်လို့ မြင်ပါတယ်။”

SNLD ပါတီကတော့ အထူးကိုယ်စားလှယ် လာတဲ့အခါတိုင်း အစိုးရနဲ့နီးစပ်တဲ့ ဒါမှမဟုတ်ရင်လည်း အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံလေ့ရှိတာမို့လည်း အခုတကြိမ်ကြမှသာ တွေ့ခွင့်ရတဲ့အပေါ် ကျေနပ်အားရစရာအဖြစ် အပြည့်အ၀တော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။

“အထူးကျေနပ် အားရလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာဂမ်ဘာရီကလည်း ကျနော်တို့ SNLD ရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို သူ့အနေနဲ့ မှတ်သားပြီးတော့မှ မစ္စတာဘန်ကီမွန်းကိုလည်း တင်ပြမယ်၊ နောက်တခါ နအဖ ဗိုလ်ချုပ်မှူးကြီးထံကိုလည်း တင်ပြဆွေးနွေးမယ်။ သူ့အနေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိစကားတခုတော့ ပြောသွားပါတယ်။ အဲဒီအပေါ်တော့ မျှော်လင့်ချက်ထားလို့ ရပါတယ်။”

SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ပြောပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိခဲ့သလို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးက ပြောပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာဂမ်ဘာရီဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပြီးတော့ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ် အဆုံးမသတ်မီ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

မှတ်ချက်။ ။ အမေ့အိမ် ဘလော့မှ ကိုးကားတင်ပြထားပေးပါသည် ။




archive

Followers

..k

About This Blog

တခုခုတော့ပြောထားခဲ့ပါ

Blog Archive

Web hosting for webmasters