တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။
ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .
အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတယောက် ရှိပါသတဲ့။
ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .

အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ ကောင်မလေးတယောက် ရှိပါသတဲ့။
တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးက အားနာလာပါ တယ်။
ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး .... ဟေ့ ကောင်မလေး၊
နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတာ့တယ်။
ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။

ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိ အတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။


ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။
တခြားဆုတောင်းချေ လို့  ပြောရှာတယ်။

ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီး


ဒါပေမယ့် နင်ကတိတည်ရမယ်.....နော်

ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်.... ရှင်...တကယ်ပါ...

ကောင်းပြီ။


ဒါပေမဲ့ ...တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ..နော် .... ဆိုပြီး ကတိတောင်းတယ်။

ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .

ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီး.... ဖြစ်သွားရှာတော့တယ်။

ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့် သူ့ အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။


အဲ... တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကို တခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ( အော်တို ဗီဇာပေါ့နော် ) ပြောင်း လာပါ
ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်း ရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။



ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။

ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့
ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။

ဒီလိုနဲ့ ..... နဲ့ဘဲ... တနှစ်က....ပြည့်တော့မယ်ပေါ့လေ ....နော်..ရုက္ခစိုးမကြီးလဲ ရင်တွေခုန်ရင်းပေါ့လေ ..

ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။
မယုံနိုင်စရာပါပဲ။

ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။

ဗိုက်ကလေးကပူလို့  . . .။

ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး... လို့ ပြောပြောဆိုဆိုနဲ့  ပြန်ပြေးသွားပါလေရော။

ပုံပြင်လေးကတော့ အဲဒါပါဘဲ.... အားနာတတ်တိုင်းလဲ မကောင်းဘူးဆိုတာကို ဆိုလိုတာပါ... ပုံပြင်ထဲကလိုဘဲ.... ရုက္ခစိုးကြီးလို....အားမနာသင့်တာကို... အားနာလိုက်တော့ ရုက္ခစိုးမကြီးဖြစ်ပြီး.... အားနာမိလို့.... ခါးပါသွားတတ်တာကို ... ဗဟုသုတ လေးအနေနဲ့.. ရေးတင်လိုက်တာပါ..
တစုံတရာ အမှားအယွင်းပါသွားတယ် ဆိုရင်.... ဗဟုသုတ ရယ်စရာတခုအဖြစ်အနေနဲ့ဘဲ နားလည်ပေးကြပါလို့........

Post a Comment