
အင်တာနက်ကိုအသုံးပြုသူတော်တော်များများ ...အများအားဖြင့် Gtalk ကိုအသုံးပြုသူများပါတယ်...
ခင်မင်ရာသူငယ်ချင်းတွေကို Add ထားကြသလို...အကြောင်းအမျိုးမျိုးကြောင့်လဲ Add ထားသောသူတချို့ကို Block
လုပ်လိုက်ကြတာမျိုးတွေရှိတတ်ကြပါတယ်။ မရှိသူလဲ ... ရှိချင်ရှိမှာပေါ့လေ... နော့် :P
မိမိ မ chat ချင်တဲ့သူ... ကို ဘယ်လို block လုပ်လို့ရတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ( Account ) ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ Block ထားသူရဲ့ အကောင့်ကတော့ ပျောက်သွားပြီး.. သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
ခုပြောမှာကတော့ ကိုယ့်ကို block လုပ်ထားသလား ...မလုပ်ထားဘူးလားဆိုတာ စစ်ကြည့်လို့ရတဲ့နည်းလေးပါ။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို ချတ်ဘောက်လေး ဖွင့်လိုက်ပြီး Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(မိမိ အကောင့်ကို ဘလော့ထားတယ်ဆိုရင် သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာSend voicemail' button ပဲပေါ်နေမှာပါ။)
"The person you are trying to reach is unavailable. Please leave a message" .. ဆိုတဲ့ အသံမျိုး ကြားရရင်တော့
ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။
အထက်က အသံမျိုးမပေါ်လာဘဲ... ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...ပြန်ခေါ်ကြည့်တယ် ပြန်ကျ
သွားတယ်... ဘာသံမှကိုမကြားရဘူးဆိုရင်တော့... သေချာပါတယ်... ကိုယ့်အကောင့်ကို တဘက်သူက Block ထားလိုက်ပါပြီး...
စမ်းသပ်လိုသူများစမ်းသပ်ကြည့်ကြဘို့မျှဝေပေးလိုက်တာပါ... ကျနော်လဲ အထက်ကနည်းအတိုင်းသာစမ်းသပ်ဘူးပါတယ်..တခြားနည်းများ
ရှိချင်လဲရှိအုံးမှာပါ.... သိတာလေးကိုဘဲ မသိသေးသူများသိစေဘို့ မျှဝေလိုက်တာပါ။
Post a Comment