
Online ကာရာအိုကေ ဆိုချင်ကြသူများ အတွက်ပါ။ ဒီကနေသွားပါ ပထမဦးဆုံး အပေါ်မှာဝိုင်းပြထားတဲ့နေရာကနေ မိမိ Gmail နဲ့ အကောင့်တခုလုပ်လိုက်ပါ။ အကောင့် လုပ်ပြီးရင် မိမိ ရဲ့ မေးကို ပြန်ဝင်ပြီး စစ်ရပါမယ်။ Your account is inactive. Please activate it by using the following link. အဲကနေ ထပ်ကလစ်ဝင်ပြီး အကောင့်လုပ်တုံးက မိမိ ရဲ့ username နဲ့ p/w စကားဝှက် နဲ့ ပြန်ဝင်ပါ။

ဝင်ပြီးရင် အပေါ်ကမှင်နီ နဲ့ ပြထားတဲ့နေရာကို ကလစ်ပြီး မိမိ သီဆိုလိုသော သီချင်းအားရွေးချယ်ရပါမယ်။

နောက်ထပ်တဆင့် အပေါ်မှာ ပြထားတဲ့ နေရာကို ထပ်ကလစ်ပါ... မိမိ အသံနှင့်သီဆို နိုင်ရန်အတွက် ထပ်မံကလစ်ရပါ့မယ် ..... ဒါဆို အောက်က ပြထားတဲ့ ပုံ ကိုရောက်သွားမှာပါ။

ဒီအဆင့်မှာ မိမိ အသံနှင့် သီဆိုနိုင်ရန်ဖြစ်ပါတယ်။ ပြထားတဲ့ ၁ မှ ၅ အထိ အဆင့်ဆင့်လုပ်သွားပေးရပါမယ်။ ( သေချာရှင်းပြလိုက်မယ်နော် )
၁။ play ( or ) rewind တခုခုကို ကလစ်ပေးလိုက်ပါ။
၂။ Google camera adapter 1 ကို ကလစ်ဖွင့်ပေးရပါမယ်။
( အထက် နှင့် အောက် က ဟာတွေလဲ သုံးနိုင်ပါသည် )
၃။ Disable camera ကို enable ဖြစ်အောင် ကလစ်ဖွင့်ပေးလိုက်ပါ။
၎။ ForntMic (Realtek Hight Definiti) ကို ကလစ်ပေးပါ .. အောက်မှ volue ကို လိုသလိုချိုန်
ထားနိုင်ပါသည်။
၅။ ပြီလျှင် Start record ကို ကလစ်ပေးလိုက်ပါ .... ဗွီဒီယို စတင်သွားနေပြီး ... မိမိ အသံနှင့် စတင်
စတင်သီဆိုနိုင်ပါပြီး ။
မှတ်ချက် ။ ။ အင်တာနက် ကွန်နက်ရှင်ပေါ်မူတည်ပြီး အသံနှင့် တီးလုံးကွာဟချက် ရှိနိုင်ပါသည်။
အကယ်၍ မရှင်းလင်းတာ ရှိပါက စီဘောက်တွင် မေးထားနိုင်တယ်နော်။
သူငယ်ချင်း များ အားလုံး ကိုယ်ပိုင်အားလပ်ချိုန်လေးမှာ မိမိ အသံနှင့် သီချင်းလေးတွေ သီဆိုရင်း
ပျော်ရွင်နိုင်ကြစေရန် ရည်ရွယ်လျှက် ........
ဒီနေရာလေးမှာလဲ ထပ်ကလစ်ပြီး link ဆီကိုသွားနိုင်ပါသည်။
့
Anonymous says:
:P သွားဆိုကြည့်သေးတယ် ကိုစေတမာန် ရေ...ခရက်တစ် က နဲနဲဘဲပေးတော့ ရတော့ဘူး anyway ကျေးဇူးပါနော် :D