ဆင်ခြင်တုံတရား ...

မိမိရဲ့ ပေါ့လျော့မှုကြောင့် ဆုံးရှုံးနစ်နာ တာများ ရှိခဲ့ရင်၊ လေလွှင့် ပျက်စီးတာများ ကြုံခဲ့ရင် လူကြီးတွေက စဉ်းစား ဆင်ခြင်လုပ်ဖို့၊ ဆင်ခြင်တုံ တရားကို လက်ကိုင်ထားဖို့ အမြဲ သွန်သင်လျက် ရှိပါတယ်။ ဆင်ခြင်ထုံ
တရားဆိုတာ
ဘာကို ပြောချင်တာလဲ .. .. ?

ဆင်ခြင်ထုံတရား ဆိုတာ ဘယ်အရေး၊ ဘယ်ကိစ္စကိုမဆို အကျိုးအကြောင်း ကောင်း၊ မကောင်း။ လျော်၊ မလျော် လုပ်သင့် .. မလုပ်သင့် စသည်တို့ကို ဥာဏ်မှီသလို ဆင်ခြင် သုံးသပ်ခြင်းကို ဆင်ခြင်တုံ တရားလို့ ခေါ်ပါတယ်။ ဆင်ခြင်သုံးသပ် ပြီးတဲ့အခါ ၄င်းကိစ္စကို ဆောင်ရွက်ဖို့ သင့်၊ မသင့် အဆုံးအဖြတ် ပေးရပါလိမ့်မယ်။ မိမိနဲ့တကွ လူအများအတွက် အကျိုးရှိတယ် ဆိုရင်တော့ ဆက်လက် ဆောင်ရွက် သင့်ပါတယ်။ အကျိုးမရှိဘူး၊ ဆုံးရှုံးနစ်နာ နိုင်မယ်ဆိုရင်တော့ ဆက်လက် မလုပ်ဆောင်ဖို့ ပဲ ဖြစ်ပါတယ်။

မကြာခဏ ဆိုသလိုပါပဲ ပြီးခဲ့တဲ့ ကိုယ့်လုပ်ဆောင်ချက် တွေကို ပြန်လည် သုံးသပ်ကြရပါတယ်။ မိမိလုပ်ဆောင် ခဲ့တဲ့ ကိစ္စကိုသာမက အခြားအခြားသောအရေးကိစ္စ များကိုလည်း ပြန်လည် သုံးသပ်ကြရပါတယ်။ ဖြစ်ပြီးတဲ့ အတိတ်က ကိစ္စတွေကိုတော့ ဆင်ခြင်ရတာ လွယ်ကူပါလိမ့်မယ်။ ဒီအတွက် အားနည်းချက်တွေ အားသာချက်တွေက ထင်သာမြင်သာ ရှိနိုင်ပါသေးတယ်...ဒါပေမဲ့
အနာဂတ်တွက်မဆောင်ရွက်ရသေးတဲ့ ကိစ္စတွေ အတွက်တော့ ဆင်ခြင်ရတာ ရင်လေးစရာ၊ ခေါင်းစားစရာပါ။ တွေ့ကြုံ ရင်ဆိုင်ရမယ့် အနာဂတ်ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကို ကွဲကွဲပြားပြား မသိရှိ နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီ ဆင်ခြင်ထုံတရား ကလည်း တစ်ခါတစ်ရံ မိမိထံကို အမှားဆီ ရောက်အောင် တွန်းပို့ တတ်ပါသေးတယ်။

အမှားနဲ့အမှန်ကို ခွဲခြားမသိနိုင်သေးတဲ့ တချို့သော ကိစ္စတွေမှာတော့ ဒီ ဆင်ခြင်တုံ တရားကိုပဲ အားထားကြရမှာပါ။ ဒီနေရာမှာ ဗဟုသုတ ပြည့်ဝသူနဲ့၊ ဗဟုသုတ နည်းပါးသူ အတွေးမဲ့သူ တို့ရဲ့ ဆင်ခြင်နိုင်စွမ်းကို နှိုင်းယှဉ်ပြီး စံထားကြည့် စေချင်ပါတယ်။ ဗဟုသုတ ပြည့်ဝသူက ယခုကိစ္စကို ဆင်ခြင် သုံးသပ်သည့်အခါ အရင်က သူလေ့လာ သိရှိထားတဲ့ အရေးကိစ္စတွေ၊ အတွေ့အကြုံ ကောင်းတွေကို ပြန်လည်သုံးသပ်ပြီး ယှဉ်တွဲ စဉ်းစား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆင်ခြင်သုံးသပ်မှု့မှာ အမှားနည်းမှာ ဖြစ်ပါတယ်။ ဗဟုသုတ နည်းပါးသူကတော့ နှိုင်းယှဉ်ဖို့ သာဓက မရှိတာကြောင့် မှန်းဆပြီး သုံးသပ်ရမှာဖြစ်လို့ အားထားလောက်တဲ့ ဆုံးဖြတ်ချက်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါဆိုရင် ဆင်ခြင်ထုံတရား အားသန်သူဟာ အတ္တဟိတ နဲ့ ပရဟိတ အကျိုးကို ဆောင်ရွက် နိုင်စွမ်းရှိသူလို့ ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့ လူ့အဖွဲ့အစည်း တွေမှာ ဆင်ခြင်တုံတရား အားသန်သူတွေ များလေ ကောင်းကျိုးချမ်းသာ ဖြစ်လေ ဆိုတာကို နှလုံးသွင်းရပါမယ်။

ယနေ့ မျက်မှောက်ကာလ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အမှန်နဲ့ အမှားကို ခွဲခြား သိမြင်နိုင်ဖို့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် ဆင်ခြင်တုံ တရားကို လက်လွှတ်လို့ မရနိုင်တာကတော့ ထင်ရှားပါတယ်။ လူတိုင်း မိသားစုဘ၀ ပျော်ရွှင်သာယာရေး အတွက် နဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖွံ့ဖြိုးရေး.. လက်ရှိမိမိကျင်လည်ရာအသိုင်းအ၀န်း အတွက် ဗဟုသုတများဆထက်တန်ဘိုး တိုးလို့ ဆည်းပူး၊ လေ့လာ၊ မှတ်သားထားကြဘို့လိုပါလိမ့်မယ်။
ယနေ့ကာလ နည်းပညာတိုးတက်ပြီး ခေတ်မှီတိုးတက်နေတဲ့မျက်မှောက်ကာလကြီးမှာ မိမိတို့ရဲ့ ဖတ်မှတ်လေ့လာနိုင်မှု့များ နဲ့ အတူ ဆင်ခြင်ထုံတရား များ ထားရှိပွါးများနိုင်ကြပါစေလို့.....

ဆန္ဒမွန်များစွာဖြင့်....

0 comments to "ဆင်ခြင်တုံတရား ..."

Post a Comment

Related Posts with Thumbnails

Mar 5, 2009

ဆင်ခြင်တုံတရား ...

Posted by မာန်လေး at Thursday, March 05, 2009

0 comments on "ဆင်ခြင်တုံတရား ..."

Post a Comment

archive

Followers

..k

About This Blog

တခုခုတော့ပြောထားခဲ့ပါ

Blog Archive

Web hosting for webmasters