သီချင်း၊ ဓါတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ဘဲ ဖြစ်ဖြစ်၊ ဖိုင် size လျှော့ချင်ရင်ဖြစ်ဖြစ် သုံးလို့ကောင်းတဲ့ ဆော့ဝဲလေးပါ ... ဖိုင်ဆိုဒ်လဲ သိပ်မများသလို မိမိကွန်ပျူတာလဲ ထိခိုက်မှု့မရှိနိုင်ပါဘူး
ဒါလေးက Freeware လေးပါဘဲ.... Trail မဟုတ်တဲ့တွက် ဘာကီးမှ မလိုပါဘူး။

youtube ကနေ video တစ်ခု ဒေါင်းလုတ်လုပ်တယ်ဆိုပါစို့။ သူက .flv file format နဲ့ပေးလိမ့်မယ် အဲဒါကို ဟန်းဖုန်းထဲထည့်မယ်ဆို .3gp ဖြစ်ဖြစ် ပြောင်းပြီး ထည့်မှရမယ်။ mp4 player ထဲကို ထည့်မယ်ဆိုရင် .mp4 ဖြစ်ဖြစ် အဲဒီ mp4 player က လက်ခံနိုင်တဲ့ တစ်ခြား format တစ်ခုကို ပြောင်းရပြန်ဦးမယ်။ iPhone, iPod, Blackberry, PSP ထဲထည့်ဖို့ဆိုရင် .mp4 format ပေမယ့် mp4 player နဲ့က resolution မတူပြန်ဘူး။ mp4 player အတွက် media converter တစ်ခု၊ Cell Ph အတွက်တစ်ခု ၊ PSP အတွက် တစ်ခု၊ iPod အတွက် တစ်ခု သွင်းနေမယ့်အစားအားလုံးအတွက် format တစ်ခုကနေ တစ်ခု လွယ်လွယ်နဲ့ပြောင်းပေးနိုင်ပါတယ်။
DVD ထဲက ရုပ်ဖိုင်တွေ .VOB တွေ အဲဒါတွေကို ဖြတ် ညှပ် ကတ် ... လုပ်ချင်တဲ့အခါတခြားဟာ
တွေမလိုပါဘူး သုံးနေကျ Windows Movie Maker သုံးချင်ရင်လည်း ဒီ FormatFactory ကိုဘဲသုံး
ပြီး Windows Movie Maker က လက်ခံတဲ့ .WMV ဖြစ်ဖြစ် .AVI ကိုဘဲဖြစ်ဖြစ် ပြောင်းနိုင်ပါတယ်။
Songs တွေကတော့ MP3/WMA/AMR/OGG/AAC/WAV
graphic အတွက် JPG/BMP/PNG/TIF/ICO/GIF/TGA
စတဲ့ file တွေကို တစ်ခုကနေ တစ်ခု ပြောင်းပေးနိုင်ပါတယ်။
တချို့နိုင်ငံ တွေတွက် ... ဥပမာ.. တရုပ်နိုင်ငံလိုမျိုး ဒီကနေဒေါင်းလုပ် လုပ်နိုင်ပါတယ်။ US , China, Germany
Post a Comment